Pages

Monday, May 27, 2013

မိတ္ထီလာမြို့ရှိ မွတ်စလင်မ် သုဿာန်အား ဖျက်၍ ကားကွင်းပြုလုပ်ရန် စီစဉ်နေ (မြို့ခံတစ်ဦးနှင့်ဆက်သွယ်မေးမြန်းချက်)

မေလ-၂၇၊ ၂၀၁၃
M-Media
ဇာဏီ

မိတ္ထီလာ ။           ။      မိတ္ထီလာမြို့ရှိ မွတ်စလင်မ် သုဿာန်အား ဖျက်၍ ကားကွင်းပြုလုပ်ရန် စီစဉ်နေသည်ဟု ကြားသိရသည့်အတွက် ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

“ကျွန်တော်တို့ မွတ်စလင်မ်သုသာန်အဟောင်းပေါ့။ အဲဒါကို မြေကော်စက်နဲ့ ထိုးဖို့လုပ်တော့မယ်။ မိတ္ထီလာမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဌာန တိုင်းဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြီးခဲ့တဲ့တစ်ပတ် တနင်္ဂနွေနေ့က ခေါ်ပြောတယ်။ လာမယ့်အပတ် – လာမယ့်အပတ်လို့ပြောတာ မနက်ဖြန်ပေါ့။ အဲဒီနေ့မှာ ကားကွင်းအဖြစ် ပြုလုပ်မှာဖြစ်တယ်လို့ ခေါ်ပြောတယ်။ ကားကွင်းဆိုတာ မိတ္ထီလာကားကွင်းကို နေရာပြောင်းမယ်လို့ ပြောတယ်။  ဒီသုသာန် အခုလိုပဲ ဖျက်မယ်ဆိုတာ ဦးသိန်းစိန် သမ္မတဖြစ်စအချိန်က သတင်းထွက်ပေါ်လာတယ်။ အဲဒါကို မွတ်စလင်မ်တွေက ၀ိုင်းပြီး ပြောလိုက်ကြတော့ ခဏနားထားဦးဆိုပြီးဖြစ်သွားတယ်။ အခုတော့ ဖျက်ပစ်ဖို့ ပြန်လုပ်နေတယ်။ ကျွန်တော်တို့မှာ လူတွေသတ်ခံရ၊ အိမ်တွေ မီးရှို့ခံရ၊ ဖျက်ဆီးခံရ၊ မိသားစုတကွဲတပြားစီဖြစ်လို့ စိတ်သောကတွေရောက်နေတဲ့အချိန်မှာ အခုတစ်ခါထပ်ပြီး သုဿာန်ကို ဖျက်ဦးမယ်ဆိုတော့ စိတ်ထိခိုက်တယ်ဗျာ။ မနက်ဖြန်ကို လုပ်လိမ့်မယ်ဆိုတာလည်း ကျွန်တော် တစ်ထစ်ချ ခံစားမိနေတယ်။ ဟုတ်ကဲ့ အခုထိတော့ အစောင့်ချထားတာ၊ မြေထိုးစက်တွေ ရပ်ထားတာမရှိပေမယ့် မနက်ဖြန်ကို သူတို့လုပ်မယ်လို့ ကြေညာထားပြီးသားဖြစ်လို့ လုပ်မှာပါ။ သူတို့ဘက်က တရားဝင် စာပို့တာတော့ မဟုတ်ဘူး၊ ပါးစပ်ကပဲ ပြောနေတာ။” လို့ M-Media ကိုပြောပြရင်း ဆက်လက်ပြောပြလာပါတယ်။

“ချမ်းအေးသာယာမှာလည်း ဒီနေ့ မြေကော်စက်နဲ့ထိုးတယ်လေ။ မနက်ဖြန်လည်း ထိုးဦးမှာ။ ချမ်းအေးသာယာဆိုတာ မိတ္ထီလာမှာ မီးရှို့ခံလိုက်ရတဲ့ မွတ်စလင်မ်ရပ်ကွက်ပါ။ မီးလောင်ခံလိုက်ရတဲ့အိမ်တွေကို တိုက်ခန်း အသစ်ပြန်ဆောက်မှာမို့ လို့ဆိုပြီး မြေကော်စက်တွေနဲ့ ထိုးနေတာ။ အဲဒါတွေက စိတ်တွေကို ပိုပြီးဒဏ်ရာရအောင် လုပ်တယ်လို့ သူတို့ပြောကြတယ်။ အဲဒီ ရပ်ကွက်က ဗုဒ္ဓဘာသာ အနည်းစုပဲရှိတာ။ မွတ်စလင်မ်အများစုရှိတယ်။

စီးပွားရေးလုပ်ငန်းကိစ္စတွေအနေနဲ့က လုပ်ငန်းရှင်တွေရှိတယ်။ သူတို့တွေ ဆိုင်ပိုင်ရှင်တွေ ဂိုဒေါင်တွေရှိကြတယ်။ ဂိုဒေါင်တွေ ဖွင့်ဖို့ကို တချို့ရပ်ကွက်တွေက လက်မခံဘူး။ တချို့ရပ်ကွက်တွေကတော့ ကောင်းပါတယ်။ တချို့ရပ်ကွက်တွေက သူတို့ပြောတဲ့ ရပ်မိရပ်ဖဆိုသူတွေက ဂိုဒေါင်တွေ မဖွင့်ရဘူးလို့ပြောတယ်။ တချို့ကတော့ ကောင်းပါတယ်။

နောက်တစ်ခုက ဗလီနဲ့ ပတ်သက်တာတွေပါ။ ဗလီတွေပိတ်ထားတာ တော်တော်ကြာပြီ။ ကောင်းတဲ့ ဗလီတွေရော၊ မကောင်းတော့တဲ့ ဗလီတွေရော ပိတ်ထားရတယ်။ ကောင်းတဲ့ ဗလီတွေကို ပြန်လည် သန့်ရှင်းရေးလုပ်ပြီး ဘုရားဝတ်ပြုရမယ်။  မကြာခင်မှာလည်း ကျွန်တော်တို့ရဲ့ ဥပုသ်လရောက်တော့မယ်။ ကျွန်တော်တို့အတွက် အများကြီး အခက်အခဲတွေ ရှိနိုင်တယ်။  ဒါကြောင့် ဗလီတွေပြန် ဖွင့်ခွင့်ရချင်တယ်။ အဲဒါလေးတွေကိုလည်း တာဝန်ရှိသူတွေအနေနဲ့ ကူညီပေးကြပါလို့ ကျွန်တော် တစ်ခါတည်း မေတ္တာရပ်ခံ တောင်းဆိုချင်ပါတယ်”လို့ M-Media ကို ပြောပြလာပါတယ်။

DVB မှာ ဖော်ပြထားတဲ့ သတင်းတပုဒ်အရ မိတ္ထီလာမြို့ချမ်းအေးသာယာနဲ့ သီရိမင်္ဂလာ ရပ်ကွက်တွေက မီးလောင်ပျက်စီးသွားတဲ့ အိမ်နေရာတွေမှာ ၃ ထပ်နဲ့ ၄ ထပ်တိုက်တွေ ဆောက်ပေးမယ်၊ ရပ်ကွက်တခုမှာ တိုက်ခန်းပေါင်း ၁၅၀၀နဲ့ စုစုပေါင်း တိုက်ခန်း ၃၀၀၀ ကျော် ဆောက်ပေးဖို့ ရှိတယ်လို့ သက်ဆိုင်ရာက ကြေညာ ထားကြောင်းသိရပါတယ်။

ဒါပေမယ့် နေအိမ်မီးလောင် ပျက်စီးဆုံးရှုံးသူတွေက သူတို့မြေနေရာ တွေမှာပဲ ပြန်လည်နေထိုင်လိုတဲ့အကြောင်း၊ သီရိမင်္ဂလာ ရပ်ကွက်မှာ လမ်းမတန်းမြေကွက်တွေက သိန်း ၇၀၀နဲ့ ၈၀၀ ကြား တန်ကြေး ရှိတဲ့အတွက် တန်ကြေးရှိတဲ့ မြေနေရာကိုပဲ ပြန် လိုချင်နေကြတာဖြစ်တယ်လို့လည်း ပြောပါတယ်။

မေလ-၂၇၊ ၂၀၁၃

မိတ္ထီလာ ။ ။ မိတ္ထီလာမြို့ရှိ မွတ်စလင်မ် သုဿာန်အား ဖျက်၍ ကားကွင်းပြုလုပ်ရန် စီစဉ်နေသည်ဟု ကြားသိရသည့်အတွက် ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ “ကျွန်တော်တို့ မွတ်စလင်မ်သုသာန်အဟောင်းပေါ့။ အဲဒါကို မြေကော်စက်နဲ့ ထိုးဖို့လုပ်တော့မယ်။ မိတ္ထီလာမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဌာန တိုင်းဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြီးခဲ့တဲ့တစ်ပတ် တနင်္ဂနွေနေ့က ခေါ်ပြောတယ်။ လာမယ့်အပတ် – လာမယ့်အပတ်လို့ပြောတာ မနက်ဖြန်ပေါ့။ အဲဒီနေ့မှာ ကားကွင်းအဖြစ် ပြုလုပ်မှာဖြစ်တယ်လို့ ခေါ်ပြောတယ်။ 
 
ကားကွင်းဆိုတာ မိတ္ထီလာကားကွင်းကို နေရာပြောင်းမယ်လို့ ပြောတယ်။ ဒီသုသာန် အခုလိုပဲ ဖျက်မယ်ဆိုတာ ဦးသိန်းစိန် သမ္မတဖြစ်စအချိန်က သတင်းထွက်ပေါ်လာတယ်။ အဲဒါကို မွတ်စလင်မ်တွေက ၀ိုင်းပြီး ပြောလိုက်ကြတော့ ခဏနားထားဦးဆိုပြီးဖြစ်သွားတယ်။ 
 
အခုတော့ ဖျက်ပစ်ဖို့ ပြန်လုပ်နေတယ်။ ကျွန်တော်တို့မှာ လူတွေသတ်ခံရ၊ အိမ်တွေ မီးရှို့ခံရ၊ ဖျက်ဆီးခံရ၊ မိသားစုတကွဲတပြားစီဖြစ်လို့ စိတ်သောကတွေရောက်နေတဲ့အချိန်မှာ အခုတစ်ခါထပ်ပြီး သုဿာန်ကို ဖျက်ဦးမယ်ဆိုတော့ စိတ်ထိခိုက်တယ်ဗျာ။ မနက်ဖြန်ကို လုပ်လိမ့်မယ်ဆိုတာလည်း ကျွန်တော် တစ်ထစ်ချ ခံစားမိနေတယ်။ 
 
ဟုတ်ကဲ့ အခုထိတော့ အစောင့်ချထားတာ၊ မြေထိုးစက်တွေ ရပ်ထားတာမရှိပေမယ့် မနက်ဖြန်ကို သူတို့လုပ်မယ်လို့ ကြေညာထားပြီးသားဖြစ်လို့ လုပ်မှာပါ။ သူတို့ဘက်က တရားဝင် စာပို့တာတော့ မဟုတ်ဘူး၊ ပါးစပ်ကပဲ ပြောနေတာ။” လို့ M-Media ကိုပြောပြရင်း ဆက်လက်ပြောပြလာပါတယ်။

“ချမ်းအေးသာယာမှာလည်း ဒီနေ့ မြေကော်စက်နဲ့ထိုးတယ်လေ။ မနက်ဖြန်လည်း ထိုးဦးမှာ။ ချမ်းအေးသာယာဆိုတာ မိတ္ထီလာမှာ မီးရှို့ခံလိုက်ရတဲ့ မွတ်စလင်မ်ရပ်ကွက်ပါ။ မီးလောင်ခံလိုက်ရတဲ့အိမ်တွေကို တိုက်ခန်း အသစ်ပြန်ဆောက်မှာမို့ လို့ဆိုပြီး မြေကော်စက်တွေနဲ့ ထိုးနေတာ။ အဲဒါတွေက စိတ်တွေကို ပိုပြီးဒဏ်ရာရအောင် လုပ်တယ်လို့ သူတို့ပြောကြတယ်။ အဲဒီ ရပ်ကွက်က ဗုဒ္ဓဘာသာ အနည်းစုပဲရှိတာ။ မွတ်စလင်မ်အများစုရှိတယ်။

စီးပွားရေးလုပ်ငန်းကိစ္စတွေအနေနဲ့က လုပ်ငန်းရှင်တွေရှိတယ်။ သူတို့တွေ ဆိုင်ပိုင်ရှင်တွေ ဂိုဒေါင်တွေရှိကြတယ်။ ဂိုဒေါင်တွေ ဖွင့်ဖို့ကို တချို့ရပ်ကွက်တွေက လက်မခံဘူး။ တချို့ရပ်ကွက်တွေကတော့ ကောင်းပါတယ်။ တချို့ရပ်ကွက်တွေက သူတို့ပြောတဲ့ ရပ်မိရပ်ဖဆိုသူတွေက ဂိုဒေါင်တွေ မဖွင့်ရဘူးလို့ပြောတယ်။ တချို့ကတော့ ကောင်းပါတယ်။

နောက်တစ်ခုက ဗလီနဲ့ ပတ်သက်တာတွေပါ။ ဗလီတွေပိတ်ထားတာ တော်တော်ကြာပြီ။ ကောင်းတဲ့ ဗလီတွေရော၊ မကောင်းတော့တဲ့ ဗလီတွေရော ပိတ်ထားရတယ်။ ကောင်းတဲ့ ဗလီတွေကို ပြန်လည် သန့်ရှင်းရေးလုပ်ပြီး ဘုရားဝတ်ပြုရမယ်။ မကြာခင်မှာလည်း ကျွန်တော်တို့ရဲ့ ဥပုသ်လရောက်တော့မယ်။ ကျွန်တော်တို့အတွက် အများကြီး အခက်အခဲတွေ ရှိနိုင်တယ်။ ဒါကြောင့် ဗလီတွေပြန် ဖွင့်ခွင့်ရချင်တယ်။ အဲဒါလေးတွေကိုလည်း တာဝန်ရှိသူတွေအနေနဲ့ ကူညီပေးကြပါလို့ ကျွန်တော် တစ်ခါတည်း မေတ္တာရပ်ခံ တောင်းဆိုချင်ပါတယ်”လို့ M-Media ကို ပြောပြလာပါတယ်။

DVB မှာ ဖော်ပြထားတဲ့ သတင်းတပုဒ်အရ မိတ္ထီလာမြို့ချမ်းအေးသာယာနဲ့ သီရိမင်္ဂလာ ရပ်ကွက်တွေက မီးလောင်ပျက်စီးသွားတဲ့ အိမ်နေရာတွေမှာ ၃ ထပ်နဲ့ ၄ ထပ်တိုက်တွေ ဆောက်ပေးမယ်၊ ရပ်ကွက်တခုမှာ တိုက်ခန်းပေါင်း ၁၅၀၀နဲ့ စုစုပေါင်း တိုက်ခန်း ၃၀၀၀ ကျော် ဆောက်ပေးဖို့ ရှိတယ်လို့ သက်ဆိုင်ရာက ကြေညာ ထားကြောင်းသိရပါတယ်။

ဒါပေမယ့် နေအိမ်မီးလောင် ပျက်စီးဆုံးရှုံးသူတွေက သူတို့မြေနေရာ တွေမှာပဲ ပြန်လည်နေထိုင်လိုတဲ့အကြောင်း၊ သီရိမင်္ဂလာ ရပ်ကွက်မှာ လမ်းမတန်းမြေကွက်တွေက သိန်း ၇၀၀နဲ့ ၈၀၀ ကြား တန်ကြေး ရှိတဲ့အတွက် တန်ကြေးရှိတဲ့ မြေနေရာကိုပဲ ပြန် လိုချင်နေကြတာဖြစ်တယ်လို့လည်း ပြောပါတယ်။
 
M-Media , Rangonnewsdaily
RND:  :27.5.2013

 

0 comments:

Post a Comment