Pages

Sunday, April 20, 2014

ထိုင်းရောက်မြန်မာလုပ်သားများ ထိုင်းရဲငွေညှစ်ခြင်းကို မကျေနပ်၍ အဝေးပြေးကားလမ်းခေတ္တပိတ် ဆန္ဒပြ

RangonNewsDaily: April . 20 .2014
ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၄၅ ဦး လိုက်ပါလာသည့် ကားသုံးစီးက မြို့အ၀င်ဂိတ်များမှ တစ်ဆင့် အဝေးပြေးလမ်းမပေါ်တွင် ပိတ် ရပ်ကာ ထိုင်းရဲများ ပိုက်ဆံ တောင်းသည်ကို မကျေနပ်၍ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) မှ သတင်းရရှိသည်။

သင်္ဘောမှောက်မှုနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ တောင်ကိုရီးယား သင်္ဘောသားများ


RangonNewsDaily: April . 20 .2014
တောင်ကိုရီးယားနိုင်ငံ မှာဖြစ်ပွားခဲ့တဲ့ ခရီးသည် ကြိုပို့သင်္ဘော နစ်မြုပ်ခဲ့မှု နဲ့ပတ်သက်ပြီး သင်္ဘောကပ္ပတိန်နဲ့ သင်္ဘောသားနှစ်ဦးကိုတောင်ကိုရီးယား ကမ်းခြေစောင့်တပ်တွေက ဖမ်းဝရမ်း ထုတ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ 

မိထ္တီလာဒုက္ခသည်စခန်း ရေနဲ့ အိမ်သာ အခက်အခဲတွေ့


RangonNewsDaily: April . 20 .2014
မိထ္တီလာမြို့ပေါ်ရှိ ရေအရင်းအမြစ်ရုံး ဒုက္ခသည်စခန်းမှာ သောက်သုံးရေ မလုံလောက်တာနဲ့ အိမ်သာတွေလျှံထွက်နေတာကြောင့် စခန်းနေမိသားစုဝင်တွေ အခက်အခဲ တွေ့နေကြတယ်လို့ စခန်းတာဝန်ခံ ဦးအောင်ဌေးက ပြောပါတယ်။

ဆူးလေဘုရားလမ်း မီးရထားဂုံးကျော်တံတားနံရံများပေါ် ပုဒ်မများကြက်ခြေခတ်ရေး ခြစ်


RangonNewsDaily: April . 20 .2014
ရန်ကုန်မြို့ လည် ဆူးလေဘုရားလမ်း မီးရထားဂုံးကျော်တံတားအုတ်တံတိုင်းနံရံထက်တွင်ယနေ့ ညနေပိုင်းကအခြေခံဥပဒေ
ပုဒ်မ၅၉စ ပုဒ်မ၅၉ဃ ပုဒ်မ၄၃၆ တို့ ကိုကြက်ခြေခတ်ရေးခြစ်သွားခဲ့ကြကြောင်းသိရသည်။

မွစ်လင်မ် အမျိုးသမီးတစ်ဦး၏ အဆင့်အတန်း


RangonNewsDaily: April . 20 .2014
ကျွန်တော် ချစ်ခင်လေးစားရတဲ့ညီမငယ်များ၊အစ်မများ အစ္စလာမ် သာသနာဟာ အမျိုးသမီးတွေအပေါ်မှာ ဘယ်လောက်
အခွင့်အရေးပေးထားလည်းဆိုရင် ကမ္ဘာမှာ တခြားဘယ်ဘာသာမှ မပေးထားတဲ့ ဒွန္နယာ နှင့် အာခိရသ် နှစ်ဌာန
စလုံးအတွက် အပြည့်အဝ အခွင့်အရေးနှင့် ကြီးမားတဲ့ အဆင့်အတန်း ဂုဏ်ထူးတွေကိုပါ ချီးမြှင့်ထားပါတယ်။ 

ကေအိုင်အေနှင့် ဧပြီလအတွင်းတိုက်ပွဲများတွင် တပ်မတော်မှ အရာရှိနှစ်ဦးအပါအ၀င်ကိုးဦးကျဆုံး

RangonNewsDaily: April . 20 .2014
 ကေအိုင်အေနှင့် ဧပြီလ အတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲ များတွင်  မြန်မာ့တပ်မတော်မှ အရာရှိနှစ်ဦးအပါအ၀င် ကိုးဦးကျ ဆုံးပြီး၁၇ဦးဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၉ရက်တွင် သတင်းထုတ်ပြန် သည်။ဆုံးသွားသူများတွင် အ ရာရှိနှစ်ဦးနှင့် စစ်သည် ခုနစ်ဦးပါ ၀င်ပြီး ဒဏ်ရာရရှိသူများမှာ အရာ ရှိတစ်ဦးနှင့် စစ်သည် ၁၆ဦးဖြစ် ကြောင်း သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။သို့သော် တပ်မတော်မှ ကျဆုံးသော ဗိုလ် မှူးတစ်ဦးသည် ဧပြီ၎ရက်တွင် ကေအိုင်အေမှ ချောင်းမြောင်းပစ် ခတ်၍ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မန္တလေးဈေးချိုဟိုတယ်ဒုတိယအထပ် မီးလောင်မှုဖြစ်ပွား

RangonNewsDaily: April . 20 .2014
မန္တလေးဈေးချိုဟိုတယ်ဒုတိယအထပ်တွင် ယနေ့နံနက်အစောပိုင်း ၃နာရီ၁၅မိနစ်တွင် မီးလောင်မှုဖြစ်ပွားရာလူ၆ဦးဒဏ်ရာရကြောင်းသိရသည်။ ဟိုတယ်ငွေစာရင်းဌာနရှိကွန်ပြူတာအပူလွန်ကဲရာမှစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီးနံနက်၎နာရီ၃၀မိနစ်တွင်မီးငြိမ်းသွားခဲ့သည်။

ဦးဝင်းတင်တို့ကို နေအိမ် ပြန်ပေးပါ ~


RangonNewsDaily: April . 20 .2014
ဦးဝင်းတင် အပါအ၀င် နိုင်ငံရေးသမား အများအပြားကို ဗိုလ်ချုပ်ကြီးတွေ ထောင်ထဲ ထည့်လိုက်ချိန်မှာ ရန်ကုန်မြို့က သူတို့ရဲ့ နေအိမ် တိုက်ခန်းတွေလည်း ရှာဖွေရေးလုပ်ခံရ၊ ပစ္စည်းတွေ အသိမ်းခံရ၊ အိမ်မှာ ရှိသူတွေ မောင်းထုတ်ခံရပါတယ်။

ဧပြီ ၁၉ ရက် ညပိုင်းက မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့် နေအိမ်အတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွား

ဧပြီ ၁၉ ရက် ညပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နေအိမ်အား တွေ့ရစဉ်
RangonNewsDaily: April . 20 .2014
ဧပြီ ၁၉ ရက် ညပိုင်းက မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်နေအိမ်အတွင်း၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရ
သည်။

ဒိုင်လူကြီးများကို ထိုးနှက်လိုက်သည့် မော်ရင်ဟို


RangonNewsDaily: April . 20 .2014
ချယ်ဆီး မန်နေဂျာ ဂျို့စ် မော်ရင်ဟိုဟာ အိမ်ကွင်းမှာ ဆန်းဒါးလန်းအသင်းကို ရှုံးနိမ့်ပြီးနောက်ပိုင်း ကွင်းလယ်ဒိုင် ဖြစ်သူ မိုက်ဒိန်းနှင့် ဒိုင်လူကြီးများ အကြီးအကဲ မိုက်ရီလေးတို့ကို ထိုးနှက်လိုက်သည့် ထေ့ငေါ့သည့် စကားလုံးများ ပြောကြားခဲ့သည်။
မော်ရင်ဟိုဟာ သတင်းသမားများ၏ မေးခွန်းများကို မဖြေဆိုပဲ တိုတိုတုတ်တုတ် ပြောချင်သည့် အရာများကို ပြောကြားသွားခဲ့သည်။ ကွင်းလယ်ဒိုင်များအနေနှင့် ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံပြိုင်ဖက်များအပေါ် လိုသလို ကြိုးကိုင်ခဲ့သည်ဟု သဘောပါသည့် စကားလုံးများဖြင့် ထေ့ငေါ့လိုက်ခြင်း ဖြစ်သည်။

မန်းရတနာပုံ လေကြောင်းလိုင်းဖြင့် လိုက်ပါလာသူ ခရီးသည် တာချီလိတ် လေဆိပ်တွင် ပျောက်ဆုံး

RangonNewsDaily: April . 19 .2014
မန္တလေးအခြေပြုပြီး ပြည်တွင်းခရီးစဉ်များကို ပြေးဆွဲလျက်ရှိသော မန်းရတနာပုံ လေကြောင်းလိုင်း၏ ဧပြီ ၁၂ ရက်နေ့ (ရန်ကုန်-မန္တလေး-ညောင်ဦး-ကျိုင်းတုံ-တာချီလိတ်-ဟဲဟိုး ခရီးစဉ်တွင်) ကျိုင်းတုံမှ လိုက်ပါလာသူ ခရီးသည် အမျိုးသားတစ်ဦးသည် ခရီးဆုံးအထိ လိုက်ပါစီးနင်းခြင်း မရှိဘဲ တာချီလိတ် လေဆိပ်အရောက် လေယာဉ် ခေတ္တဆင်းသက် ရပ်နားစဉ် ပျောက်ဆုံးခဲ့ကြောင်း အဆိုပါ လေကြောင်းလိုင်းနှင့် တာချီလိတ်လေဆိပ် ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

နိုဘယ်လ်ဆုရှင် ကမ္ဘာကျော် စာရေးဆရာကြီး ဂါစီယာမားကွက်ဇ် ကွယ်လွန်


RangonNewsDaily: April . 19 .2014
ကိုလံဘီယာလူမျိုး နိုဘယ်လ်ဆုရှင် စာရေးဆရာကြီး ဂါဘရီယယ် ဂါစီယာ မားကက်ဇ်သည် အသက် ၈၇ နှစ် အရွယ်၌ မက္ကဆီကိုနိုင်ငံတွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း ၎င်းမိသားစု ပြောဆိုချက်အရ BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ တစ်ဦးတည်းမူပိုင်ပြသခွင့် SKY NET ရရှိ


RangonNewsDaily: April . 19 .2014
ရန်ကုန်- ဇွန်လတွင် ကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲ စဉ်များ မြန်မာနိုင်ငံတွင် တိုက်ရိုက် ထုတ်လွှင့်ပြသခွင့်ကို SKY NET က တစ်ဦးတည်းမူပိုင်ရရှိထားပြီး ပွဲစဉ်အများစုကို ၎င်း၏ အခပေး ရုပ်သံလိုင်းများတွင် ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သတင်း ရရှိသည်။