Pages

Monday, May 27, 2013

ရခိုင်ပြည်နယ် နှစ်မြို့နယ်မှာ မွေးဖွားနှုန်း သတ်မှတ်တာကို ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချ

ရခိုင်ပြည်နယ် နှစ်မြို့နယ်မှာ  မွေးဖွားနှုန်း သတ်မှတ်တာကို ဒေါ်အောင်ဆန်းစုကြည် ရှုတ်ချ
 
ရခိုင်ပြည်နယ်မြောက်ပိုင်း မွတ်ဆလင် ဘာသာဝင် အများစုနေထိုင်တဲ့ မြို့နယ်နှစ်ခုအတွင်းက ရိုဟင်ဂျာတွေအနေနဲ့   မိသားစုတစ်စုကို ကလေး ၂ ဦးသာ မွေးဖွားနှုန်းရှိရမယ်လို့  ရခိုင်ပြည်နယ်အစိုးရက ကန့်သတ်လိုက်တာဟာ  ခွဲခြားဆက်ဆံမှု တစ်ရပ်သာဖြစ်ကြောင်း၊ သူ့အနေနဲ့ အငြင်းပွားစရာ ဒီအမိန့်ထုတ်ပြန်ချက်ကို  ကန့်ကွက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ 
 
အင်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေး တက်ရောက်လာရင်း သတင်းထောက်တွေ နဲ့ တွေ့ဆုံပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က  အခုလို ခွဲခြားဆက်ဆံမှုမျိုးထားရှိတာဟာ မသင့်လျော်ကြောင်း၊ ဒါဟာလူ့အခွင့်အရေး ကျင့်ထုံးနဲ့လည်း ကိုက်ညီမှုမရှိကြောင်း ပြောပါတယ်။ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ ဒီမူဝါဒကို ကျင့်သုံးနေပြီလားဆိုတာ လောလောဆယ်မှာ သူ့အနေနဲ့ အတည်မပြု မပြောနိုင်သေးဘူးလို့လဲ ဆိုပါတယ်။  

ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ရခိုင်ပြည်နယ်အတွင်း အဲဒီမြို့ နယ် ၂ ခုမှာ တစ်လင်တစ်မယားစံနစ် ပွားများလာဖို့ရည်ရွယ်ကြောင်း။ အရင်တုန်းက ဒေသတွင်းရှိ လူမျိုးစုတွေ ပြဿနာကြီးထွားလာမှာစိုးရိမ်ပြီး အကောင်အထည်မဖေါ်ပဲ ဆိုင်းငံ့ထားတာဖြစ်ကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမွတ်ဆလင်ဘာသာဝင်အများစုနေထိုင်တဲ့ မြို့နယ်နှစ်ခုအတွင်းက ရိုဟင်ဂျာတွေ
အနေနဲ့ မိသားစုတစ်စုကို ကလေး ၂ ဦးသာ မွေးဖွားနှုန်းရှိရမယ်လို့ ရခိုင်ပြည်နယ်အစိုးရက ကန့်သတ်လိုက်
တာဟာ ခွဲခြားဆက်ဆံမှု တစ်ရပ်သာဖြစ်ကြောင်း၊ သူ့အနေနဲ့ အငြင်းပွားစရာ ဒီအမိန့်ထုတ်ပြန်ချက်ကို ကန့်
ကွက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မန်းဘူတာနှင့်ရှမ်းစုဘူတာကြားတွ င် ရထားတိုက်၍ လူ ၂ ဦး သေဆုံး

မန္တလေး- မေ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ၄၂ လမ်း၊ ကုန်းကျော်တံတားအောက်၊ မိုင်တိုင်အမှတ်(၃၈၄/၇-၈)၊ မန္တလေးဘူတာ
နှင့်ရှမ်းစုဘူတာကြား၊ မန္တလေး-ရန်ကုန်ရထားသံလမ်းပေါ်တွင် မေ၂၆ရက်နံနက်၅နာရီကရထားတိုက်ခံရ
လူ၂ဦးသေဆုံးနေကြောင်းသတင်းအရမန္တလေးအမှတ်(၉)ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့
သည်။

မိတ္ထီလာမြို့ရှိ မွတ်စလင်မ် သုဿာန်အား ဖျက်၍ ကားကွင်းပြုလုပ်ရန် စီစဉ်နေ (မြို့ခံတစ်ဦးနှင့်ဆက်သွယ်မေးမြန်းချက်)

မေလ-၂၇၊ ၂၀၁၃
M-Media
ဇာဏီ

မိတ္ထီလာ ။           ။      မိတ္ထီလာမြို့ရှိ မွတ်စလင်မ် သုဿာန်အား ဖျက်၍ ကားကွင်းပြုလုပ်ရန် စီစဉ်နေသည်ဟု ကြားသိရသည့်အတွက် ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

“ကျွန်တော်တို့ မွတ်စလင်မ်သုသာန်အဟောင်းပေါ့။ အဲဒါကို မြေကော်စက်နဲ့ ထိုးဖို့လုပ်တော့မယ်။ မိတ္ထီလာမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဌာန တိုင်းဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြီးခဲ့တဲ့တစ်ပတ် တနင်္ဂနွေနေ့က ခေါ်ပြောတယ်။ လာမယ့်အပတ် – လာမယ့်အပတ်လို့ပြောတာ မနက်ဖြန်ပေါ့။ အဲဒီနေ့မှာ ကားကွင်းအဖြစ် ပြုလုပ်မှာဖြစ်တယ်လို့ ခေါ်ပြောတယ်။ ကားကွင်းဆိုတာ မိတ္ထီလာကားကွင်းကို နေရာပြောင်းမယ်လို့ ပြောတယ်။  ဒီသုသာန် အခုလိုပဲ ဖျက်မယ်ဆိုတာ ဦးသိန်းစိန် သမ္မတဖြစ်စအချိန်က သတင်းထွက်ပေါ်လာတယ်။ အဲဒါကို မွတ်စလင်မ်တွေက ၀ိုင်းပြီး ပြောလိုက်ကြတော့ ခဏနားထားဦးဆိုပြီးဖြစ်သွားတယ်။ အခုတော့ ဖျက်ပစ်ဖို့ ပြန်လုပ်နေတယ်။ ကျွန်တော်တို့မှာ လူတွေသတ်ခံရ၊ အိမ်တွေ မီးရှို့ခံရ၊ ဖျက်ဆီးခံရ၊ မိသားစုတကွဲတပြားစီဖြစ်လို့ စိတ်သောကတွေရောက်နေတဲ့အချိန်မှာ အခုတစ်ခါထပ်ပြီး သုဿာန်ကို ဖျက်ဦးမယ်ဆိုတော့ စိတ်ထိခိုက်တယ်ဗျာ။ မနက်ဖြန်ကို လုပ်လိမ့်မယ်ဆိုတာလည်း ကျွန်တော် တစ်ထစ်ချ ခံစားမိနေတယ်။ ဟုတ်ကဲ့ အခုထိတော့ အစောင့်ချထားတာ၊ မြေထိုးစက်တွေ ရပ်ထားတာမရှိပေမယ့် မနက်ဖြန်ကို သူတို့လုပ်မယ်လို့ ကြေညာထားပြီးသားဖြစ်လို့ လုပ်မှာပါ။ သူတို့ဘက်က တရားဝင် စာပို့တာတော့ မဟုတ်ဘူး၊ ပါးစပ်ကပဲ ပြောနေတာ။” လို့ M-Media ကိုပြောပြရင်း ဆက်လက်ပြောပြလာပါတယ်။

“ချမ်းအေးသာယာမှာလည်း ဒီနေ့ မြေကော်စက်နဲ့ထိုးတယ်လေ။ မနက်ဖြန်လည်း ထိုးဦးမှာ။ ချမ်းအေးသာယာဆိုတာ မိတ္ထီလာမှာ မီးရှို့ခံလိုက်ရတဲ့ မွတ်စလင်မ်ရပ်ကွက်ပါ။ မီးလောင်ခံလိုက်ရတဲ့အိမ်တွေကို တိုက်ခန်း အသစ်ပြန်ဆောက်မှာမို့ လို့ဆိုပြီး မြေကော်စက်တွေနဲ့ ထိုးနေတာ။ အဲဒါတွေက စိတ်တွေကို ပိုပြီးဒဏ်ရာရအောင် လုပ်တယ်လို့ သူတို့ပြောကြတယ်။ အဲဒီ ရပ်ကွက်က ဗုဒ္ဓဘာသာ အနည်းစုပဲရှိတာ။ မွတ်စလင်မ်အများစုရှိတယ်။

စီးပွားရေးလုပ်ငန်းကိစ္စတွေအနေနဲ့က လုပ်ငန်းရှင်တွေရှိတယ်။ သူတို့တွေ ဆိုင်ပိုင်ရှင်တွေ ဂိုဒေါင်တွေရှိကြတယ်။ ဂိုဒေါင်တွေ ဖွင့်ဖို့ကို တချို့ရပ်ကွက်တွေက လက်မခံဘူး။ တချို့ရပ်ကွက်တွေကတော့ ကောင်းပါတယ်။ တချို့ရပ်ကွက်တွေက သူတို့ပြောတဲ့ ရပ်မိရပ်ဖဆိုသူတွေက ဂိုဒေါင်တွေ မဖွင့်ရဘူးလို့ပြောတယ်။ တချို့ကတော့ ကောင်းပါတယ်။

နောက်တစ်ခုက ဗလီနဲ့ ပတ်သက်တာတွေပါ။ ဗလီတွေပိတ်ထားတာ တော်တော်ကြာပြီ။ ကောင်းတဲ့ ဗလီတွေရော၊ မကောင်းတော့တဲ့ ဗလီတွေရော ပိတ်ထားရတယ်။ ကောင်းတဲ့ ဗလီတွေကို ပြန်လည် သန့်ရှင်းရေးလုပ်ပြီး ဘုရားဝတ်ပြုရမယ်။  မကြာခင်မှာလည်း ကျွန်တော်တို့ရဲ့ ဥပုသ်လရောက်တော့မယ်။ ကျွန်တော်တို့အတွက် အများကြီး အခက်အခဲတွေ ရှိနိုင်တယ်။  ဒါကြောင့် ဗလီတွေပြန် ဖွင့်ခွင့်ရချင်တယ်။ အဲဒါလေးတွေကိုလည်း တာဝန်ရှိသူတွေအနေနဲ့ ကူညီပေးကြပါလို့ ကျွန်တော် တစ်ခါတည်း မေတ္တာရပ်ခံ တောင်းဆိုချင်ပါတယ်”လို့ M-Media ကို ပြောပြလာပါတယ်။

DVB မှာ ဖော်ပြထားတဲ့ သတင်းတပုဒ်အရ မိတ္ထီလာမြို့ချမ်းအေးသာယာနဲ့ သီရိမင်္ဂလာ ရပ်ကွက်တွေက မီးလောင်ပျက်စီးသွားတဲ့ အိမ်နေရာတွေမှာ ၃ ထပ်နဲ့ ၄ ထပ်တိုက်တွေ ဆောက်ပေးမယ်၊ ရပ်ကွက်တခုမှာ တိုက်ခန်းပေါင်း ၁၅၀၀နဲ့ စုစုပေါင်း တိုက်ခန်း ၃၀၀၀ ကျော် ဆောက်ပေးဖို့ ရှိတယ်လို့ သက်ဆိုင်ရာက ကြေညာ ထားကြောင်းသိရပါတယ်။

ဒါပေမယ့် နေအိမ်မီးလောင် ပျက်စီးဆုံးရှုံးသူတွေက သူတို့မြေနေရာ တွေမှာပဲ ပြန်လည်နေထိုင်လိုတဲ့အကြောင်း၊ သီရိမင်္ဂလာ ရပ်ကွက်မှာ လမ်းမတန်းမြေကွက်တွေက သိန်း ၇၀၀နဲ့ ၈၀၀ ကြား တန်ကြေး ရှိတဲ့အတွက် တန်ကြေးရှိတဲ့ မြေနေရာကိုပဲ ပြန် လိုချင်နေကြတာဖြစ်တယ်လို့လည်း ပြောပါတယ်။

မေလ-၂၇၊ ၂၀၁၃

မိတ္ထီလာ ။ ။ မိတ္ထီလာမြို့ရှိ မွတ်စလင်မ် သုဿာန်အား ဖျက်၍ ကားကွင်းပြုလုပ်ရန် စီစဉ်နေသည်ဟု ကြားသိရသည့်အတွက် ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ “ကျွန်တော်တို့ မွတ်စလင်မ်သုသာန်အဟောင်းပေါ့။ အဲဒါကို မြေကော်စက်နဲ့ ထိုးဖို့လုပ်တော့မယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီပထမအကြိမ်အစည်းအဝေးကို ယနေ့ မေလ ၂၇ ရက်နေ့က တော်ဝင်နှင်းဆီခန်းမတွင်ကျင်းပပြုလုပ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီပထမအကြိမ်အစည်းအဝေးကို ယနေ့ မေလ ၂၇ ရက်နေ့က တော်ဝင်နှင်းဆီခန်းမတွင်ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။

ရတနာပုံုံ ဆိုက်ဘာ စီးတီတွင် တက်ရောက်နေသော ရခိုင်မှ ဒုတိယနှစ် ကျောင်းသား တစ်ဦး ရေနစ်သေဆုံး

Photo: ရတနာပုံုံ ဆိုက်ဘာ စီးတီတွင် တက်ရောက်နေသော ရခိုင်မှ ဒုတိယနှစ် ကျောင်းသား တစ်ဦး ရေနစ်သေဆုံး

မေလ ၂၆ ရက် ၂၀၁၃

ပြင်ဦးလွှင်မြို့ ရတနာပုံုံ ဆိုက်ဘာ စီးတီတွင် တက်ရောက် သင်ကြားနေသော ရခိုင်မှ ကျောင်းသား တစ်ဦးသည် နောင်ချို အင်ဝိုင်း ရေတံခွန်တွင် ယမန်နေ့က ရေနစ် သေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ သံတွဲမြို့မှ University of Technology ( Yatanarpon Cyber City)  တွင် တက်ရောက် သင်ကြားနေသော ဒုတိယနှစ် ကျောင်းသား တစ်ဦးဖြစ်သူ ကိုဇင်မင်းဦး ဖြစ်သည်။

အခြား ကျောင်းသား ၂၀ ဦးခန့်နှင့် အတူ နောင်ချို့မြို့နယ် အင်ဝိုင်း ရေတံခွန်သို့ သွားရောက် လည်ပတ်စဉ် အဆိုပါ ရေတံခွန် ရေနစ်သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်မှာ ယမန်နေ့ နေ့လည် တစ်နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သူ၏ အလောင်းအား ယမန်နေ့  ညနေ ၄ နာရီခန့်တွင် ပြန်လည် ရရှိခဲ့သည်ဟု ဆိုသည်။

သူ့အား မနက်ဖြန် တနင်္လာနေ့တွင် ပြင်ဦးလွှင်တွင် သဂြိုလ်မည်ဟု သတင်း ရရှိသည်။

Narinjara

ပြင်ဦးလွှင်မြို့ ရတနာပုံုံ ဆိုက်ဘာ စီးတီတွင် တက်ရောက် သင်ကြားနေသော ရခိုင်မှ ကျောင်းသား တစ်ဦးသည် နောင်ချို အင်ဝိုင်း ရေတံခွန်တွင် ယမန်နေ့က ရေနစ် သေဆုံးသွားကြောင်း သတင်း ရရှိသည်။

ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ငြိမ်းချမ်းရေး ကိုယ်စား လှယ်များ အား မြစ်ကြီးနားလူထု သောင်းချီကြိုဆို

Photo: KIO ကိုယ်စားလှယ်များအား မြစ်ကြီးနားလူထု သောင်းချီကြိုဆို

မေလ ၂၇ ရက် ၂၀၁၃

ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ငြိမ်းချမ်းရေး ကိုယ်စား လှယ်များ ယနေ့ မွန်းလွဲပိုင်း ၁၂ နာရီချိန်တွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာရာ ကချင်ပြည်သူလူထု ၃ သောင်းခန့် လာရောက် ကြိုဆိုနေသည်ဟု ကိုယ်တိုင်သွားရောက်ကြိုဆိုနေသူ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) အတွင်းရေးမှူး ဆရာကြီး ဒေါက်တာခလမ်ဆမ်ဇွန် က ပြောသည်။

မေလ ၂၈ ရက်နေ့ ငြိမ်းချမ်းရေးတွေ့ဆုံ ဆွေးနွေးရန် KIO ဘက်မှ ဦးဆွမ်းလွတ်ဂမ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ ဒုစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် ဂွမ်မော်တို့ မြစ်ကြီးနားမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“ကျနော်ကြိုဆိုတဲ့နေရာမှာ ရောက်နေတယ်။ ပြည်သူတွေက သောင်းနဲ့ချီ သောင်းသောင်း ဖျဖျ ကြိုဆိုနေကြတယ်၊ KIO ကို။ လူက သုံးလေးသောင်းလောက် ရှိမယ်။ တိုက်ပွဲဖြစ်တဲ့နောက်မှာ ပထမဦးဆုံးအကြိမ် ရောက်လာတဲ့ အတွက်ကြောင့် ဝမ်းသာမှုကတော့ အပြည့်ပဲ။ ဒီမှာ တွေ့နေရတယ်။ ခု ဆက်ဆံရေးရုံးရှေ့မှာ ရောက်နေပြီ” ဟု ဒေါက်တာခလမ်ဆမ်ဇွန် က မဇ္ဈိမကို ပြောသည်။

ထိုကြိုဆိုသူများက KIO/KIA အလံများ ကိုင်၍ “ကေအိုင်အိုနဲ့ ပြည်သူ တခုတည်းဖြစ်တယ်ဆိုပြီး အော်ကြတယ်” “ကချင်အားလုံးဟာ ကေအိုင်အို ဖြစ်တယ်ဆိုတာ အော်ကြတယ်” ဟု ၎င်းက ဆက်ပြောသည်။

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေး အဖွဲ့မှ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များလည်း မြစ်ကြီးနားမြို့သို့ ရောက်နှင့်နေပြီး ဖြစ်သည်။

Mizzima

မေလ ၂၇ ရက် ၂၀၁၃
ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ငြိမ်းချမ်းရေး ကိုယ်စား လှယ်များ ယနေ့ မွန်းလွဲပိုင်း ၁၂ နာရီချိန်တွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာရာ ကချင်ပြည်သူလူထု ၃ သောင်းခန့် လာရောက် ကြိုဆိုနေသည်ဟု ကိုယ်တိုင်သွားရောက်ကြိုဆိုနေသူ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) အတွင်းရေးမှူး ဆရာကြီး ဒေါက်တာခလမ်ဆမ်ဇွန် က ပြောသည်။

INVEST 94B ပိုမိုအားကောင်း၍ ၃၆ နာရီအတွင်း မုန်တိုင်း ဖြစ်လာနိုင်မည်

INVEST 94B ပိုမိုအားကောင်း၍ ၃၆ နာရီအတွင်း မုန်တိုင်း ဖြစ်လာနိုင်မည်
By mmweather.ygn, on May 27th, 2013
http://blog.mmweather.com/2013/05/27/invest-94b-bay-of-bengal-3/

မေလ ၂၇ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ လေဖိအားနည်းဆဲလ် 94B သည် တောင်-အနောက်တောင်သို့ ချိုးကွေ့ပြီး
စစ်တွေမြို့ အနောက်-အနောက်တောင်ဘက် ၂ဝ၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် မိုင် ၂၃ဝ ခန့်၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ တောင်-အရှေ့တောင်ဘက် မိုင်၂၂ဝ ခန့် ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းသို့ ရွေ့လျားရောက်ရှိပြီး ပင်လယ်ရေပြင်၌ ဆက်လက်တည်ရှိပေါသည်။

94B သည် လွန်ခဲ့သည့် ၆ နာရီအတွင်း တောင်-အနောက်တောင်ဘက်သို့ တစ်နာရီ ၁၈ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပြီး လက်ရှိအချိန်တွင် အင်အားကောင်းလာသည့် အခြေအနေမရှိသော်လည်း တိမ်ထုစုဖွဲ့ဖြစ်ပေါ်မှု အခြေအနေမှာ အားကောင်းနေသည့် အခြေအနေတွင် တွေ့ရပါသည်။

GFS ကွန်ပျူတာမော်ဒယ် အချက်အလက်များအား WUND မှ ပုံဖေါ်ရရှိသည့် ကြိုတင်ခန့်မှန်းချက်တွင် မေလ ၂၈ ရက် မြန်မာစံတော်ချိန် ညနေ ၁၈း၃ဝ နာရီမတိုင်မီ(ယနေ့နံနက် ဝ၆၃ဝ နာရီ MST မှ ၃၆ နာရီ အတွင်း)
94B သည် ပိုမိုအင်အားကောင်းလာပြီး မုန်တိုင်းဗဟို၌ လေပြင်းတိုက်ခတ်နှုန်း တစ်နာရီ မိုင် ၅ဝ နှုန်းအထိ ရှိလာမည့် မုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း တွေ့ရပါသည်။

လေဖိအားနည်းဆဲလ် INVEST 94B
27 May 2013 0600Z
Location: 19.6 89.8
Winds: 15 knots
Central Pressure: 1010 hPa

ကျန်ရှိသေးသည့် ပုံများအား ဆက်လက် လေ့လာရန် http://blog.mmweather.com/2013/05/27/invest-94b-bay-of-bengal-3/

May 27th, 2013
မေလ ၂၇ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ လေဖိအားနည်းဆဲလ် 94B သည် တောင်-အနောက်တောင်သို့ ချိုးကွေ့ပြီး
စစ်တွေမြို့ အနောက်-အနောက်တောင်ဘက် ၂ဝ၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် မိုင် ၂၃ဝ ခန့်၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ တောင်-အရှေ့တောင်ဘက် မိုင်၂၂ဝ ခန့် ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းသို့ ရွေ့လျားရောက်ရှိပြီး ပင်လယ်ရေပြင်၌ ဆက်လက်တည်ရှိပေါသည်။

မိတ္တီလာမြို့ရှိ မွတ်စလင်မ် သုဿန်ဟောင်းကို ယနေ့မနက်မှ စတင်ပြီး ဖျက်သိမ်းလျက်ရှိ

မေ-၂၇၊၂၀၁၃

မိတ္ထီလာမြို့ဦး ဗလီနား အောင်ဇေယျာ နယ်မြေရှိ မွတ်စလင် သုဿန်ဟောင်းအား ယနေ့ မနက် ၁၀ နာရီ အချိန်ခန့်က မြေထိုးစက်များ အသုံးပြုပြီး ဖျက်သိမ်းနေကြောင်း သတင်းရရှိပါသည်။ မွတ်စလင်မ် သုဿန်ကို ဖျက်သိမ်းနေချိန်တွင် လုံခြုံရေးအပြည့်ယူထားကြောင်း၊စစ်သားများ၊ရဲများ၊လုံခြုံရေး လက်ပတ်များ ပတ်ထား

သော အရပ်သားများပါ စောင့်ကြပ်နေကြကြောင်း မြို့ခံတဦးက အတည်ပြုပြောကြား လာပါသည်။

ညီမငယ်များလေ့လာသင့်တဲ့ "အပျို၊အပျိုစစ်နှင့် အပျိုစင်"


အပျို၊အပျိုစစ်နှင့် အပျိုစင် ဆိုတဲ့ ဒီပို့ စ်လေးကို ညီမငယ်လေးတွေ ခွဲခြားသိမြင်အောင်လို့  ရေးလိုက်တာပါ
...။ မိန်းမဋီကာကြီးကို ကျေညက်လို့ လဲ မဟုတ်ရပါ....။ ခေတ်ရေစီးကြောင်းအရ တဖြည်းဖြည်း စီးဆင်းလာ
တဲ့ ဒီရေစီးကြောင်းကြီးထဲမှာ လူမှုရေး ၊စီးပွားရေး တွေအပြင် ယဉ်ကျေးမှု တွေပါ တိုက်စားခံလာရပါပြီး....။ နယ်ချဲ့ လာတဲ့ အနောက်တိုင်း ယဉ်ကျေးမှုက ခုဆိုရင် မြန်မာ့မြေပေါ် ဝင်ရောက်လာခဲ့ပါပြီး...။

သိရှိထားသင့်သော မြေအမျိုးအစားများနှင့် မြေအမျိုးအစား တစ်ခုချင်းစီ၏ အသုံးဝင်ပုံများ

၁။ (က) မြေပိုင်မြေ (ခ) ဘိုးဘွားပိုင်မြေ (ဂ) ဂရန်ရှိမြေပိုင်မြေ ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချပိုင်ဆိုင်လာ၍ လွှဲပြောင်းဆက်ခံခွင့်ရှိသော မြေမျိုးဖြစ်သည်။
(၁) မြေအမည်ပေါက် ကိုယ်တိုင်ရောင်းချခွင့် ရှိသည်။
(၂) မြေအမည်ပေါက်ထံမှ အမွေဆက်ခံပိုင်သူက ရောင်းချခွင့်ရှိသည်။

လေလံကား ဝယ်စီးရသည့် ဆိုးကျိုး

လေလံကား ဝယ်စီးရသည့် ဆိုးကျိုး

တစ်ပတ်ရစ်ကား၊ လေလံကားဆိုတာ လက်ရှိ မြန်မာပြည်က ကားတွေ အတော်များများပါ။ အင်ဂျင်ပါဝါ ဘယ်လောက်စီစီကို အခွန်ဘယ်လောက်နဲ့ ဆိုပြီး သွင်းနေတဲ့ ကားအားလုံးကို ဆိုလိုပါတယ်။ သူနဲ့ပက်သက်ပြီး ရရှိနေတဲ့ ဆိုးကျိုးအချို့ ကိုဖော်ပြ ပေးလိုက် ရပါတယ်။

ကား မကောင်း


ဒါက ရှင်းပြစရာတောင် မလိုပါဘူး။ ကားတွေတောင် မကောင်းလို့ Grade အမျိုးမျိုးခွဲ သွင်းကြတယ်။ Grade A ဘာ၊ Grade B ပါနဲ့ နောက်ဆုံးတော့ ဘယ်လိုပဲ ခွဲခွဲ ကားတွေက အပြစ်အနာအဆာတွေနဲ့ချည်းပါ။ အပြင်မှာ လှနေရင်တောင် အတွင်းက အတော်လေး ဝါရင့်နေပါပြီ။


ကျန်းမာရေး ထိခိုက်

ဂျပန်နိုင်ငံမှာက သတ်မှတ်ထားပြီးသား။ ဘယ် ၂ ကီလိုမီတာ မောင်းပြီးတဲ့ ကား တစ်စီးအနေနဲ့ အင်ဂျင်က ထုတ်တဲ့ အိတ်ဇော ဘယ်လောက်ထိ အရောင့် ရင့်လာမယ်ဆိုတာကအစ၊ အသံ ဘယ်လောက် ဆူညံလာမယ်ဆိုတာကအစ ၊ ကားတစ်ကိုယ်လုံးမှာ အသုံးပြုတဲ့ ခဲ၊ သတ္တုတွေကနေ အပူချိန်ကြောင့် အငွေထွက်ပြီး ကျန်းမာရေး ထိခိုက်မှာတွေ တစ်ခါတည်းတွက်ချက်ပြီး နှစ်ကြာတဲ့ကားဖြစ်လေ အခွန်ဆောင်ခိုင်းတာ ပိုတိုးလာလေပါပဲ။ ဒီတော့ ၂ နှစ်လောက်မောင်းပြီးရင် လေလံကွင်းပို့ကြ တယ်လေ။

ကျနော်တို့ မြန်မာပြည်က သူတို့ ကျန်းမာရေး ထိခိုက်မှာစိုးလို့ ပို့လိုက်တဲ့ ကားတွေကို အသုံးပြုနေကြပါတယ်။ မီးခိုးတစ်လူလူနဲ့၊ မမြင်နိုင်တဲ့ အငွေ့ တွေနဲ့ ကျန်းမာရေးကို ထိခိုက်စေမှာ အမှန်ပါပဲ။

လောင်စာဆီ ပိုမို ဆုံးရှုံး

အင်ဂျင်တစ်လုံးဟာ သူ့ရဲ့  Running hour တစ်ခု အတွင်းပဲ အကောင်းဆုံး အလုပ်လုပ်တာပါ။ သက်တမ်းရင့်လာတဲ့ အင်ဂျင်ဖြစ်လေ performance ကျလေပါပဲ။ ဆိုးကျိုးကတော့ လောင်စာဆီ ပိုစားလာတယ်။ အရင်က လေ၊ ဆီ အချိုးက နှစ်ကြာလာတော့ ပြောင်းလဲလာပြီး ဆီအချိုး ပိုကြီးလာ တတ်ပါတယ်။ ဒီတော့ ဓာတ်ဆီဆိုင်မှာ အတန်းဆီရတဲ့ အခြေအနေက ပိုများ လာတာပေါ့။ ကြားထဲက မသန့်တဲ့ ဆီသုံးမိရင် ခံရမယ့် ဒုက္ခက မသေးပါဘူး။

ပတ်ဝန်းကျင် ညစ်ညမ်းစေ

ဂျပန်မှာက ကားတစ်စီး မီးခိုး အရောင်ဘယ်လောက်ကို ဘယ်လောက် ကြာကြာ ထွက်ရင် ဒဏ်ငွေ ဘယ်လောက် ဆောင်ရမယ် ဆိုတာ တစ်ခါတည်း သက်မှတ်ထားပြီးသားပါ။ ဒီတော့ စက်ထုတ်လုပ်သူတွေက မီးခိုး သက်သာအောင် ဖော်မြူလာမျိုးစုံနဲ့ ဖန်တီးပါတယ်။ မီးခိုးမထွက်တဲ့ ကားတော့ ဘယ်ရှိမလဲ။ အနည်းနိုင်ဆုံးဖြစ်အောင် တော့ ဖန်တီးကြတာ ပေါ့။ မြန်မာပြည်ရောက်လာတဲ့ ကားတွေက ဂျပန်တွေမှာ မကောင်းတော့တာတွေ များတယ်လေ။ မီးခိုးအတွက် စည်းကမ်းသတ်မှတ် မှုကို အချို့ က ကျော်လွန်နေကြပြီ။ အချို့ က ကျော်လွန်ခါနီး။ ဒီတော့ သဘာဝ ပတ်ဝန်းကျင်ကို ကြိမ်းသေ ညစ်နွမ်းစေပါတယ်။

အာမခံ မရ

ပရီမီယံ ကားတစ်စီးနဲ့ အဟောာင်း တစ်စီး ပြိုင်တူဝယ်ရင် ဘယ်တစ်စီးက အာမခံရမယ်ဆိုတာ အားလုံး သိကြမှာပါ။ အဟောင်းက ကားပိုင်ရှင်ရောင်းလေ။ ကုမ္မဏီရောင်း မဟုတ်ဘူး။ အာမခံ မရှိဘူး။ ဒီတော့ အာမခံဆို ဝေလာဝေး။ နိုင်ငံကြီးတွေမှာ ကားအစိတ်အပိုင်း တစ်ခုခု ဖြစ်တယ် ဆိုရင် ကုမ္မဏီက မျက်နှာအပျက်မခံနိုင်လို့ ချက်ချင်း ခေါ်ယူပြီး ပြန်လည်ပြင်ဆင်ပေးရပါတယ်။ ဒါတောင် စီးတဲ့သူက မကျေနပ်ရင် တရားဆွဲလို့ ရပါတယ်။ ဒီလိုအခွင့်အရေးကို တစ်ပတ်ရစ်ကား ဝယ်စီးသူများ မရနိုင်ပါဘူး။ အစိတ်အပိုင်း တစ်ခုချင်းစီ အတွက် အာမခံလည်း မရှိတဲ့အတွက် ကိုယ်ပျက်၊ ကိုယ်ပြင်၊ ကိုယ်ကုန်ပါ။

ဈေးမသက်သာ

အမှန်တော့ တစ်ပတ်ရစ်ကားမှန်ရင် ဈေးသက်သာပါတယ်။ လက်ရှိ မြန်မာပြည် အခြေအနေအရသာ ဈေးကြီးနေတာပါ။ တစ်ပတ်ရစ် ကားသာ ဆိုပါတယ်။ အော်ရီဂျင်နယ်ကား ဝယ်စီးရတဲ့ တန်ဖိုးထက်တောင် ၂ ဆ၊ ၃ ဆ မကလည်း ဈေးကြီးနေတတ်ပါတယ်။ မြန်မာငွေ သိန်း ၅၀၀ ဆိုတာ အမေရိကန်ဒေါ်လာ ၅ သောင်းဆိုရင် US မှာ ကောင်းပါတယ် ဆိုတဲ့ ပြိုင်ကားတွေ ဝယ်စီးလို့ရပါပြီ။ ဒါကတော့ သူ့ခေတ်သူ့ခါပေါ့။ နောက်လည်း ပြောင်းလဲလာတော့မှာပါ။

နိဂုံးချုပ်

အားနည်းချက်၊ ဆိုးကျိုးတွေကတော့ အများကြီးပါ။ သို့ပေမယ့် လက်ရှိ မြန်မာ ပြည်အနေအထားက တစ်ပတ်ရစ်ကား ဈေးကွက်ကိုသာ မှီခိုခွင့် ရှိနေပါသေးတယ်။ ဒါမှ မစီးရင်လည်း စီးစရာ မရှိပါဘူး။ ကား Brand အတော်များများ မြန်မာပြည် ဝင်ဖို့ ပြင်ဆင်နေပြီလို့ ကြားသိရပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေ အရှင်းဆုံး တစ်နေ့ကျ အာမခံအပြည့်အဝရ၊ ကမ္ဘာ့ တန်းတူ ကားများ စီးရမှာပေါ့။ လောလောဆယ်တော့ လေလံကား များနဲ့ ကျေနပ်နေကြရ အုံးမှာပါ။
-
Burmese Treasure

တစ်ပတ်ရစ်ကား၊ လေလံကားဆိုတာ လက်ရှိ မြန်မာပြည်က ကားတွေ အတော်များများပါ။ အင်ဂျင်ပါဝါ ဘယ်လောက်စီစီကို အခွန်ဘယ်လောက်နဲ့ ဆိုပြီး သွင်းနေတဲ့ ကားအားလုံးကို ဆိုလိုပါတယ်။ သူနဲ့ပက်
သက်ပြီး ရရှိနေတဲ့ ဆိုးကျိုးအချို့ ကိုဖော်ပြ ပေးလိုက် ရပါတယ်။

ရှမ်းပြည်နယ် အောင်ပန်း- ကလောသွား ကားလမ်းတွင် ဆိုင်ကယ်တစ်စီး ချောင်းထဲကျ၍ လူသေဆုံးမှုဖြစ်ပွား

ရှမ်းပြည်နယ် အောင်ပန်း- ကလောသွား ကားလမ်း မိုင်တိုင် အမှတ်(၇၆) အနီး ရေချောင်းတံတား အောက်တွင် မေ ၂၄ ရက် မွန်းလွဲ ၂ နာရီက အမျိုးသား အလောင်း တစ်လောင်းနှင့် ရှေ့ပိုင်း ပျက်စီး နေသည့် JLM 110 မော်တော် ဆိုင်ကယ်တစ်စီး တွေ့ရှိခဲ့သည်။

ဆိပ်ကြီး ခနောင်တို ကိုသွားတဲ့ စက်တပ်သမ္ဗန် တိမ်းမှောက်မှု ဖြစ်ပွား

ရန်ကုန် အနောက်ပိုင်း ခရိုင် အလုံမြို့နယ် မေဒေး သမ္ဗန် ဆိပ်ကမ်းမှ ဆိပ်ကြီး ခနောင်တို မြို့နယ် ဂျင်ဝိုင်းလေး ကျေးရွာသို့ ခရီးသည် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီး တစ်ဦး တင်ဆောင်ပြီး ကိုမိုးလွင် မောင်းနှင်သော အမှတ် ခ-ဝ၁ဝ မေတ္တာနိုင် စက်တပ် သမ္ဗန်သည် ယမန်နေ့ ည ၈ နာရီ ၅၅ မိနစ်က ရေလယ် အရောက်၌ စက်ချွတ်ယွင်းမှု ဖြစ်ပွားပြီး ရေစီးဖြင့် မျောကာ ရေလယ်ပွိုင့်တွင် ဆိုက်ကပ်ထားသော စီဘီ သင်္ဘော နှစ်စင်းကြား ရောက်သွားပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြုစာမေးပွဲကျင်းပမည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု Network စာမေးပွဲကို ၂ဝ၁၃ ခုနှစ်၊ ဇွန်လတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် အသင်းခွဲများရှိရာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း နှင့် ရှမ်းပြည်နယ်တို့တွင် တပြိုင်နက် ကျင်းပစစ်ဆေးသွားမည်ဖြစ်ပါသည်။

ဆိုရှယ်မီဒီယာတွင် လူမျိုးရေး ခွဲခြားသော မှတ်ချက်များ ရေးသူ ၃ ဦး ဗြိတိန်တွင် ဖမ်းဆီး