Pages

Sunday, April 20, 2014

သင်္ဘောမှောက်မှုနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ တောင်ကိုရီးယား သင်္ဘောသားများ


RangonNewsDaily: April . 20 .2014
တောင်ကိုရီးယားနိုင်ငံ မှာဖြစ်ပွားခဲ့တဲ့ ခရီးသည် ကြိုပို့သင်္ဘော နစ်မြုပ်ခဲ့မှု နဲ့ပတ်သက်ပြီး သင်္ဘောကပ္ပတိန်နဲ့ သင်္ဘောသားနှစ်ဦးကိုတောင်ကိုရီးယား ကမ်းခြေစောင့်တပ်တွေက ဖမ်းဝရမ်း ထုတ်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ 
အင်ချွန်းဆိပ်ကမ်းကနေ ဂျယ်ဂျူကျွန်းကို ပြေးဆွဲတဲ့ ခရီးသည်တင် ကြိုပို့ယာဉ် နစ်မြုပ်မှုနဲ့ ပတ်သက်ပြီး တာဝန်ရှိတယ်လို့ ယူဆရတဲ့ သင်္ဘောကပ္ပတိန်နဲ့ သင်္ဘောသားနှစ်ဦး တို့ကိုဖမ်းဝရမ်း ထုတ်လိုက်ပြီ ဖြစ်တယ်လို့ တောင်ကိုရီးယား ကမ်းခြေစောင့်တပ်တွေက ပြောကြားထားပါတယ်။ 

ဒီအမှုနဲ့ပတ်သက်တဲ့ အကြောင်းအရာ အချက်အလက် အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသေးပေမယ့် သင်္ဘောကပ္ပတိန်ဟာ ခရီးသည်တွေ သေဆုံးမှာကို လျစ်လျူရှုမှုနဲ့ တရားစွဲဆို ခံနိုင်ရဖွယ် ရှိနေပြီး သင်္ဘောသားနှစ်ဦးကတော့ လုပ်ငန်းပိုင်းဆိုင်ရာ မကျွမ်းကျင်မှုတွေနဲ့ တရားစွဲဆို ခံရနိုင်တယ်လို့ တောင်ကိုရီးယားနိုင်ငံပိုင် ယုန်ဟတ်သတင်း အေဂျင်စီက သတင်းထုတ်ပြန်ထားပါတယ်။ 
::
ပူးပေါင်း စုံစမ်းစစ်ဆေးမှု တွေအရ သင်္ဘောစတင် နစ်မြုပ်တဲ့ အချိန်တုန်းက သင်္ဘောမောင်းခဲ့တဲ့သူဟာ အငယ်တန်း အရာရှိတစ်ယောက် ဖြစ်တယ်လို့ ရဲတွေနဲ့ တရားလိုတွေက သောကြာနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။ 

ဒါ့အပြင် အဲ့ဒီအငယ်တန်း အရာရှိဟာ အသက် (၂၀)အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး သင်္ဘောမှာ အလုပ်ဝင်တာ(၅)လသာ ရှိသေးပေမယ့် လုပ်သက်တစ်နှစ်တော့ ရှိခဲ့ဖူးတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
::
တောင်ကိုရီးယားနိုင်ငံရဲ့ သမုဒ္ဒရာနဲ့ ရေလုပ်ငန်း ၀န်ကြီးဌာနကလည်း မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ ပင်လယ်ရေကြောင်း မတော်တဆမှုတွေကို သင်္ဘောသား ဥပဒေအညီ ဖြေရှင်းဖို့ လိုအပ်ကြောင်း ပြောကြားထားပါသည်။

Mrtv-4 ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time