Pages

Wednesday, November 13, 2013

(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှ ဖူဆယ်အပါအ၀င် အားကစားနည်း (၂၂) မျိုးအတွက် ၀င်ခွင့်ကဒ်ပြား များ ပြုလုပ်နိုင်ပြီ

RangonNewsDaily:: November . 13 .2013
(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် ဖူဆယ်ပြိုင်ပွဲ အပါအ၀င် အားကစားနည်း (၃၂) မျိုးအတွက် ၀င်ရောက်ကြည်ရှုခွင့် ကဒ်ပြားများအား နိုင်ငံသားစီစစ်ရေး ကဒ်ပြသ၍ ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ထိုကဒ်ပြားများအား နိုဝင်ဘာလ(၁၈)ရက်နေ့မှ ဒီဇင်ဘာ (၂၀)ရက်နေ့ အထိပြု လုပ်ပေးသွား မည်ဖြစ်ပြီး တစ်ကဒ်လျှင် (၂၅၀၀)ကျပ်နှုန်း ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုကဒ်ပြားများအား နေပြည်တော်နှင့်
ရန်ကုန်မြို့များတွင် ရောင်းချပေးသွားမည် ဖြစ်ပြီး နေပြည်တော်တွင် ၀ဏ္ဏ္ဏသိဒ်္ဓိ အဆင့်မြင့် အားကစားကွင်း အမှတ် (၁) ဂိတ်၊ လယ်ဝေးရှိ အမှတ်(၂) အားကစားလေ့ကျင့်ရေးစန်း၊ ပျဉ်းမနားပေါင်းလောင်း အားကစား ကွင်း၊ နေပြည်တော် ဟိုတယ်ဇုံရှိ Junction Center တို့တွင် လည်းကောင်း ရန်ကုန်မြို့ ဟံသာဝတီ အ၀ိုင်းအနီးရှိ Junction Centerနှင့် သုဝဏ္ဏ္ဏအမျိုးသား အားကစားပြိုင်ပွဲရုံ (၁) (ဘော်လီဘောရုံ)တို့တွင် လည်းကောင်း ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုဝင်ခွင့်ကတ်ပြား များသည် နေပြည်တော်တွင် ကျင်းပမည့် ဖူဆယ်၊ ပြေးခုန်ပစ်၊ခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ၀ူရှူး၊ ကရာတေးဒို၊ တိုက်ကွမ်ဒို၊ လက်ဝှေ့၊ မွေ၊ စက်ဘီး၊ မြား၊ မြင်းစီး၊ ရေကူး၊ ပီတန်း၊ ကြက်တောင်၊ စားပွဲ တင် တင်းနစ်၊ ဘိလိယက်နှင့်စနူကာ၊ ဘော်လီဘော၊ ဘတ်စကတ်ဘော၊ ဗိုဗီနမ်၊ ပန်ကြပ်ဆီလတ်၊ ဂျူဒို၊ စစ်တုရင်၊ ဂေါက်သီး၊ လှေလှော်၊ ကနူး/ ကယက်၊ ရိုးရာလှေ ပြိုင်ပွဲများ၊

ရန်ကုန်မြို့တွင် ကျင်းပမည့် အားကစား နည်းများ ဟော်ကီ၊ အလေးမ၊ ကမ်ပို၊ နပမ်း၊ သေနတ်ပစ်၊ ကာယဗလပြိုင်ပွဲ များ အတွက်သာ အကျုံးဝင်ပြီး မန္တလေးတွင် ကျင်းပမည့် အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ ရန်ကုန်နှင့် နေပြည်တော်တို့တွင် ကျင်းပမည့် ယူ-၂၃ အမျိုးသား ဘောလုံးပြိုင်ပွဲများ အတွက် သီးခြားလက်မှတ်များအား ၀ယ်ယူရမည် ဖြစ်သည်။

Yangon Media Group , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment