Pages

Friday, September 14, 2012

KIA နှင့် လွယ်ဂျယ်အနီး တိုက်ပွဲတွင် အစိုးရတပ် ၂၆ ဦးကျ

Photo: KIA Masat (3) Dap Ba Ginra, Pang Shan 
=========================
Kaw Myen Hte KIA Gasat Poi Byin.
=====================
2012 ning September (12) ya shani, KIA 
Masat (3) Dap Ba ginra, Byeng Wai lawu 
na Pang Shan mare kaw, Myen Hpyen 
Dap, Dap Nu (88) na hpyen hpung ni hte 
KIA Masat (3) Dap Ba kata na hpyen 
hpung ni gasat poi byin ai lam chye lu ai. 
Gasat poi byin ai shara hta hpyen lahkawng 
maga si, hkala ai lam hpe hkrak n chye lu ai.

Man Maw kaw nna lung wa ai, Myen Hpyen 
Dap, hpyen hpung ni hte hpyen Mawdaw (6),
 Sang Gang de htu lung wa ai hpe KIA Masat 
(15) Dap Dung na hpyen hpung ni (11-9-2012) 
ya shani hkying (11:15)am aten daram hta 
Wa Wang hte Kum Bang kaw hkap gasat ai 
hta Myen Dap maga na marai (4) hkala ai 
lam chye lu ai.
(source-kachinnet)

ကချင်ပြည်နယ်တရုတ်မြန်မာနယ်စပ်ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)တပ်မဟာ(၃) နယ်မြေတွင် မြန်မာ အစိုးရတပ်ဖွဲ့နှင့်ယမန်နေ့တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ အစိုးရ စစ်တပ်ဘက် ၂၆ ဦး သေဆုံးခဲ့ကြောင်း KIA ကပြောသည်။
KIA တပ်မဟာ (၃) နယ်မြေ ဗန်းမော်-လွယ်ဂျယ် သွားလမ်းရှိ ပန်ရှန်ကျေးရွာအနီးတွင် စက်တင်ဘာလ ၁၂ ရက် ယမန်နေ့ မနက် ၆ နာရီမှ နာရီဝက်ကြာ အစိုးရစစ်တပ် ခလရ (၂၃၇) တပ်ဖွဲ့နှင့် KIA တပ်ရင်း (၁) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့စဉ် ကျဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း KIA အရာရှိများ ပြောသည်။
 
ထိုသို့ တိုက်ပွဲ ဖြစ်ပွားသည် လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ဖြစ်ပွားချိန် KIA ဘက်မှ RPG ဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်ရာ အစိုးရဘက်မှ ၂၆ ဦးသေဆုံးပြီး တပ်ရင်းမှူး ဒဏ်ရာ ရခဲ့ကြောင်း KIA အရာရှိတစ်ဦး ပြောသည်။

ထို့အပြင် စက်တင်ဘာလ ၁၁ ရက်နေ့တွင်လည်း ဖားကန့်ေ ကျာက်စိမ်းမှော် ဒေသရှိ မှော်ဝမ်းကလေးတွင် ညနေ ၆ နာရီမှ ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်ဘက်မှ ၆ ဦးသေဆုံးပြီး ဒဏ်ရာ ရရှိသူများလည်း ရှိကြောင်း ဖားကန့် ဒေသခံများ ပြောသည်။
 
ထို့အတူ တချိန်ထဲတွင် ဖားကန့်ဒေသ ဆွတ်ငိုင်ကောင် (Sut Ngai Kawng) ကျောက်စိမ်းမှော်တွင် အစိုးရ စစ်တပ်ဖွဲ့နှင့်KIAကြားဖြစ်ပွားသောတိုက်ပွဲတွင်အစိုးရဘက်မှ၎ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများ ပြော
သည်။
 
ဆက်လက်၍ကချင်ပြည်နယ်တွင်းကချင်လွတ်မြောက်ရေးတပ်များအခြေစိုက်ရာနေရာများတွင် အစိုးရတပ်
များ ထိုးစစ်ဆင် ၀င်ရောက်လာဆဲဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်သည်။
 
ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment