Pages

Monday, May 27, 2013

မန်းဘူတာနှင့်ရှမ်းစုဘူတာကြားတွ င် ရထားတိုက်၍ လူ ၂ ဦး သေဆုံး

မန္တလေး- မေ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ၄၂ လမ်း၊ ကုန်းကျော်တံတားအောက်၊ မိုင်တိုင်အမှတ်(၃၈၄/၇-၈)၊ မန္တလေးဘူတာ
နှင့်ရှမ်းစုဘူတာကြား၊ မန္တလေး-ရန်ကုန်ရထားသံလမ်းပေါ်တွင် မေ၂၆ရက်နံနက်၅နာရီကရထားတိုက်ခံရ
လူ၂ဦးသေဆုံးနေကြောင်းသတင်းအရမန္တလေးအမှတ်(၉)ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့
သည်။ ထိုသို့စစ်ဆေးရာ ကျောက်ဆည်မြို့၊ အေးမြကြည်လင်ရပ်ကွက်နေ စိုးမင်းသူ(၂၀)နှစ်အား မျက်နှာပွန်းပဲ့၊ ဦး
ခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာများဖြင့်လည်းကောင်း၊အသက်(၂၀)နှစ်ခန့်ရှိအမျိုးသမီးတစ်ဦးအား ဦးခေါင်း
ပြတ်၊ဦးခေါင်းကြေမွ၊ဘယ်ခြေကျင်းဝတ်ပြတ်၊ဘယ်ဒူးခေါင်းပေါက်ပြဲဒဏ်ရာများနှင့် မှောက်လျက်အနေအထား
ဖြင့်သေဆုံးနေကြောင်းတွေ့ရှိရသဖြင့်မန္တလေးဆေးရုံကြီးသို့ပို့အပ်ကာမန္တလေးအမှတ်(၉)ရဲစခန်း၊ သေမှုသေ
ခင်း အမှတ်စဉ်(၁၁/၂၀၁၃)ဖြင့်အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိသည်။
 
ရဲဇာနည် , Rangonnewsdaily
RND:  :27.5.2013

0 comments:

Post a Comment