Pages

Monday, May 27, 2013

INVEST 94B ပိုမိုအားကောင်း၍ ၃၆ နာရီအတွင်း မုန်တိုင်း ဖြစ်လာနိုင်မည်

INVEST 94B ပိုမိုအားကောင်း၍ ၃၆ နာရီအတွင်း မုန်တိုင်း ဖြစ်လာနိုင်မည်
By mmweather.ygn, on May 27th, 2013
http://blog.mmweather.com/2013/05/27/invest-94b-bay-of-bengal-3/

မေလ ၂၇ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ လေဖိအားနည်းဆဲလ် 94B သည် တောင်-အနောက်တောင်သို့ ချိုးကွေ့ပြီး
စစ်တွေမြို့ အနောက်-အနောက်တောင်ဘက် ၂ဝ၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် မိုင် ၂၃ဝ ခန့်၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ တောင်-အရှေ့တောင်ဘက် မိုင်၂၂ဝ ခန့် ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းသို့ ရွေ့လျားရောက်ရှိပြီး ပင်လယ်ရေပြင်၌ ဆက်လက်တည်ရှိပေါသည်။

94B သည် လွန်ခဲ့သည့် ၆ နာရီအတွင်း တောင်-အနောက်တောင်ဘက်သို့ တစ်နာရီ ၁၈ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပြီး လက်ရှိအချိန်တွင် အင်အားကောင်းလာသည့် အခြေအနေမရှိသော်လည်း တိမ်ထုစုဖွဲ့ဖြစ်ပေါ်မှု အခြေအနေမှာ အားကောင်းနေသည့် အခြေအနေတွင် တွေ့ရပါသည်။

GFS ကွန်ပျူတာမော်ဒယ် အချက်အလက်များအား WUND မှ ပုံဖေါ်ရရှိသည့် ကြိုတင်ခန့်မှန်းချက်တွင် မေလ ၂၈ ရက် မြန်မာစံတော်ချိန် ညနေ ၁၈း၃ဝ နာရီမတိုင်မီ(ယနေ့နံနက် ဝ၆၃ဝ နာရီ MST မှ ၃၆ နာရီ အတွင်း)
94B သည် ပိုမိုအင်အားကောင်းလာပြီး မုန်တိုင်းဗဟို၌ လေပြင်းတိုက်ခတ်နှုန်း တစ်နာရီ မိုင် ၅ဝ နှုန်းအထိ ရှိလာမည့် မုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း တွေ့ရပါသည်။

လေဖိအားနည်းဆဲလ် INVEST 94B
27 May 2013 0600Z
Location: 19.6 89.8
Winds: 15 knots
Central Pressure: 1010 hPa

ကျန်ရှိသေးသည့် ပုံများအား ဆက်လက် လေ့လာရန် http://blog.mmweather.com/2013/05/27/invest-94b-bay-of-bengal-3/

May 27th, 2013
မေလ ၂၇ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂း၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ လေဖိအားနည်းဆဲလ် 94B သည် တောင်-အနောက်တောင်သို့ ချိုးကွေ့ပြီး
စစ်တွေမြို့ အနောက်-အနောက်တောင်ဘက် ၂ဝ၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် မိုင် ၂၃ဝ ခန့်၊ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့ တောင်-အရှေ့တောင်ဘက် မိုင်၂၂ဝ ခန့် ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းသို့ ရွေ့လျားရောက်ရှိပြီး ပင်လယ်ရေပြင်၌ ဆက်လက်တည်ရှိပေါသည်။ 94B သည် လွန်ခဲ့သည့် ၆ နာရီအတွင်း တောင်-အနောက်တောင်ဘက်သို့ တစ်နာရီ ၁၈ မိုင်နှုန်းခန့်ဖြင့် ရွေ့လျားခဲ့ပြီး လက်ရှိအချိန်တွင် အင်အားကောင်းလာသည့် အခြေအနေမရှိသော်လည်း တိမ်ထုစုဖွဲ့ဖြစ်ပေါ်မှု အခြေအနေမှာ အားကောင်းနေသည့် အခြေအနေတွင် တွေ့ရပါသည်။

GFS ကွန်ပျူတာမော်ဒယ် အချက်အလက်များအား WUND မှ ပုံဖေါ်ရရှိသည့် ကြိုတင်ခန့်မှန်းချက်တွင် မေလ ၂၈ ရက် မြန်မာစံတော်ချိန် ညနေ ၁၈း၃ဝ နာရီမတိုင်မီ(ယနေ့နံနက် ဝ၆၃ဝ နာရီ MST မှ ၃၆ နာရီ အတွင်း) 94B သည် ပိုမိုအင်အားကောင်းလာပြီး မုန်တိုင်းဗဟို၌ လေပြင်းတိုက်ခတ်နှုန်း တစ်နာရီ မိုင် ၅ဝ နှုန်းအထိ ရှိလာမည့် မုန်တိုင်းအဆင့်သို့ ရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း တွေ့ရပါသည်။

လေဖိအားနည်းဆဲလ် INVEST 94B
27 May 2013 0600Z
Location: 19.6 89.8
Winds: 15 knots
Central Pressure: 1010 hPa
MM Weather , Rangonnewsdaily
RND:  :27.5.2013

0 comments:

Post a Comment