Pages

Wednesday, November 13, 2013

စိတ်ဓာတ်ကျနေလား ပြန်ကောက်လိုက်လေ .........

RangonNewsDaily:: November . 13 .2013
အဆင်မပြေတာတွေများလာတော့
စိတ်ဓါတ်ကျတယ်ကွာ ...ငါ့က ကံအမြဲဆိုးနေတာပဲ တဲ့
ကျ တယ်ဆိုရင် ကောက်တင်လို့ရသလို
ဆိုးတယ်ဆိုရင်လည်းကောင်းအောင် ပြုပြင်လို့ရတာပဲ
ဘာလို့များ အားငယ်နေမှာလဲ
တခါတခါကျ လောကကြီးကို ကွေ့ဝိုတ်ပြီးမကြည့်နဲ့

ရဲရဲသာရင်ဆိုင်ဖြတ်ကျော်ကြည့် ... အောင်မြင်မှု့ဆိုတာ အနီးလေးပဲ

လောကမှာ အခက်အခဲဆိုတာ လူတိုင်းဖြတ်ကျော်ရတာပါပဲ
ဒီနေ့အတွက် အရှုံးကို မနက်ဖြန်ထိ မသယ်ဆောင်ရင်

နောက်နေ့တွေမှာ အောင်နိုင်သူအဖြစ်ကြိုးစားခွင့်ရှိတယ်လေ

သင့်ဘ၀တွက် လက်ရှိမှာ သင်ကဦးဆောင်သူတစ်ယောက်ဖြစ်သလို
အနာဂါတ်မှာလည်း သင်သာလျှင်သူရဲကောင်း ဖြစ်သင့်တယ်

ဘာပဲဖြစ်လာလာ လွယ်လွယ်နဲ့တော့အရှုံးမပေးနဲ့
ဒါဆို အောင်မြင်မှာ သေချာတယ်

သီချင်းလေးတပုဒ်တောင် ရှိသေးတယ်
''စိတ်မညစ်နဲ့ ဘာဖြစ်ဖြစ်စိတ်မညစ်နဲ့

နောက်ပြီးရင် ကောင်းသွားမယ်
ပျော်တက်အောင်ကြိုးစားကွယ် "တဲ့

ကဲ စိတ်ညစ်နေတဲ့ စိတ်ဓါတ်ကျနေတဲ့သူငယ်ချင်းများရှိရင်
မနက်ဖြန်မှာ အောင်မြင်သူတစ်ယောက်ဖြစ်အောင်
စိတ်ညစ်တာတွေမေ့ထားပြီး ကြိုးစားလိုက်ရအောင်နော်

ဖိုတ်တင်း ... ဖိုတ်တင်း ..

မနောဖြူ  ::--kolatt(PBDN)
RangonNewsDaily




See More News: (www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment