Pages

Sunday, April 20, 2014

မွစ်လင်မ် အမျိုးသမီးတစ်ဦး၏ အဆင့်အတန်း


RangonNewsDaily: April . 20 .2014
ကျွန်တော် ချစ်ခင်လေးစားရတဲ့ညီမငယ်များ၊အစ်မများ အစ္စလာမ် သာသနာဟာ အမျိုးသမီးတွေအပေါ်မှာ ဘယ်လောက်
အခွင့်အရေးပေးထားလည်းဆိုရင် ကမ္ဘာမှာ တခြားဘယ်ဘာသာမှ မပေးထားတဲ့ ဒွန္နယာ နှင့် အာခိရသ် နှစ်ဌာန
စလုံးအတွက် အပြည့်အဝ အခွင့်အရေးနှင့် ကြီးမားတဲ့ အဆင့်အတန်း ဂုဏ်ထူးတွေကိုပါ ချီးမြှင့်ထားပါတယ်။ 
ကျနော် အနေနဲ့ အခု အာခိရသ်မှာပေးမယ့်အလွန့်အလွန်ကြီးမားတဲ့ အဓိကအချက်တွေကိုဖော်ပြပေးပြီး အစ္စလာမ့်အမျိုးသမီးတစ်ယောက်ဖြစ်ရခြင်းအပေါ် ဂုဏ်ယူစေချင်ပါသည်။
 
အစ္စလာမ်ဘာသာမှာမွစ်လင်မ်အမျိုးသမီးတွေရဲ့ အဆင့်အတန်းကဘယ်လောက် ကြီးမားလည်းဆိုရင် ...အကြင်
အမျိုးသမီးက သမီးတစ်ယောက်ရဲ့ အရွယ်မှာဆိုရင် သူမရဲ့ ဖခင်ကို ဂျန္နသ်ရဲ့ တံခါးကို ဖွင့်ပေးသူတစ်ယောက်ဖြစ်ပြီး ...

အကြင်အမျိုးသမီးက ကြင်ယာဇနီးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် သူ့ရဲ့ လင်ယောက်ကျား အတွက် ဒီးန် သာသာနာ
ရဲ့တစ်ဝက်ကို ဖြည့်ဆည်းပေးသူတစ်ယောက်ဖြစ်ပြီး ....

အကြင်အမျိုးသမီးကပဲ မိခင်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဂျန္နသ် သုခဘုံက သူမရဲ့ ခြေဖဝါးအောက်ကို ရောက်ရှိ
သွားပါတယ်။

ဒီလောက်ကြီးမားတဲ့အဆင့်အတန်းကို ဘယ်ဘာသာ ဘယ်လူမှုအဖွဲ့အစည်း တွေပေးထားသလဲး ?

အဲ့ဒါ အစ္စလာမ်ကပေးတဲ့ အမျိုးသမီးအခွင့်အရေး အမျိုးသမီးတွေရဲ့ ဂုဏ်ထူး ၊ ဘွဲ့ တွေပဲဖြစ်ပါတယ်။

ယာအလ္လာဟ် မွစ်လင်မ်အမျိုးသမီးအားလုံးကိုမိမိတို့ရဲ့ တန်ဖိုးကို သိရှိနားလည်ပြီး ဂုဏ်သိက္ခာရှိစွာ နှင့်ကြီးမား
တဲ့အဆင့်အတန်းတွေအပေါ် တာဝန်ကျေပွန်နိုင်စွမ်းပေးသနားတော်မူပါစေ။အာမီးန်

Karzaymar Hashami 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment