Pages

Wednesday, November 13, 2013

အထင်ကရပုဂ္ဂိုလ်ကြီး များ၏အုတ်ဂူတွေကို ထိန်းသိမ်းပေးသင့်ကြောင်း ဆောင်းဦးလှိုင်ပြော

Photo: အထင်ကရပုဂ္ဂိုလ်ကြီး များ၏အုတ်ဂူတွေကို 
ထိန်းသိမ်းပေးသင့်ကြောင်း ဆောင်းဦးလှိုင်ပြော 
Wednesday, November 13, 2013

နာရေးကူညီမှုအသင်း (ရန်ကုန်)အနေနဲ့ဘဘဦးသု ခရဲ့ အုတ်ဂူကို သွားရောက်ပြီး နှစ်စဉ်သန့်ရှင်းရေးပြုလုပ်ပေး လျက်ရှိပါတယ်။ဘဘဦးသုခက နာရေးကူညီမှုအသင်း (ရန် ကုန်)ဖြစ်တည်လာဖို့အတွက် အုတ်မြစ်ချပေးခဲ့တဲ့နာယက ပုဂ္ဂိုလ်ကြီးလည်းဖြစ်ပါတယ်။ နာရေးကူညီမှုအသင်း(ရန် ကုန်)ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဆောင်း ဦးလှိုင်အနေနဲ့ လည်းဘဘ ဦးသုခရဲ့အုတ်ဂူသန့်ရှင်းရေး လုပ်ဆောင်ရာမှာလိုက်ပါ ကူ ညီ လုပ်ဆောင်ပေးခဲ့ပါတယ်။

“ကျွန်တော်တို့တိုင်း ပြည် ရဲ့သမိုင်းမှာတကယ်ကို အထင် ကရပေးဆပ်ခဲ့ကြတယ်။အများ ပြည်သူတွေကလည်း လေးစား ကြတဲ့ ပုဂ္ဂိုလ်တွေရှိခဲ့ဖူးတယ်။ အခုတော့သူ တို့ကကွယ်လွန် အနိစ္စရောက်ပြီးတော့ သူတို့ရဲ့ အုတ်ဂူတွေပဲအမှတ်တရဖြစ်စရာ ကျန်တော့တယ်။သူတို့ကို အမှတ် တရဖြစ်ပြီးလေးလေးစားစား ဂါရဝပြုနိုင်ဖို့က ချုပ်ငြိမ်း ပြီးသွားပြီဖြစ်တဲ့ကိုယ်ခန္ဓာတွေ လဲ လျောင်းရာဖြစ်တဲ့အုတ်ဂူဗိမာန် တွေကိုသန့်ရှင်းရေးတွေလုပ် ပေးလို့ရတယ်။ထိန်းသိမ်း ပေးလို့ရတယ်။နောက် သူတို့ရဲ့ ဂူဗိမာန်တွေကို လည်း သန့်ရှင်း ရေးလုပ်ပေးခြင်းအားဖြင့် နောင် လာ နောင်သားတွေကို သူတို့ရဲ့ ခံယူချက်တွေ၊သူတို့ရဲ့စေတနာ မေတ္တာသစ္စာတရားတွေကို ပြန်လည်ရှင်းပြခွင့်ရမှာပေါ့။ 

ဥပမာ အုတ်ဂူတွေကချုံနွယ်ပိတ် ပေါင်းတွေဖုံးအုပ်ပြီးဘာမှ မမြင်ရတော့ဘူးဆိုရင်မှတ် တမ်းမှတ်ရာတွေဘာမှပြစရာ မကျန်တော့ဘူးဆိုရင်တော့ ကျွန်တော်တို့ လေးစား အားကျ ရတဲ့ပုဂ္ဂိုလ်ကြီးတွေရဲ့အ ကြောင်း တွေကတဖြည်းဖြည်းမှိန်ဖျော့ ပျောက်ကွယ်စရာတွေအဖြစ် မ ရောက်သွားဖို့တော့လိုပါတယ်။ ကျွန်တော်တို့ နာရေးကူညီမှု အ သင်းအနေနဲ့ လည်းဘဘဦးသုခ ရဲ့ ကွယ်လွန် တဲ့နေ့၊ကွယ်လွန်တဲ့ လပိုင်းတွေမှာ အမှတ်တရလှုပ်ရှားမှုတွေလုပ်ကြတယ်။အဲ့ဒီ အထဲကမှသူ့ရဲ့အုတ်ဂူကို သန့် ရှင်းရေး လုပ်ကြတာဖြစ်ပါ တယ်။ မြင့်မြတ်တဲ့ လူပုဂ္ဂိုလ်ကြီး တွေရဲ့အုတ်ဂူတွေကို ထိန်းသိမ်း စောင့်ရှောက်ပေးသင့်တယ်”လို့ ပြောပြပါတယ်။

လင်းအက္ခရာ
Popular Journal

RangonNewsDaily:: November . 13 .2013
နာရေးကူညီမှုအသင်း (ရန်ကုန်)အနေနဲ့ဘဘဦးသု ခရဲ့ အုတ်ဂူကို သွားရောက်ပြီး နှစ်စဉ်သန့်ရှင်းရေးပြုလုပ်ပေး လျက်ရှိပါတယ်။ဘဘဦးသုခက နာရေးကူညီမှုအသင်း (ရန် ကုန်)ဖြစ်တည်လာဖို့အတွက် အုတ်မြစ်ချပေးခဲ့တဲ့နာယက ပုဂ္ဂိုလ်ကြီးလည်းဖြစ်ပါတယ်။

ရုရှားရေတပ်မှ စစ်ရေယာဉ် ၃ စီး ရန်ကုန်မြို့သို့ ယနေ့ရောက်ရှိ

ရုရှားရေတပ်မှ စစ်ရေယာဉ် ၃ စီး ရန်ကုန်မြို့သို့ ယနေ့ရောက်ရှိ


kolatt(PBDN): November . 13 .2013

ရုရှားရေတပ်မှ စစ်ရေယာဉ် ၃ စီး ရန်ကုန်မြို့ကို ဒီကနေ့ ရောက်လာပါတယ်။ မြန်မာ့တပ်မတော် (ရေ)က ချစ်ကြည်ရေးခရီး လာရောက်တဲ့သူတို့ကို ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သီလ၀ါဆိပ်ကမ်းမှာ ကြိုဆိုခဲ့ကြပါတယ်။
::
ဒီနှစ်ပိုင်းအတွင်း နိုင်ငံတချို့က စစ်သင်္ဘောတွေ မြန်မာပြည်ကို လာခဲ့သလို မြန်မာရေတပ်သားတွေကလည်း ဗီယက်နမ် အပါအ၀င်နိုင်ငံတချို့ကို ရောက်ခဲ့ပါတယ်။

ဒီစစ်သင်္ဘောတွေ ရန်ကုန် လာရောက်ခြင်းဟာ ရုရှရေအတွက် ပထမဆုံး မြန်မာပြည်ခရီးစဉ် ဖြစ်ပါလိမ့်မယ်။
::
အခု ရန်ကုန်မှာ ကမ်းကပ်ထားတဲ့ ဖျက်သင်္ဘော Admiral Vinogradov က အာဖရိကပင်လယ်ဓားပြတွေကျက်စားရာဒေသကို ၂၀၁၁ မှာ သွားရောက်ပြီး လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့ဖူးကြောင်း http://voiceofrussia.com/ သတင်းတပုဒ်မှာ တွေ့ရပါတယ်။

မြန်မာပြည်ကို မရောက်ခင် ဒီသင်္ဘောအုပ်စုဟာ အာရှနိုင်ငံတချို့ကို ရောက်ခဲ့ပုံရပါတယ်။ ဗီယက်နမ်၊ ကိုရီးယား ၀က်ဆိုက်တချို့မှာ ဒီသင်္ဘောပုံနဲ့သတင်းတချို့ကို တွေ့ရပါတယ်။
::
(ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ)
ဧရာဝတီ::-- 

See More News: (www.rangonnewsdaily.blogspot.com)
(ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ)
RangonNewsDaily:: November . 13 .2013
ရုရှားရေတပ်မှ စစ်ရေယာဉ် ၃ စီး ရန်ကုန်မြို့ကို ဒီကနေ့ ရောက်လာပါတယ်။ မြန်မာ့တပ်မတော် (ရေ)က ချစ်ကြည်ရေးခရီး လာရောက်တဲ့သူတို့ကို ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သီလ၀ါဆိပ်ကမ်းမှာ ကြိုဆိုခဲ့ကြပါတယ်။

မိကျောင်းဆွဲခံရသော်လည်း ကံအားလျော်စွာ အသက်မသေခဲ့သူ

Photo: မိကျောင်းဆွဲခံရသော်လည်း ကံအားလျော်စွာ အသက်မသေခဲ့သူ
Wednesday, November 13, 2013

ဂေါက်ကွင်းတစ်ခုထဲတွင် သူငယ်ချင်းများနှင့်အတူ ဂေါက်သီးရိုက်နေရင်း မိကျောင်းဆွဲ ခံရခြင်းဖြစ်
မိကျောင်းဆွဲခံရသော်လည်း ကံအားလျော်စွာ အသက်မသေခဲ့သူ
မက္ကစီကို နိုင်ငံသို့ အပျော်ခရီး ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံသား တစ်ဦးသည် မိကျောင်းဆွဲခံရသော်လည်း ကံအားလျော်စွာဖြင့် သေဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။ အသက်(၅၈)နှစ်ရှိ ဒူဂီသွမ်ဆန်သည် သူငယ်ချင်း တစ်ဦး၏ မင်္ဂလာပွဲကို တက်ရောက်ရန် မက္ကစီကိုသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် ဂေါက်ကွင်းတစ်ခုထဲတွင် သူငယ်ချင်းများနှင့်အတူ ဂေါက်သီးရိုက်နေရင်း မိကျောင်းဆွဲ ခံရခြင်း ဖြစ်သည်။ သို့သော်လည်း ကန်ကွန်ရှိ ဂေါက်ကလပ်တွင် ဖြစ်ပွားသော မိကျောင်းတိုက်ခိုက်မှုအတွင်း ဒူဂီ၏ သူငယ်ချင်းများ၏ ဆုံးဖြတ်ချက် မှန်ကန်မြန်ဆန်ခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် မိကျောင်းကို ဂေါက်တုတ်များဖြင့် ဝိုင်းရိုက်ခဲ့ကြခြင်း ဖြစ်သည်။

ဒူဂီက "ကျွန်တော့် ဘောလုံးက သဲကျင်းထဲ ကျသွားတယ်။ အနားမှာက ခြုံပုတ်တွေ ရှိတယ်။ ဒါပေမဲ့ အဲဒီနောက်မှာ ရေရှိမှန်း မသိဘူး။ ကျွန်တော် ဘောလုံးကို ရိုက်တင်လိုက်ပြီးချိန်မှာ နောက်ဘက်က အသံတွေ ကြားလိုက်ရတယ်။ လှည့်ကြည့်တော့ မိကျောင်းကြီးတစ်ကောင်။ ပြီးတော့ ကျွန်တော့် ခြေထောက်ကို အဟပ်ခံလိုက်ရတယ်"ဟု ရှင်းပြခဲ့သည်။ ၎င်းက "ကျွန်တော် နာမသွားဘူး။ အဲဒီအချိန်မှာ တုန်လှုပ်တဲ့စိတ်ပဲ ဖြစ်နေမိတယ်။ အဲဒီကောင်ကြီးက အရုပ်အကြီးကြီးနဲ့တူတယ်။ မျက်လုံးနက်နက်ကြီးတွေနဲ့လည်း ကျွန်တော့်ကို စိုက်ကြည့်နေတယ်။ သူ့ကို ဝိုင်းရိုက်ကြတာက အုတ်နံရံကို ရိုက်နေရသလိုပဲ"ဟုလည်း ဆိုသည်။

မည်သို့ပင်ဖြစ်စေ ဒူဂီသည် အသက်ဘေးမှ လွတ်မြောက်ခဲ့သည့်တိုင် ပေါင်တွင် အချက်(၂၀၀) ချုပ်ခဲ့ရသည်။ လတ်တလောတွင် ၎င်းသည် မက္ကစီကိုရှိ ဆေးရုံတစ်ခု ကုသမှု ခံယူနေရပြီး မိသားစုက လိုက်ပါသွားရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ ဒူဂီက "မိကျောင်းက ထွက်ပြေးသွားတော့ ကျွန်တော့်ပေါင်သားတွေ ပါသွားတယ်။ ကျွန်တော့်ခြေထောက်ကို ကြည့်ရတာ သားသတ်ရုံ မှန်ပြူတင်းပေါက်ကို ကျော်မြင်ရတဲ့ မြင်ကွင်းမျိုးဗျ"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။ 

Planet Myanmar Network

RangonNewsDaily:: November . 13 .2013
ဂေါက်ကွင်းတစ်ခုထဲတွင် သူငယ်ချင်းများနှင့်အတူ ဂေါက်သီးရိုက်နေရင်း မိကျောင်းဆွဲ ခံရခြင်းဖြစ်
မိကျောင်းဆွဲခံရသော်လည်း ကံအားလျော်စွာ အသက်မသေခဲ့သူ
မက္ကစီကို နိုင်ငံသို့ အပျော်ခရီး ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံသား တစ်ဦးသည် မိကျောင်းဆွဲခံရသော်လည်း ကံအားလျော်စွာဖြင့် သေဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

အီးယူ-မြန်မာ ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

Photo: အီးယူ-မြန်မာ ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်
Wednesday, November 13, 2013

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေမှာ အီးယူ ခေါ် ဥရောပသမဂ္ဂက ကူည်ီသွားနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ EU-Myanmar Task Force ဆွေးနွေးပွဲတွေကို နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ မနက်ဖြန် နိုဝင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ ကျင်းပသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

မနက်ဖြန် ရန်ကုန်မြို့ UMFCCI မြန်မာနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးချုပ်မှာ ကျင်းပမယ့်ဆွေးနွေးပွဲကိုတော့ အီးယူဥရောပသမဂ္ဂအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Mrs. Catherine Ashton၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ပြီး လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အလားတူ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ နေပြည်တော်မှာ ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပမှာဖြစ်ပြီး အဲဒီမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေအပြင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

အီးယူဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအပြင် မြန်မာနိုင်ငံက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေလည်း တက်ရောက်ပြီး လက်ရှိအပြောင်းအလဲ၊ လိုအပ်ချက်တွေနဲ့ အီးယူအနေနဲ့ ကူညီနိုင်မယ့်နည်းလမ်းတွေကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။

အီးယူအဖွဲ့ဟာ မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှု ချမှတ်ထားရာကနေ အခုဆိုရင် စစ်လက်နက်ပစ္စည်း တင်ပို့ရောင်းချတာကလွဲလို့ ပိတ်ဆို့အရေးယူမှုအားလုံးကို ရုတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် GSP ခေါ် ကုန်သွယ်မှုအထူးခံစားခွင့် နိုင်ငံအဖြစ် မြန်မာနိုင်ငံကို ပြန်လည်ပေးအပ်ထားတာလည်း ဖြစ်ပါတယ်။

RFA

RangonNewsDaily:: November . 13 .2013
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေမှာ အီးယူ ခေါ် ဥရောပသမဂ္ဂက ကူည်ီသွားနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ EU-Myanmar Task Force ဆွေးနွေးပွဲတွေကို နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ မနက်ဖြန် နိုဝင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ ကျင်းပသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

မကွေးတိုင်းအတွင်းရှိ စိန်တံခွန်ကုမ္ပဏီလုပ်ကွက် စုန်ရေနံမှော်မှ ရေနံတွင်း တစ်တွင်းမှ ဓာတ်ငွေ့များလျှံထွက်ကာ မီးလောင်

မကွေးတိုင်းအတွင်းရှိ စိန်တံခွန်ကုမ္ပဏီလုပ်ကွက် စုန်ရေနံမှော်မှ ရေနံတွင်း တစ်တွင်းမှ ဓာတ်ငွေ့များလျှံထွက်ကာ မီးလောင်


kolatt(PBDN): November . 13 .2013

မကွေးတိုင်း သရက်ခရိုင် မင်းလှမြို့နယ်မှ အနောက်ဘက် မိုင်၃၀အကွာ်စိန်တံခွန်ကုမ္ပဏီလုပ်ကွက်
စုန်ရေနံမှော်တွင် ကိုယ်ပိုင်လက်တွင်း(စက်ကူ)ရေနံတွင်း တစ်တွင်းမှ ဓာတ်ငွေ့များလျှံထွက်ကာ မီးလောင်ပေါက်ကွဲမှုတစ်ခု နိုဝင်ဘာလ ၁၀ရက် ည၁၀နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိ
ပါသည်။

မီးလောင်မှုကြောင့် အလုပ်သမားအမျိုးသား ခြောက်ဦး၊ အမျိုးသမီး နှစ်ဦး ဒဏ်ရာရရှိကာ အသက် ၂၀ခန့် လူငယ်တစ်ဦး သေဆုံးခဲ့သည်ဟု မကွေးတိုင်း မီးသတ်ဦးစီးမှူး ဦးအောင်ဝင်းစိန်က မဇ္ဈိမကို ပြောသည်။

ဓာတ်ပုံ- ဝိုင်းအောင်
မဇ္ဈိမ ::--

RangonNewsDaily:: November . 13 .2013
မကွေးတိုင်း သရက်ခရိုင် မင်းလှမြို့နယ်မှ အနောက်ဘက် မိုင်၃၀အကွာ်စိန်တံခွန်ကုမ္ပဏီလုပ်ကွက်
စုန်ရေနံမှော်တွင် ကိုယ်ပိုင်လက်တွင်း(စက်ကူ)ရေနံတွင်း တစ်တွင်းမှ ဓာတ်ငွေ့များလျှံထွက်ကာ မီးလောင်ပေါက်ကွဲမှုတစ်ခု နိုဝင်ဘာလ ၁၀ရက် ည၁၀နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိ
ပါသည်။

အွန်လိုင်းအဆိုတော် မေမြတ်မွန်

Photo: အွန်လိုင်းအဆိုတော် မေမြတ်မွန်
Wednesday, November 13, 2013

သီချင်းဆို၊ ကာရာအိုကေ ဆိုတာကို ရုပ်သံရိုက်ပြီး အင်တာနက်မှာ တင်လိုက်ရင် တခြားမြို့ တခြားနိုင်ငံက မိတ်ဆွေတွေ ကြည့်နိုင် အားပေးနိုင်ပါတယ်။

အပျော်တမ်း ဆိုကြပေမယ့် တချို့က တော်တော်လေး အရည်အသွေး ပြနိုင်သူတွေပါ။ အဲဒီထဲမှာ အမျိုးသမီးတယောက်ရဲ့ သီချင်းတွေကို လူကြည့်များနေပါတယ် အခုရက်ပိုင်း။

သီချင်းတပုဒ်မှာတော့ သူအမည်က မေမြတ်မွန် ဖြစ်ကြောင်း သူ့ကိုယ်သူ မိတ်ဆက်ထားပေးပါတယ်။ သူ့အကြောင်းလည်း အကျဉ်းချုပ် မိတ်ဆက်ရာမှာ အိမ်ထောင်ဘက်နဲ့ သားနဲ့ ခွဲခွာခဲ့ရသူဖြစ်တယ်၊ သြစတေးလျမှာနေတယ်လို့ ဆိုပါတယ်။ 
"သားလေးကိုလည်း သူနဲ့ ပေးခဲ့ပါတယ်" တဲ့။ 
ခံစားချက်တွေကို သီချင်းလေးနဲ့ ပုံဖော်ထားပါတယ် တဲ့။ ခံစားချက်ကို သီချင်းနဲ့ ဖွင့်ချ၊ အွန်လိုင်းတင်တဲ့နည်းနဲ့ စိတ်ဖြေနေတာလည်း ဖြစ်နိုင်ပါတယ်။ 

အွန်လိုင်း တင်ထားတဲ့ နှစ်ပုဒ်သုံးပုဒ်ထဲမှာ မင်းချစ်သူရေးတဲ့ သီချင်း ရှင်နော်  ကို သူ ဆိုထားတာ  တော်တော်လေး ကောင်းပါတယ်။ ရှင်နော်ရဲ့ မူရင်းအဆိုတော်က တွင်ကယ်လ် ဖြစ်ပါလိမ့်မယ်။ Facebook မှာတော့ တယောက်က မေမြတ်မွန် ဆိုတာ "အရမ်းကောင်းပါတယ် ခံစားချက်အပြည့်နဲ့ဆိုထားတာ" လို့ မှတ်ချက်ပြုပါတယ်။

လူကြည့်များနေရခြင်းအကြောင်းရင်းက အဆိုကောင်းလွန်းလို့တော့ ဟုတ်ဟန် မတူပါဘူး။ လည်ပင်းဟိုက်လွန်းတဲ့အင်္ကျီဝတ်ထားတာကြောင့် ဖြစ်ပါလိမ့်မယ်။ 

ဒီအတိုင်းဆိုရင် သူ့ရဲ့ ရုပ်သံသစ်တွေ ထပ်ထွက်လာနိုင်ပါသေးတယ်။

အွန်လိုင်းမှာ သူ့ရုပ်သံကို ကြည့်ရသူတွေထဲက အများအပြားက မှတ်ချက်မျိုးစုံ ပေးထားကြပါတယ်။ အများစုကတော့ သူ့ ဝတ်စားဆင်ယင်မှုကို အပြင်းအထန် ဝေဖန်ထားကြတာပါ။ သူ ဘယ်လို အခြေအနေ ဖြစ်နေတယ် ဆိုတာကိုလည်း ခန့်မှန်းသူလည်း မနည်းလှပါ။

အခုတလော အင်တာနက်မှာ လူကြည့်အများဆုံးရုပ်သံထဲ ပါဝင်တယ်လို့ စစ်တမ်းတခုက ဆိုပါတယ်။

ဧရာဝတီ

RangonNewsDaily:: November . 13 .2013
သီချင်းဆို၊ ကာရာအိုကေ ဆိုတာကို ရုပ်သံရိုက်ပြီး အင်တာနက်မှာ တင်လိုက်ရင် တခြားမြို့ တခြားနိုင်ငံက မိတ်ဆွေတွေ ကြည့်နိုင် အားပေးနိုင်ပါတယ်။

ဖြစ်ပြီးခဲ့သည့်ကိစ္စများတွင် လူထု၏ဒုက္ခထုထည်ကြီးမားခဲ့သည့်အတွက် အမှားကို ဝန်ချတောင်းပန်သင့်ကြောင်း ဦးခင်ညွန့်အား ဦးဝင်းတင် အကြံပေး

RangonNewsDaily:: November . 13 .2013
ဦးခင်ညွန့်နှင့်တွေ့ဆုံစဉ်က ပြောခဲ့သည့် ပြီးတာတွေ ထားလိုက်ပါတော့ ဟူသော စကားအား လက်မခံကြောင်း၊ ပြီးခဲ့ သည်များက ထုထည်ကြီး မားလွန်း၍ ဝန်ချတောင်း ပန်သင့် ကြောင်းNLD ဗဟိုအလုပ်အမှုဆောင် နာယက ဟံသာဝတီ ဦးဝင်းတင်က နိုဝင်ဘာ ၁၂ ရက်က ပြောလိုက်သည်။

ဝက်လက်မြို့ရှိ သမိုင်းဝင် ဘုရားခြေတော်ရာ ပျောက်ဆုံး

RangonNewsDaily:: November . 13 .2013
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ ရေလည်တိုက်ကျောင်းဝင်းအတွင်းရှိ ရေပေါ် တော်မူ ဘုရားဝင်း၌ တည်ထားကိုးကွယ်သော ရှေးဟောင်းသမိုင်းဝင် ဘုရားခြေတော်ရာတစ်ဆူ ပျောက် ဆုံးလျက်ရှိကြောင်း အဆိုပါဘုရားဂေါပကဥက္ကဋ္ဌ ဦးပြေ့ဆိုသူမှ ပြောကြားလိုက်သည်။

ဖိလစ်ပိုင်တွင် သွေးနှင့် တည်ဆောက်သော တံတား

Photo: ဖိလစ်ပိုင်တွင် သွေးနှင့် တည်ဆောက်သော တံတား
Wednesday, November 13, 2013

ပုံမှာ မြင်တွေ့နေရတဲ့ တံတားကတော့ San Juanico အမည်ရ တံတား ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံရဲ့  အရှည်ဆုံးနဲ့ အလှဆုံး တံတားလို့ အသတ်မှတ် ခံထားရပါတယ်။ သို့ပေမယ့် ယင်း တံတားရဲ့  နောက်ခံ သမိုင်း ကတော့ ဝမ်းနည်းစရာပဲ ဖြစ်ပါတယ်။ 

၁၉၆၉ ခုနှစ်က စဆောက်ပြီး ၁၉၇၃ ခုနှစ်မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။ Samar အမည်ရကျွန်းနဲ့ Leyte ကျွန်း နှစ်ခု အကြား ဆက်သွယ်တဲ့ တံတား ဖြစ်ပြီး ၁.၃၄ မိုင်ရှည်လျား ပါတယ်။ အမြင့်ကတော့ ၁၃၅ ပေ ရှိပါတယ်။ စုစုပေါင်း ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၁.၉ သန်း ရှိပြီး ဂျပန်နဲ့ ဖက်ဆက် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ 

ကျွန်းနှစ်ကျွန်းကြားကို ဆက်သွယ်ဖို့ ရေအတိမ်ဆုံး လမ်းကို ရွေးချယ်ပေ မယ့် ထင်သလောက် မလွယ်ကူခဲ့ပါဘူး။ ရာသီဥတုဒဏ် ဆိုးရွား မှုကြောင့်ရော၊ ပင်လယ်ရေလှိုင်းကြီးမှုတွေကြောင့် တံတား တည်ဆောက်ခြင်း နှောင့်နှေးခဲ့ရ ပါတယ်။ ဒါကြောင့် ရိုးရာဓလေ့ အစွဲအလမ်း ကြီးခဲ့တဲ့ တံတားတည်ဆောက်ရေး အင်ဂျင်နေယာ ချုပ် ကြောင့် အောက်လမ်းဆရာများနဲ့ တိုင်ပင်ရာ တံတားကို ဆောက် ရန် သွေးလိုအပ်နေကြောင်း ဆိုပါတယ်။ 

Samar နဲ့ Leyte ကျွန်းများပေါ်က လေလွင့် ကလေးငယ်များကို လိုက်ခံ ဖမ်းဆီးပြီး ကွန်ကရစ်လောင်းတဲ့အထဲမှာ အစိမ်းလိုက် ထည့်ခဲ့ကြပါတယ်။ အချို့ နေရာမှာတော့ ဦးခေါင်းဖြတ် ထွက်လာတဲ့ သွေးကို စုပြီး ဖောင်ဒေး ရှင်း တွေမှာ ထည့်သုံးပါတယ်။ တစ်ခါတစ်ရံ လူသေ အလောင်းများ ရေထဲ မှာ မျောပါနေတာကိုလည်း အနီးဝန်းကျင် တံငှာသည် တို့ တွေ့ခဲ့ကြပါတယ်။ 

အမှန်တော့ ယင်းကဲ့သို့ ပြုလုပ်ခြင်းဟာ တရားမဝင်ပေမယ့် ဒီအတွက် တားဆီးတဲ့သူ မရှိခဲ့ပါဘူး။ ကလေးငယ်များ သတ်ဖြတ်ခြင်းကိုလည်း တိတ်တဆိတ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါကြောင့်ပဲ အင်မတန် လှပနေတဲ့ San Juanico တံတားကို သွေးနှင့် ဆောက်သော တံတား၊ ဝိဥာဉ်တို့ စောင့်ရှောက်သော တံတား အဖြစ် အမည်တွင် စေခဲ့ပါတယ်။ 

Ref: wiki
အောင်ခမ်း ( www.colay.com.mm )

RangonNewsDaily:: November . 13 .2013
ပုံမှာ မြင်တွေ့နေရတဲ့ တံတားကတော့ San Juanico အမည်ရ တံတား ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံရဲ့  အရှည်ဆုံးနဲ့ အလှဆုံး တံတားလို့ အသတ်မှတ် ခံထားရပါတယ်။ သို့ပေမယ့် ယင်း တံတားရဲ့  နောက်ခံ သမိုင်း ကတော့ ဝမ်းနည်းစရာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်း အကောင်းဆုံးအသင်းဖြစ်၍ လူမုန်းခံရခြင်းဟု ဂျုံးစ်မှတ်ချက်ပြု

Photo: ယူနိုက်တက်သည် အကောင်းဆုံးအသင်းဖြစ်၍ လူမုန်းခံရခြင်းဟု ဂျုံးစ်မှတ်ချက်ပြု
Wednesday, November 13, 2013

အကောင်းဆုံး အသင်းအနေဖြင့် လူမုန်းခံရခြင်းမှာ မဆန်းကြောင်း မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဖီးလ်ဂျုံးစ်က ပြောကြားလိုက်သည်။

ယူနိုက်တက်သည် မန်နေဂျာသစ် ဒေးဗစ်မိုယက်စ် လက်အောက်တွင် ဖိအားများစွာ ကြုံခဲ့ရသော်လည်း အာဆင်နယ် အသင်းကို တနင်္ဂနွေနေ့က (၁-၀)ဖြင့် အနိုင်ယူပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်နိုင်ရေး လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိလာခဲ့သည်။ ယူနိုက်တက်သည် အိုးလ်ထရက်ဖို့ဒ်တွင် နိုင်ပွဲရခဲ့ခြင်းနှင့်အတူ အာဆင်နယ်နောက် (၅)မှတ်အကွာတွင် ရှိနေခဲ့သည်။ အင်္ဂလန် လူငယ်ခံစစ်သမား ဂျုံးစ်က ယူနိုက်တက်ကို ကျရှုံးစေလိုသူ အများအပြား ရှိနေခြင်းကို မအံ့ဩဟု မှတ်ချက်ပြုခဲ့သည်။

၎င်းက "ကျွန်တော်တို့ အသင်းကို ကျရှုံးသွားစေချင်တဲ့ လူတွေ အများကြီးပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က လိဂ်ချန်ပီယံဆုကို အကြိမ်ပေါင်းများစွာ ယူထားနိုင်တဲ့ အသင်းမို့ပါပဲ"ဟု ဆိုသည်။ ဆက်လက်၍ ဂျုံးစ်က "လူတိုင်းက အကောင်းဆုံး အသင်းကို မုန်းကြတာပါပဲ။ ကျွန်တော် ဒီကို ရောက်မလာခင် ကတည်းက ယူနိုက်တက်ဟာ ချန်ပီယံဆုကို အကြိမ်ကြိမ် ရယူခဲ့တဲ့ အသင်းပါ။ ဒီအခြေအနေကို ကျွန်တော်တို့ အားရတယ်။ သီတင်းပတ်တိုင်း ကျွန်တော်တို့ရဲ့ အရည်အချင်းကို စစ်ဆေးနေမှုတွေကို ကျွန်တော်တို့ ဖြတ်သန်းနေတာပါ"ဟုလည်း ပြောဆိုခဲ့သည်။

၎င်းက ဆက်လက်၍ "လူတွေက ကျွန်တော်တို့ကို သံသယဝင်လေလေ၊ ကျွန်တော်တို့ရဲ့ ရပ်တည်မှုကို သက်သေပြဖို့ တွန်းအားဖြစ်လေလေပါပဲ။ ကျွန်တော်တို့ဟာ မနှစ်ကရာသီ ချန်ပီယံဆုကို ပိုင်ဆိုင်ထားတဲ့ အသင်းပါ။ ဘာစွမ်းဆောင်မှုမှ မရှိဘဲ ချန်ပီယံဆုကို ရခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ရမှတ်တိုင်းကို ထိုက်ထိုက်တန်တန် ပိုင်ဆိုင်ပြီး ချန်ပီယံ ဖြစ်လာတဲ့ အသင်းပါ"ဟုလည်း ပြောကြားသွားသည်။ 

Ref:dailymail
Soccer Myanmar

RangonNewsDaily:: November . 13 .2013
အကောင်းဆုံး အသင်းအနေဖြင့် လူမုန်းခံရခြင်းမှာ မဆန်းကြောင်း မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဖီးလ်ဂျုံးစ်က ပြောကြားလိုက်သည်။

Feature အသစ်တွေထပ်တိုးလာတဲ့ - Viber v4.0.0.1707 APK (Latest Version)

http://1.bp.blogspot.com/-NyZn6SzrocI/UXDcpXfTqZI/AAAAAAAAAMs/c3yw7EdQE-U/s1600/Viber-for-Android-iOS.png
 
RangonNewsDaily:: November . 13 .2013
Viber ဆိုရင် တော့လူတိုင်းသိကြမှာပါ အခုလည်း မနေ့ 12ရက်နေ့က Version အသစ်လေးထွက်လာလို့ ဒီနေ့ တင်ပေးလိုက်ပါတယ်ဗျာ။ မနေ့ကချက်ခြင်းတင်ပေးမလို့ပါဘဲ။ Upload တင်နေတာနဲ့ ကွန်နရှင်မက လည်းသိပ်မကောင်းတော့ ဒီနေ့မှဘဲတင်ပေးဖြစ်သွားတာပါ။

နောင်အသစ်ထုတ်ဝေမည့် ငွေစက္ကူများ၌ဗိုလ်ချုပ်အောင်ဆန်းပုံကိုပြန်လည်ရိုက်နှိပ် ထုတ်ဝေမည်

RangonNewsDaily:: November . 13 .2013
နောင်မှာ အသစ်ရိုက်နှိပ်ထုတ်ဝေတော့မယ့် ငွေစက္ကူတွေမှာအမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်
အောင်ဆန်းရဲ့ ဓာတ်ပုံတွေနဲ့ပြန်ပြီး ထုတ်ဝေသွားမယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒု ဥက္ကဌ ဖြစ်သူ
ဒေါ်ခင်စောဝေက လွှတ်တော်မှာ တရားဝင် ပြောကြားလိုက်ပါတယ်။

အမေရိကန်၏ စစ်ရေး မဟာဗျူဟာမြောက် ခြေလှမ်းသစ် X-47B

Photo: အမေရိကန်၏ စစ်ရေး မဟာဗျူဟာမြောက် ခြေလှမ်းသစ် X-47B
Wednesday, November 13, 2013

X-47Bသည် ပန်းကန်ပြားပျံ မဟုတ်ဘဲ အမေရိကန် စစ်တပ်၏ ရည်မှန်းချက် အမြင့်ဆုံး ထားရှိစမ်းသပ်နေသည့် ခေတ်သစ် မောင်းသူမဲ့ လေယာဉ်တစ်စင်းသာ ဖြစ်သည်

အမေရိကန်၏ စစ်ရေး မဟာဗျူဟာမြောက် ခြေလှမ်းသစ် X-47B
ရုတ်တရက် ဆိုပါက ဂြိုဟ်သားများ စီးနင်းလိုက်ပါလာသည့် ပန်းကန်ပြားပျံယာဉ် တစ်စင်းအဖြစ် အထင်မှားလောက်ဖွယ် ရှိသည်။ သို့သော်လည်း X-47Bသည် ပန်းကန်ပြားပျံ မဟုတ်ဘဲ အမေရိကန် စစ်တပ်၏ ရည်မှန်းချက် အမြင့်ဆုံး ထားရှိစမ်းသပ်နေသည့် ခေတ်သစ် မောင်းသူမဲ့ လေယာဉ်တစ်စင်းသာ ဖြစ်သည်။ X-47Bသည် ပေါင်စတာလင် (၁)ဘီလျံမျှ တန်ကြေးရှိပြီး လတ်တလောတွင် စမ်းသပ်ဆဲ အဆင့်ဖြင့်သာ မွမ်းမံမြှင့်တင်နေဆဲ ဖြစ်သည်။ အဆိုပါ လေယာဉ်သည် အနာဂတ် အမေရိကန် လေတပ်ကို မောင်းသူမဲ့ လေယာဉ် အများအပြားဖြင့် ဖွဲ့စည်းသွားမည့် မျှော်မှန်းချက်အတွက် အထင်ကရ ဦးဆောင်ခြေလှမ်း တစ်ခုလည်း ဖြစ်သည်။

ထို့အပြင် မြေပြင်အခြေစိုက် လေယာဉ်ကွင်းများထက် များစွာပြေးလမ်းတိုသည့် လေယာဉ်တင် သင်္ဘောတစ်စင်းပေါ်မှ ပျံတက်နိုင်အောင် ပထမဆုံး ဒီဇိုင်းထုတ် ဖန်တီးထားသည့် မောင်းသူမဲ့လေယာဉ် အဖြစ်လည်း မှတ်တမ်းဝင်ထားသည်။ လင်းနို့တောင်ပံပုံဖြင့် အချိုးချ ဖန်တီးဆောက်လုပ်ထားသည့် လေယာဉ်ပျံသည် ဒေါ်လာ (၁.၅)သန်းမျှ တန်ကြေးရှိသည်။ ၎င်းသည် GPSစနစ်ဖြင့် မိမိဖာသာ လမ်းကြောင်းရှာ ထိန်းချုပ်ပျံသန်းနိုင်ပြီး ရုတ်တရက် ကြည့်ပါက စိတ်ကူးယဉ် သိပ္ပံဇာတ်ကားများထဲမှ ပန်းကန်ပြားပျံ တစ်ခုနှင့်ပင် ဆင်တူနေသည်။ ငွေရောင်ကိုယ်ထည် တောက်ပနေသော ပျံသန်းရေး ယန္တရားသည် အသံ၏ အလျင်နှုန်းအောက်ဖြင့် ပျံသန်းနိုင်ပြီး လတ်တလောတွင် အမေရိကန် ရေတပ်က စမ်းသပ်မှုအမျိုးမျိုး ပြုလုပ်လျှက်ရှိသည်။

အမေရိကန် အနေဖြင့် မောင်းသူမဲ့ လေယာဉ်များကို လေယာဉ်တင် သင်္ဘောပေါ်မှ လွှတ်တင်နိုင်မည် ဆိုပါက ယင်းတို့ကို အသုံးပြုရန်အတွက် စစ်ဆင်ရေးပစ်မှတ် အနီးရှိ နိုင်ငံတစ်ခုခုတွင် အခြေစိုက်ခွင့်ရအောင် တောင်းဆိုနေစရာ မလိုတော့ချေ။ ထို့ကြောင့် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများကို ပိုမိုတွင်ကျယ် လျင်မြန်စွာ ဆောင်ရွက်နိုင်စေမည့် မဟာဗျူဟာမြောက် အားဖြည့်မှု တစ်ခုအဖြစ် သတ်မှတ်လာနိုင်မည် ဖြစ်သည်။ အမေရိကန်သည် လတ်တလောတွင် Predatorနှင့် Reaper မောင်းသူမဲ့ လေယာဉ်များကို စစ်ဆင်ရေးကဏ္ဍအတွက် အသုံးပြုနေသော်လည်း အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် ယီမင်တို့တွင် အခြေစိုက်စခန်းများ အသုံးပြုနေရသည်။ ပင်တဂွန်သည် ယင်းစစ်ဆင်ရေးများအတွင်း ဒေသခံ အစိုးရများနှင့် အငြင်းပွားဖွယ် အခြေအနေ အချို့ ကြုံခဲ့ရခြင်းကြောင့် လေယာဉ်တင် သင်္ဘောပေါ်မှ အခြေစိုက် ပျံသန်းနိုင်မည့် X-47B စီမံကိန်းကို အထူးတလည် အားပေးခဲ့ခြင်း ဖြစ်သည်။ ယင်းလေယာဉ်များသည် အမေရိကန် စစ်တပ်တွင် (၂၀၂၀)ပြည့်နှစ်၌ စတင် အမှုထမ်းနိုင်ဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: November . 13 .2013
X-47Bသည် ပန်းကန်ပြားပျံ မဟုတ်ဘဲ အမေရိကန် စစ်တပ်၏ ရည်မှန်းချက် အမြင့်ဆုံး ထားရှိစမ်းသပ်နေသည့် ခေတ်သစ် မောင်းသူမဲ့ လေယာဉ်တစ်စင်းသာ ဖြစ်သည်

စိတ်ဓာတ်ကျနေလား ပြန်ကောက်လိုက်လေ .........

RangonNewsDaily:: November . 13 .2013
အဆင်မပြေတာတွေများလာတော့
စိတ်ဓါတ်ကျတယ်ကွာ ...ငါ့က ကံအမြဲဆိုးနေတာပဲ တဲ့
ကျ တယ်ဆိုရင် ကောက်တင်လို့ရသလို
ဆိုးတယ်ဆိုရင်လည်းကောင်းအောင် ပြုပြင်လို့ရတာပဲ

(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှ ဖူဆယ်အပါအ၀င် အားကစားနည်း (၂၂) မျိုးအတွက် ၀င်ခွင့်ကဒ်ပြား များ ပြုလုပ်နိုင်ပြီ

RangonNewsDaily:: November . 13 .2013
(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် ဖူဆယ်ပြိုင်ပွဲ အပါအ၀င် အားကစားနည်း (၃၂) မျိုးအတွက် ၀င်ရောက်ကြည်ရှုခွင့် ကဒ်ပြားများအား နိုင်ငံသားစီစစ်ရေး ကဒ်ပြသ၍ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ထိုကဒ်ပြားများအား နိုဝင်ဘာလ(၁၈)ရက်နေ့မှ ဒီဇင်ဘာ (၂၀)ရက်နေ့ အထိပြု လုပ်ပေးသွား မည်ဖြစ်ပြီး တစ်ကဒ်လျှင် (၂၅၀၀)ကျပ်နှုန်း ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

အဓိပတိယာဉ်နောက်လိုက်က တက္ကစီကားသမားကို ဝက်အူလှည့်နဲ့ ထိုး