Pages

Sunday, April 20, 2014

ကေအိုင်အေနှင့် ဧပြီလအတွင်းတိုက်ပွဲများတွင် တပ်မတော်မှ အရာရှိနှစ်ဦးအပါအ၀င်ကိုးဦးကျဆုံး

RangonNewsDaily: April . 20 .2014
 ကေအိုင်အေနှင့် ဧပြီလ အတွင်း ဖြစ်ပွားခဲ့သောတိုက်ပွဲ များတွင်  မြန်မာ့တပ်မတော်မှ အရာရှိနှစ်ဦးအပါအ၀င် ကိုးဦးကျ ဆုံးပြီး၁၇ဦးဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁၉ရက်တွင် သတင်းထုတ်ပြန် သည်။ဆုံးသွားသူများတွင် အ ရာရှိနှစ်ဦးနှင့် စစ်သည် ခုနစ်ဦးပါ ၀င်ပြီး ဒဏ်ရာရရှိသူများမှာ အရာ ရှိတစ်ဦးနှင့် စစ်သည် ၁၆ဦးဖြစ် ကြောင်း သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။သို့သော် တပ်မတော်မှ ကျဆုံးသော ဗိုလ် မှူးတစ်ဦးသည် ဧပြီ၎ရက်တွင် ကေအိုင်အေမှ ချောင်းမြောင်းပစ် ခတ်၍ ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အစိုးရတပ်နှင့် ကေအိုင်အေ တို့ကြား ဧပြီ ၁၀ရက်မှစတင်၍ ရှစ်ရက်ကြာတိုက်ပွဲများပြင်းထန် စွာ ပြန်လည်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ စဖြစ်သည့်ရက်မှ ၁၀ရက်အကြာ တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ တရားဝင်သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲများသည် ပန်ခမ်း နယ်မြေ၊ မန်ဝိန်းကြီးဒေသနှင့်မိုး မောက်မြို့နယ်များအတွင်းဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၄ရက်မှ ၁၃ရက်အထိ တိုက်ပွဲနှင့်ထိတွေ့ မှုပေါင်း ၂၂ကြိမ်နှင့် မိုင်းခွဲတိုက် ခိုက်ခံရမှု ငါးကြိမ်  ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ဧပြီလအတွင်းဖြစ်ပွားခဲ့ သော တိုက်ပွဲများအတွင်း ကေ အိုင်အေဘက်မှ အလောင်း ၁၄  လောင်းကို သိမ်းဆည်းရရှိခဲ့ ကြောင်း ကာကွယ်ရေးဝန်ကြီးဌာ နထုတ်ပြန်ချက်တွင်ပါရှိသည်။
ကေအိုင်အေဘက်ကမူ တစ် ကျော့ပြန်ဖြစ်ပွားခဲ့သော တိုက်ပွဲ များမှ အစိုးရတပ်ဘက်က သစ် မှောင်ခိုမှုရှင်းလင်းခြင်း၊ သန်း ခေါင်စာရင်းလုံခြုံရေးဆောင်ရွက် ခြင်းတို့ကို အကြောင်းပြ၍နယ်မြေ စိုးမိုးမှုပြုလုပ်ခြင်းသာဖြစ်ကြောင်းတုံ့ပြန်ပြောဆိုသည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်မူ တပ်မတော် အနေဖြင့် နိုင်ငံတော်သမ္မတ၏ ၂၀၁၁ခုနှစ် ဒီဇင်ဘာ ၁၀ရက် ညွှန်ကြားချက်အတိုင်းကေအိုင် အေနှင့်တစ်ဖက်နှင့်တစ်ဖက်ယုံ ကြည်မှုရရှိစေရန် ခုံခံကာကွယ်ရုံ မှအပ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း များ လုံးဝမပြုလုပ်ဘဲ ဆက်သွယ် ရေးလမ်းကြောင်းများ   တစ် လျှောက် လုံခြုံရေးကိုသာ အဓိကဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။
ထို့အပြင် ဧပြီလအတွင်း ကေအိုင်အေ၏ ပွိုင့် ၇၉၂မိုင် ဆက်ကောင်းစခန်းနှင့် ပွိုင့် ၄၀၆ ဒဂေါ်မကာအွမ်စခန်းများကို တပ် မတော်က ရှင်းလင်းခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
လတ်တလောဖြစ်ပွားခဲ့ သော တိုက်ပွဲများနှင့်ပတ်သက်၍  ‘‘နှစ်ဖက်စလုံးကို ယုံကြည်ပြီးငြိမ်း ချမ်းရေးလုပ်နေချိန်မှာ မမျှော် လင့်တာတွေက ဖြစ်ဖြစ်လာတော့ ရှေ့ဆက်ခန့်မှန်းရခက်နေပါ တယ်’’ဟု ငြိမ်းချမ်းရေးအကျိုး ဆောင်အဖွဲ့(PCG)မှ ဦးအင်ရှန် ဆန်အောင်ကပြောသည်။
ကေအိုင်အေသတင်းရင်း မြစ်များကမူ ယခုဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ၎င်းတို့နယ် မြေအချို့ကို နောက်ဆုတ်ပေးခဲ့ရ သော်လည်း အစိုးရတပ်ဘက်မှ ထိခိုက်ကျဆုံးမှုမှာ ယခုသတင်း ထုတ်ပြန်ချက်တွင်ပါရှိသည့် အ ရေအတွက်ထက်များပြားနိုင် ကြောင်းပြောသည်။
ထို့အပြင် တရုတ်နယ်စပ်ပန် ခမ်းနယ်မြေအတွင်းဖြစ်ပွားခဲ့ သော တိုက်ပွဲများသည် နယ်စပ် မျဉ်းမှ မီတာလေးထောင်အထက် ကွာဝေးသည့်နေရာများတွင်ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲများ ကြောင့်နှစ်နိုင်ငံသံတမန်ရေးရာ ကိစ္စရပ်များကို ထိခိုက်မှုမရှိ ကြောင်းလည်း ကာကွယ်ရေးဝန် ကြီးဌာနထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။
အစိုးရနှင့် ကေအိုင်အေတို့ ကြား လတ်တလောပြန်လည်ဖြစ် ပွားခဲ့သောတိုက်ပွဲများကြောင့် လ ဂတ်ယန်ဒုက္ခသည်စခန်းအပါအ အ၀င်ကျေးရွာ ၁၅ရွာခန့်မှ ဒေသ ခံပြည်သူငါးထောင်ကျော် ထွက် ပြေးတိမ်းရှောင်နေရပြီး အရေး ပေါ်အကူအညီများလိုအပ်နေ ကြောင်း သတင်းရရှိသည်။
ဧပြီလ ၁၀ရက်မှစတင်၍ တစ်ကျော့ပြန်  ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ ဧပြီလ ၁၈ရက်မှ စတင်၍ ပြန်လည်ငြိမ်သက်သွား ပြီဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ သတင်းရရှိသည်။
7days News , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment