Pages

Monday, May 27, 2013

ရှမ်းပြည်နယ် အောင်ပန်း- ကလောသွား ကားလမ်းတွင် ဆိုင်ကယ်တစ်စီး ချောင်းထဲကျ၍ လူသေဆုံးမှုဖြစ်ပွား

ရှမ်းပြည်နယ် အောင်ပန်း- ကလောသွား ကားလမ်း မိုင်တိုင် အမှတ်(၇၆) အနီး ရေချောင်းတံတား အောက်တွင် မေ ၂၄ ရက် မွန်းလွဲ ၂ နာရီက အမျိုးသား အလောင်း တစ်လောင်းနှင့် ရှေ့ပိုင်း ပျက်စီး နေသည့် JLM 110 မော်တော် ဆိုင်ကယ်တစ်စီး တွေ့ရှိခဲ့သည်။ ဖြစ်စဉ်မှာ ရပ်ကွက်နေ ပြည်သူများ သတင်း ပေးချက်အရ နယ်မြေခံ ရဲတပ်ဖွဲ့မှ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ နိုင်လင်း ၂၄ နှစ် (ဘ)ဦးဝင်းမောင် နယ်မြေ(၂) အေးမြင့်သာယာ ရပ်ကွက် အောင်ပန်းမြို့ နေသူဖြစ်ပြီး အောင်ပန်းမှ ကလောသို့ ထွက်ခွာလာစဉ် အရှိန်လွန်၍ တံတားအောက် ပြုတ်ကျပြီး ရရှိသော ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ နိုင်လင်းအား အောင်ပန်း ရဲစခန်းမှ ယာဉ်(ပ)၇/၂ဝ၁၃ ပြစ်မှု ၃ဝ၄-(က)အရ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။
မြ၀တီ ,  Rangonnewsdaily
RND:  :27.5.2013

0 comments:

Post a Comment

 
world time