မြန်မာနိုင်ငံမှာရှိတဲ့
အစိုးရပိုင်ဘဏ်တွေနဲ့ ပုဂ္ဂလိကဘဏ် (၁၇) ခု ပူးပေါင်းပြီး ရင်းနှီးငွေ
အမေရိကန်ဒေါ်လာ
လေးသန်း မတည် ထူထောင်ထားတဲ့ Myanmar Payment Union ကနေ
Debit Card ဘဏ်ကဒ် မိတ်ဆက်ပွဲအ
ခမ်းအနားကို ရန်ကုန်မြို့မှာရှိတဲ့
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှာ ဒီကနေ့ မနက်ပိုင်း က ကျင်းပခဲ့ပါတယ်။
အမ်ပီယူကဒ်တွေကို လက်တလောမှာ Debit Card ဘဏ်ကတ် အဖြစ်
စတင်အသုံးပြုနိုင်မှာဖြစ်ပြီး မကြာခင် Credit Card အကြွေးဝယ်ကဒ် တွေ အဖြစ်
ဆက်လက်ထုတ်ဝေတဲ့အခါ Master ၊ Visa ၊ American Express ၊ JCB ၊ China Union
Pay Card စတဲ့ နိုင်ငံတကာအကြေးဝယ် ကဒ်ပြားတွေ နဲ့လည်း
ချိတ်ဆက်သုံးနိုင်မယ်လို့
ပြောပါတယ်။
အမ်ပီယူ Dabit Card တွေကို လက်ရှိနိုင်ငံတစ်ဝန်းမှာ တပ်ဆင်ထားတဲ့ အေတီအမ် ငွေထုတ်စက်ပေါင်း ၁၂၇
အမ်ပီယူ Dabit Card တွေကို လက်ရှိနိုင်ငံတစ်ဝန်းမှာ တပ်ဆင်ထားတဲ့ အေတီအမ် ငွေထုတ်စက်ပေါင်း ၁၂၇
လုံးမှာ အသုံးပြုနိုင်မှာဖြစ်ပြီး၊
များမကြာခင်မှာ နိုင်ငံတကာမှာတပ်ဆင်ထားတဲ့ ငွေထုတ်စက်တွေမှာပါအသုံး
ပြုနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ မြန်မာပေးမန့်ယူနီယံ အတွင်းရေးမှူး အေဂျီဒီဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲ
မင်းဦးက ပြောပါတယ်။
ဒီကနေ့ စတင်မိတ်ဆက်လိုက်တဲ့ အမ်ပီယူ debit ကဒ်တွေကို ရန်ကုန်၊မန္တလေးနဲ့ နေပြည်တော်က ဈေးဝယ်
ဒီကနေ့ စတင်မိတ်ဆက်လိုက်တဲ့ အမ်ပီယူ debit ကဒ်တွေကို ရန်ကုန်၊မန္တလေးနဲ့ နေပြည်တော်က ဈေးဝယ်
စင်တာတွေနဲ့ ဟိုတယ်လ်တွေမှာပါ ငွေပေးချေနိုင်မယ်လို့
သိရပါတယ်။
အမ်ပီယူကဒ်နဲ့ အေတီအမ်စက်တွေကနေ ငွေထုတ်တဲ့အခါ တစ်ရက်ကို အနည်းဆုံးကျပ်တစ်ထောင်ကနေ အများဆုံး ကျပ်ဆယ်သိန်းအထိ ထုတ်ယူဖို့ ကန့်သတ်ထားတယ်လို့လည်း သိရပါတယ်။
အမ်ပီယူကဒ်နဲ့ အေတီအမ်စက်တွေကနေ ငွေထုတ်တဲ့အခါ တစ်ရက်ကို အနည်းဆုံးကျပ်တစ်ထောင်ကနေ အများဆုံး ကျပ်ဆယ်သိန်းအထိ ထုတ်ယူဖို့ ကန့်သတ်ထားတယ်လို့လည်း သိရပါတယ်။
RFA (Burmese)
1 comments:
It's really a great and useful piece of information. I'm sаtiѕfied that you јuѕt shared this helpful infοrmation with us.
Please stаy us informed like thіѕ.
Thаnks fοr ѕhаring.
Mу ωeb-sіtе; proactive acne
Post a Comment