Pages

Friday, September 14, 2012

မြစ်ဆုံဆည် ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့်အခမ်းအနားကို တက်ရောက်ဖို့ ကိုမင်းကိုနိုင် နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ကချင်ပြည်နယ်ကို ရောက်ရှိ

Photo: မြစ်ဆုံဆည် ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့်အခမ်းအနားကို တက်ရောက်ဖို့ အတွက် ကချင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင် နဲ့ ၈၈ မျိုးဆက်  
ကျောင်းသားခေါင်းဆောင်တွေဟာ ဒီကနေ့ မြစ်ဆုံဒေသ အခြေအနေတွေ ကို သွားရောက်လေ့လာခဲ့သလို  စီမံကိန်းကြောင့် နေရာရွှေ့ပြောင်းခံခဲ့ရတဲ့
 အောင်မြေသာ စံပြကျေးရွာကိုလည်း သွားရောက်ခဲ့ပါတယ်။

 ဒေသခံတွေအနေနဲ့ ကျောက်တောင်တွေ တည်ရှိရာနေရာကို  ပြောင်းရွှေ့ခံခဲ့ ရတဲ့အတွက် ထွန်ယက်စိုက်ပျိုး မရတာကြောင့် စားဝတ်နေရေးအခက်အခဲ
 တွေ့ရကြောင်း ၊ ကုမ္ပဏီက ဆောက်လုပ်ပေးထားတဲ့ နေအိမ်တွေဟာလည်း ကျိုးပဲ့ပျက်စီးနေတာတွေ့ခဲ့ရ ကြောင်း ၊ ကလေးတွေရဲ့ ပညာရေးမှာ အခက်အခဲ ရှိတာ တွေ့ရကြောင်း ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိင်က
 ပြောပါတယ်။ 

ဒီခရီးစဉ်မှာ နိုင်ငံရေးအကျဉ်းသားဟောင်း ရွှေတွံတေးဆရာတော်၊  မိုးလေ၀သပညာရှင် ဒေါက်တာ ဦးထွန်းလွင် နဲ့ ရေအရင်းအမြစ် ပညာရှင်
 ဒေါက်တာ ခင်နီနီသိန်း တို့လည်း လိုက်ပါလာကြောင်း သိရပါတယ်။

 ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ မနက်ဖြန် ကျင်းပမယ့်  မြစ်ဆုံဆည်ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့် အခမ်းအနားမှာ ကချင်စစ်ဘေးဒဏ်ခံပြည်သူတွေအတွက် အလှုငွေ သိန်း ၂၀၀ လှူဒါန်းမယ်လို့လည်း သိရပါတယ်။

မြစ်ဆုံဆည် ရပ်ဆိုင်းခြင်း တစ်နှစ်ပြည့်အခမ်းအနားကို တက်ရောက်ဖို့ အတွက် ကချင်ပြည်နယ်ကို ရောက်ရှိ
နတဲ့ ကိုမင်းကိုနိုင် နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ဒီကနေ့ မြစ်ဆုံဒေသ အခြေအနေ
တွေ ကို သွားရောက်လေ့လာခဲ့သလို စီမံကိန်းကြောင့် နေရာရွှေ့ပြောင်းခံခဲ့ရတဲ့ အောင်မြေသာ စံပြကျေးရွာ
ကိုလည်း သွားရောက်ခဲ့ပါတယ်။ဒေသခံတွေအနေနဲ့ ကျောက်တောင်တွေ တည်ရှိရာနေရာကို ပြောင်းရွှေ့ခံခဲ့ ရတဲ့အတွက် ထွန်ယက်စိုက်ပျိုး မရတာကြောင့် စားဝတ်နေရေးအခက်အခဲ တွေ့ရကြောင်း ၊ ကုမ္ပဏီက ဆောက်လုပ်ပေးထားတဲ့ နေအိမ်
တွေဟာလည်း ကျိုးပဲ့ပျက်စီးနေတာတွေ့ခဲ့ရ ကြောင်း ၊ ကလေးတွေရဲ့ ပညာရေးမှာ အခက်အခဲ ရှိတာ တွေ့
ရကြောင်း ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိင်က ပြောပါတယ်။

ဒီခရီးစဉ်မှာ နိုင်ငံရေးအကျဉ်းသားဟောင်း ရွှေတွံတေးဆရာတော်၊ မိုးလေ၀သပညာရှင် ဒေါက်တာ ဦးထွန်း
လွင် နဲ့ ရေအရင်းအမြစ် ပညာရှင် ဒေါက်တာ ခင်နီနီသိန်း တို့လည်း လိုက်ပါလာကြောင်း သိရပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ မနက်ဖြန် ကျင်းပမယ့် မြစ်ဆုံဆည်ရပ်ဆိုင်းခြင်းတစ်နှစ်
ပြည့် အခမ်းအနားမှာ ကချင်စစ်ဘေးဒဏ်ခံပြည်သူတွေအတွက် အလှုငွေ သိန်း ၂၀၀ လှူဒါန်းမယ်လို့လည်း သိရပါတယ်။
 
 
RFA (Burmese)

0 comments:

Post a Comment