Pages

Saturday, February 23, 2013

အိုင်ဖုန်းကို ပရော်ဖက်ရှင်နယ် ကင်မရာ တစ်လုံးအနေနဲ့ သုံးမယ်

အိုင်ဖုန်းကို ပရော်ဖက်ရှင်နယ် ကင်မရာ တစ်လုံးအနေနဲ့ သုံးမယ်

iPhone မှာပါတဲ့ ကင်မရာတွေကို သိသိသာသာကို ကွဲပြားပါတယ်။ ဒါကိုပဲ သူ့ရဲ့  အားသာချက် Feature တစ်ခုအနေနဲ့ Apple ကဂုဏ်တင်ပြောဆို လေ့ ရှိပါတယ်။

ယခု ယင်း ကောင်းပါတယ်ဆိုတဲ့ ကင်မရာကို ပရိုဓတ်ပုံဆရာတွေ ကိုင်တဲ့ ကင်မရာ တစ်လုံးလို ဖြစ်အောင် ဖန်တီးပေးမယ့် ပစ္စည်းလေးကတော့ ပုံမှာ ပြထားတဲ့ SLR mount ပဲ ဖြစ်ပါတယ်။ ဈေးလည်း မနည်းပါဘူး။ အမေရိကန် ဒေါ်လာ ၂၄၉ ဒေါ်လာဆိုရင် မြန်မာငွေနဲ့တွက်ရင် ၂ သိန်း အထက်မှာ ရှိနေမယ့် ပစ္စည်းလေးဖြစ်ပါတယ်။

သို့ပေမယ့် ဝယ်ရကျိုးနှပ်အောင် စွမ်းဆောင်ပေးမယ့် ပစ္စည်းလေးလို့ ဆိုပါ တယ်။ Canon EOS, Nikon SLR က မှန်ဘီးလူး အကောင်းစား တွေလိုပဲ ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက် ပေးမယ့် ယင်း Gadgets ကို နိုင်ငံတကာမှာ ရရှိနေပြီ ဖြစ်ပါတယ်။
--
Ref:engadgets
ရိုးရာလေး

iPhone မှာပါတဲ့ ကင်မရာတွေကို သိသိသာသာကို ကွဲပြားပါတယ်။ ဒါကိုပဲ သူ့ရဲ့  အားသာချက် Feature တစ်ခု
အနေနဲ့ Apple ကဂုဏ်တင်ပြောဆို လေ့ ရှိပါတယ်။

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် တွင် ယာဉ်တိမ်းမှောက်၍ (၄)ဦးသေ၊ (၃၆)ဦးဒဏ်ရာရ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
၂၂-၂-၂၀၁၃ ရက်နေ့ ၁၃၁၅ အချိန် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ မိုင်တိုင်(၆၂/၄) နန့်ခုတ်ကျေးရွာကုန်းဆင်းတွင် ရွှေကူမြို့နယ်၊ စီငန်းကျေးရွာသို့ မင်္ဂလာဆောင်သွားရာမှ ပြန်လာသော နန့်ခုတ်ကျေးရွာနေ ကိုမျိုး(ခ)၀င်းကို(၂၁)နှစ် မောင်းနှင်သည့် တုန်ဖုန်းယာဉ်မှာ တိမ်းမှောက်ခဲ့သဖြင့် နန်ခုတ်ကျေးရွာနေ မအေးမွန်(၂၈)နှစ် ပါ(၄)ဦးသည် အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး အမျိုးသား/

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဓါတ်ဆီပေပါထဲမှ သံပုံးထဲသို့ ဆီဖြည့်ရာမှ မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
၂၂-၂-၂၀၁၃ ရက်နေ့ ၁၁၃၀ ချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ၁၈ ရပ်ကွက်၊ မင်းကြီးညို လမ်း၊ သစ်အရောင်းအိမ်ယာဝင်းအနီးရှိ လမ်းဘေးတွင် (၁၉)ရပ်ကွက်နေ မသန္တာလွင်(၃၈)နှစ် ပိုင်ဆိုင် သည့် ““ကောင်းမွန်”” စက်သုံးဆီအရောင်းဆိုင်တွင် ဓါတ်ဆီပီပါထဲမှ ၄ ဂါလံအား သံပုံးထဲသို့ ဆီတုံကင် ဖြင့် ဆီဖြည့်နေစဉ် အပူရှိန်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွပ်နေပြည်သူများမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၁၄၅ ချိန် မီးငြိမ်းသွားခဲ့သည်။

လယ်တီဆရာတော်ဘုရားကြီး၏ ဆုံးမသြဝါဒ

လယ်တီဆရာတော်ဘုရားကြီး၏ ဆုံးမသြဝါဒ
•••••••••••••••••••••••••••••••••••••••

ဘုရားကို ယုံကြည်ရင် ဘုရားစကားကို နားထောင်ကြ။

... တရားကို ယုံကြည်ရင် တရားတော်နှင့်အညီ ကျင့်ကြံ အားထုတ်ကြ။

သံဃာတော်များကို ယုံကြည်ရင် သံဃာတော်များ ဟောကြားထားသည့်အတိုင်း လိုက်နာကြ။

ဟိုဟိုဒီဒီ သွေမဖီချင်ကြပါနဲ့။

မကွေ့မထောက်၊ ဖြောင့်ဖြောင့်တရား အရှိသားနဲ့ မှားသည့်အရာ မဟုတ်တာကို လိုက်နာမူးမူး နင်မရူးနှင့် ထူးသည့် မြတ်စွာရတနာကို ကောင်းစွာ လိုက်စား သတိထားလော့" ဆိုသလို ရတနာသုံးပါးကို ပတ္တမြား ဥသျှောင်ကဲ့သို့ အမြဲ ဆောင်ထားဖို့ အရေးကြီးပါတယ်။

[လယ်တီဆရာတော်ဘုရားကြီး]

အေးချမ်းမွန်မှ Royal Hero Media တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

ဘုရားကို ယုံကြည်ရင် ဘုရားစကားကို နားထောင်ကြ။
... တရားကို ယုံကြည်ရင် တရားတော်နှင့်အညီ ကျင့်ကြံ အားထုတ်ကြ။

သံဃာတော်များကို ယုံကြည်ရင် သံဃာတော်များ ဟောကြားထားသည့်အတိုင်း လိုက်နာကြ။

၂၄-၂-၂၀၀၃ (တနင်္ဂနွေနေ့)တွင် ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်၌ အင်တာနက် ပြတ်တောက်နိုင်ကြောင်း အသိပေးတင်ပြခြင်း

ရယ်တောင် ရယ်ရသေးတယ်။ အထူးအဆန်းလုပ်လို့။ ဘယ်တုန်းကများ ကောင်းနေလို့တုန်း။

၂၄-၂-၂၀၀၃ (တနင်္ဂနွေနေ့)တွင် ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော်၌ အင်တာနက် ပြတ်တောက်နိုင်ကြောင်း အသိပေးတင်ပြချက်ထုတ်ပြန်ထားကြောင်းသတင်းရရှိပါသည်

ဂျပန် နည်းပညာ လုပ်ငန်းစုကြီးကSony PlayStation 4 ဂိမ်းစက် စတင်မိတ်ဆက်

“Sony PlayStation 4 ဂိမ်းစက် စတင်မိတ်ဆက်”

Sonyက ၎င်းတို့၏ ဈေးကွက်ဗျူဟာ အဓိက ထုတ်ကုန် တစ်ခုဖြစ်သည့် စတုတ္ထမျိုးဆက် PlayStationဂိမ်းစက်ကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ဂျပန် နည်းပညာ လုပ်ငန်းစုကြီးက PS4 ဂိမ်းစက်သစ်ကို ထုတ်ဝေမည် ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ခရစ္စမတ် ကာလဝန်းကျင်တွင် ရောင်းချမည်ဟု ကြေညာခဲ့သည်။ 

သို့သော်လည်း မတူညီသည့် နိုင်ငံအလိုက် စတင်ရောင်းချမည့် နေ့ရက်မှာမူ ကွာခြားဖွယ် ရှိသည်။ Sony၏ ယခင် PSဂိမ်း မျိုးဆက် (၃)ခုအနက် PS2မှာ အထူးအောင်မြင်ခဲ့ပြီး PS3တွင် ကြုံခဲ့ရသည့် အမှားအယွင်း အချို့ကို သင်ခန်းစာယူ ပြုပြင်ကာ PS4ကို အကောင်းဆုံး မိတ်ဆက်နိုင်မည်ဟု လေ့လာသူများက မျှော်လင့် သုံးသပ်ခဲ့ကြသည်။
 
DualShock4 လက်ကိုင်သည် သတင်းများ ကြိုတင် ထွက်ပေါ်နေသည့်အတိုင်း Touch Panelတစ်ခု ပါဝင်လာခဲ့ပြီး Dual Camera အာရုံခံဘား တစ်ခုကြောင့်လည်း လှုပ်ရှားမှု စနစ်များအတိုင်း ထိန်းချုပ်ထောက်ပံ့နိုင်မည် ဖြစ်သည်။ 

ယင်းစနစ်ကို PS4 Eyeဟု အမည်ပေးထားသည်။ ဂိမ်းလက်ကိုင်တွင် Shareခလုတ်လည်း ပါရှိလာပြီး အင်တာနက်မှ မိတ်ဆွေ အပေါင်းအသင်းများကြား အပြန်အလှန် ချိတ်ဆက်ဝေမျှမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။ 

Sonyသည် PS4တွင် Social Networkingဘက်နွယ်သော Featureများကို ပိုမို အသားပေး ထည့်သွင်းလာခြင်း ဖြစ်သည်။ ထို့အပြင် မိမိ ကစားထားသည့် ဂိမ်းဇာတ်လမ်းများကို ဗီဒီယိုဖိုင်အဖြစ် သိမ်းဆည်းကာ Facebookပေါ် တင်နိုင်သည့် စနစ်မျိုးလည်း ပါဝင်လာမည်ဟု ဆိုသည်။

PS4အတွက် ရည်စူးထားသည့် Killzone: Shadow Fall ဂိမ်း၏ Trailerများအရ ဂိမ်းစက်၏ Graphic ကဏ္ဍအတွက် မောင်းနှင်အားမှာ အကောင်းဆုံး အဆင့်တွင် ရှိနေသည်ဟု မှတ်ချက်ပေး ခံခဲ့ရသည်။ 

ဂိမ်းစက်၏ ဈေးနှုန်းကိုမူ တိတိကျကျ ထုတ်ပြန် အသိပေးမှု မရှိသေးချေ။ Sonyသည် E3 ကုန်သွယ်ရေး ပြပွဲအတွင်း PS4၏ အချက်အလက် အသေးစိတ်ကို ပိုမို ထဲထဲဝင်ဝင် ဖော်ပြလာဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

Sonyက ၎င်းတို့၏ ဈေးကွက်ဗျူဟာ အဓိက ထုတ်ကုန် တစ်ခုဖြစ်သည့် စတုတ္ထမျိုးဆက် PlayStationဂိမ်းစက်ကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ဂျပန် နည်းပညာ လုပ်ငန်းစုကြီးက PS4 ဂိမ်းစက်သစ်ကို ထုတ်ဝေမည် ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ခရစ္စမတ် ကာလဝန်းကျင်တွင် ရောင်းချမည်ဟု ကြေညာခဲ့သည်။

မင်္ဂလာဆောင်ပွဲသွားသော ယာဉ်တိမ်မှောက်၍ သတို့သားသေဆုံးပြီး သတို့သမီး ပြင်ထန်ဒဏ်ရာ၇

၂၁-၂-၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဘုံးဘွတ်ကျေးရွာ ရေကန်အနီး၊ ချောက်-ဂွေးချိုကားလမ်းမိုင်တိုင်အမှတ် (၄၀၀)အနီး၌ ရမည်းသင်းမြို့မှ ဆိပ်ဖြူမြို့နယ်၊ ကူရှည် ကျေးရွာသို့ မင်္ဂလာကိစ္စလာရောက်သည့် ရမည်းသင်းမြို့နယ်၊ ကျောင်းတိုင်စုရပ်နေ အောင်မျိုးထက်(၃၄)နှစ် မောင်းနှင်သည့် ၂ဃ/xxxx ယာဉ်သည် ရှေ့ဝဲဘက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ထနောင်းပင်အား ၀င်ရောက်တိုက်မိခဲ့သည်။

မြန်မာဘဏ်များနှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက ခွင့်ပြုမိန့် ထုတ်ပြန်

မြန်မာဘဏ်များနှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက ခွင့်ပြုမိန့် ထုတ်ပြန်

    Created on Saturday, 23 February 2013 12:27 

အမေရိကန်နိုင်ငံမှ ဘဏ္ဍာရေး အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံမှ အဓိကဘဏ်များနှင့် ငွေကြေးလုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက ဖေဖော်ဝါ ရီလ ၂၂ ရက်နေ့တွင် ခွင့်ပြုလိုက်ကြောင်း AFP သတင်းဋ္ဌာနက ဖော်ပြသည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်သော မြန်မာဘဏ်များမှာ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြှပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ ဧရာဝတီဘဏ်၊ အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ် တို့ဖြစ်ကြောင်း သိရသည်။

စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျော့သည့် ဆောင်ရွက်ချက် တစ်ရပ်အဖြစ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက လုပ်ငန်းရှင် တစ်ဦးချင်းစီကို လည်းကောင်း၊ ကုမ္ပဏီများနှင့် ငွေကြေးအဖွဲ့အစည်းများကို လည်းကောင်း ငွေကြေးလွှဲပြောင်းမှု လုပ်ငန်းဆိုင်ရာ တို့အတွက် ငွေစာရင်း ဖွင့်ခြင်းနှင့် အခြားငွေကြေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် အဆိုပါ မြန်မာဘဏ်များနှင့် လုပ်ကိုင်နိုင်ရေး လိုင်စင်များ ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အခုလို လုပ်ကိုင်ခွင့်ပေးလိုက်တဲ့အတွက် အမေရိကန်က ကုမ္ပဏီတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာနိုင်ငံက အကြီးဆုံး ဘဏ်တွေနဲ့ ချိတ်ဆက်လုပ်ကိုင်ခွင့် ရလာသလို မြန်မာဘဏ်တွေ အနေနဲ့လည်း အမေရိကန် ဘဏ္ဍာရေးစနစ်နဲ့ ထိတွေ့လုပ်ကိုင်ခွင့် ရရှိလာစေမှာ ဖြစ်ပါတယ်}} ဟု အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာန၏ ကြေညာချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုများအား ဖြေလျော့ခြင်းကို အမေရိကန်နိုင်ငံက ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်၏ ရင်းနှီးမြှူပ်နှံမှုများ ပိုမိုတိုးတက်လာခဲ့ရာ ယခုဘဏ် လုပ်ငန်းဆိုင်ရာ ခွင့်ပြုချက်က နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုကို ပိုမိုအထောက်အပံ့ ဖြစ်လာနိုင်စေ မည်ဟု သိရသည်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကြမ်းဖက် လုပ်ငန်းနှင့် ဘဏ္ဍာရေး ထောက်လှမ်းရေးဌာနမှ ဒေးဗစ်ကိုဟင်က ယခုဆောင်ရွက်ချက်သည် မြန်မာနိုင်ငံ၏ စီးပွားရေးကို များစွာ အထောက်အပံ့ ဖြစ်စေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

“အခုလို ဘဏ္ဍာရေးဆိုင်ရာအရ ချိတ်ဆက်လုပ်ဆောင်ခွင့် ရခြင်းဟာ မြန်မာနိုင်ငံရဲ့ လူမှုရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို ပိုမိုအောင်မြင်စေနိုင်မှာ ဖြစ်သလို တာဝန်ယူမှု ပါဝင်တဲ့ ရင်းနှီးမြှပ်နှံမှုအတွက်လည်း စံနမူနာ ပုံစံတစ်ခု ဖြစ်စေမှာပါ။ မြန်မာနိုင်ငံသားတွေ အတွက်လည်း ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခု ရရှိလာစေမှာပါ” ဟု ကိုဟင်က ပြောကြားခဲ့သည်။

Ref: AFP


အေးချမ်းမွန်မှ http://www.news-eleven.com တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။

Saturday, 23 February 2013
အမေရိကန်နိုင်ငံမှ ဘဏ္ဍာရေး အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံမှ အဓိကဘဏ်များနှင့် ငွေကြေးလုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက ဖေဖော်ဝါ ရီလ ၂၂ ရက်နေ့တွင် ခွင့်ပြုလိုက်ကြောင်း AFP သတင်းဋ္ဌာနက ဖော်ပြသည်။

မြန်မာသံစဉ်သည် ခိုးကူးခွေတွေကြောင့် ပရိုဂျုဆာတွေ အားနည်းခဲ့သည်ဟု ဗညားဟန်ဆို

မြန်မာသံစဉ်သည် ခိုးကူးခွေတွေကြောင့် ပရိုဂျုဆာတွေ
အားနည်းခဲ့သည်ဟု ဗညားဟန်ဆို
Saturday, 23 February 2013

မြန်မာ့ ဂီတလောကတွင် မြန်မာသံစဉ်မှာ ခိုးကူးခွေတွေကြောင့် ပရိုဂျူဆာတွေအားနည်းသွားခဲ့ခြင်း ဖြစ်သည်ဟု အဆိုတော်
ဗညားဟန်က မြန်မာ့ခေတ်သို့ပြောကြားသည်။

"ပရိုကျုဆာတွေက အင်မတန် အားနည်းကုန်ကြပြီ ဘာကြောင့်
လဲဆိုတော့ ဒီ blackခွေတွေကြောင့်၊ ဒီသူခိုးခွေ ကူးတာတွေ မပျောက်တဲ့အတွက်ကြောင့် ပရိုဂျုဆာတွေက မလုပ်ချင်တော့ဘူး။
blackခွေတွေ ပျောက်မှပရိုဂျူဆာတွေ ထွက်ပေါ်လာမှာပါ။ မပျောက်မချင်းမပေါ်ပါဘူး" ဟုဗညားဟန်က ပြောသည်။

ယနေ့ခေတ်တွင် မြန်မာလူမျိုးများသည် မြန်မာသံစဉ်ကို
နားထောင်ရသည်မှာတောကျသည်ဟု အထင်သေးမှုများကြောင့်
မြန်မာသံစဉ် အားနည်းရခြင်းဖြစ်ကြောင်း သိရသည်။

"မြန်မာပြည်မှာရှိတဲ့ မြန်မာလူမျိုးတွေ ဂီတကို နားလည်ဖို့
လိုတယ်။မြန်မာသံစဉ်တွေ ဘာကြောင့်အားနည်းတယ် ဆိုတာ မြန်မာလူမျိုးတွေကအထင်မကြီးတော့တာလည်း ပါတယ်။ မြန်မာလူမျိုးတွေ ဖြစ်နေပြီတော့မြန်မာသံစဉ်ကို
နားထောင်ရတာ အထင်သေးတယ်။ တောကျတယ်ဆိုတဲ့
အထင်သေးမှုက မြန်မာပြည်မှာ လွမ်းမိုးနေတဲ့အတွက်ကြောင့်
မြန်မာသံစဉ်တွေ အားနည်းနေတာပါ" ဟု ဗညားဟန်က
ပြောကြားသည်။

အိအိ
The Myanma Age

Saturday, 23 February 2013

မြန်မာ့ ဂီတလောကတွင် မြန်မာသံစဉ်မှာ ခိုးကူးခွေတွေကြောင့် ပရိုဂျူဆာတွေအားနည်းသွားခဲ့ခြင်း ဖြစ်သည်ဟု အဆိုတော် ဗညားဟန်က မြန်မာ့ခေတ်သို့ပြောကြားသည်။

ဆီးရီးယား တော်လှန်ရေး အုပ်စု အစိုးရဖွဲ့မည်

ဆီးရီးယားနိုင်ငံက သူပုန်တွေထိန်းချုပ်ထားတဲ့နေရာတွေမှာတော့ ယာယီအစိုးရဖွဲ့ဖို့ အစီအစဉ်တွေကို ဆီးရီးယားအတိုက်အခံ အမျိုးသားညွန့်ပေါင်းအဖွဲ့က ပြောလိုက်ပါတယ်။

ဘုန်းတော်ကြီး Desmond Tutu မြန်မာနိုင်ငံလာမည်

တောင်အာဖရိကနိုင်ငံသား နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူ
တောင်အာဖရိကနိုင်ငံက Nobel ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Desmond Tutu ဟာ ဖေဖော် ဝါရီလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့ကျရင် ရန်ကုန်မြို့ အမေရိကန်Center မှာ စကားပြောဖို့ရှိပါတယ်။ အရပ်သားအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေအတွက် တက်တက်ကြွကြွ လှုပ်ရှားဆောင်ရွက်ခဲ့သူ ဘုန်းတော်ကြီး Desmond Tutu ဟာ

သတ္ထုတွင်းဝန်ကြီးဌာန၏ ခွင့်ပြုမိန့်(မျှောစာ)မပါပဲ သတ္ထုများအားသယ်ယူပို့ဆောင်ပါက အရေးယူခံရမည်


နေပြည်တော်သတ္ထုတွင်းဝန်ကြီးဌာန၏ ခွင့်ပြုမိန့်(မျှောစာ)မပါပဲ သတ္ထုများအားသယ်ယူပို့ဆောင်ပါကတရား
မ၀င်သတ္ထု ပစ္စည်းသယ်ယူပို့ဆောင်မှုဖြင့်အရေးယူခံရမည်ဖြစ်သည်ဟု  နေပြည်တော်သတ္ထုတွင်းဝန်ကြီးဌာ
နမှ သိရသည်။သတ္ထုတွင်းလုပ်ငန်းကုမ္ပဏီများသည် နေပြည်တော်သတ္ထုတွင်းဝန်ကြီးဌာန၏ခွင့်ပြုမိန့်(မျှော
စာ) မယူပဲ တရားမ၀င် သတ္ထုများသယ်ယူပို့ဆောင်နေခြင်းများကြောင့် ယခုကဲ့သို့ သတိပေးမှုများထွက်ပေါ်
လာခြင်းဖြစ်သည်။

အမျိုးသား လွှတ်တော်တွင် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေးအဆို ရှုံးနိမ့်

လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားနေသော မြန်မာနိုင်ငံတွင် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ပြီး လျှပ်စစ်ပြဿနာကို ဖြေရှင်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့် အဆိုကို အမျိုးသား လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

လေယာဉ်မှူးသင်တန်းကို ပထမဆုံးအနေဖြင့် မြန်မာလေကြောင်းအကယ်ဒမီမှ စတင်ဖွင့်လှစ်

လေယာဉ်မှူးသင်တန်းကို ပထမဆုံးအနေဖြင့် မြန်မာလေကြောင်းအကယ်ဒမီမှ စတင်ဖွင့်လှစ်

ရန်ကုန် ဖေဖော်ဝါရီ ၂၃

အရပ်ဖက်ဆိုင်ရာ လေယာဉ်မှူးသင်တန်းကို ပထမဆုံးအနေဖြင့် မြန်မာလေကြောင်းအကယ်ဒမီမှ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

လေကြောင်းပို့ဆောင်ရေး ကဏ္ဍအတွက် လေယာဉ်မှူးများ ၊ လေကြောင်းဆိုင်ရာ ကျွမ်းကျင်သူများ လိုအပ်နေသည်နှင့်အညီ အရည်အချင်းပြည့်မှီသော လေယာဉ်မှူးများ သို့မဟုတ် တွဲဖက်လေယာဉ်မှူးများအတွက် လိုင်စင် ရရှိစေရန် သင်တန်းကျောင်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း မြန်မာ့လေကြောင်း အကယ်ဒမီမှ ဥက္ကဌ ဦးကြည်ဝင်းက ပြောသည်။

သင်တန်းကြေးအနေဖြင့် အမေရိကန် ဒေါ်လာ ခြောက်သောင်းခွဲ ကုန်ကျမည်ဖြစ်ပြီး သင်တန်းကာလအနေဖြင့် တစ်နှစ် နှင့် ရှစ်လခန့် ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။အဆိုပါသင်တန်းကျော င်း စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉နာရီတွင် Park Hotel ၌ ကျင်းပခဲ့သည်။

ခိုင်နွယ်ဦး

ရန်ကုန် ဖေဖော်ဝါရီ ၂၃
အရပ်ဖက်ဆိုင်ရာ လေယာဉ်မှူးသင်တန်းကို ပထမဆုံးအနေဖြင့် မြန်မာလေကြောင်းအကယ်ဒမီမှ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆက်လုပ်သင့်/ မလုပ်သင့် အခြေအနေအား စုံစမ်းစစ်ဆေးရေးကော်မတီ၏ အစီရင်ခံစာ ထွက်ပေါ်လာမည့်ရက်ပိုင်းအလိုတွင် လုံထိန်းရဲဝန်ထမ်းများ တပ်ရင်းပြောင်းလဲထား..

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆက်လုပ်သင့်/မလုပ်သင့် အခြေအနေအား စုံစမ်းစစ်ဆေးရေးကော်မတီ၏ အစီရင်ခံစာ ထွက်ပေါ်လာမည့်ရက်ပိုင်းအလိုတွင် လုံထိန်းရဲဝန်ထမ်းများ တပ်ရင်းပြောင်းလဲထား..
======================================
နိုဝင်ဘာ ၂၉ ရက်နေ့မနက်က အကြမ်းဖက်ဖြိုခွင်းခဲ့သော စစ်ကိုင်းမြို့အခြေစိုက် ရဲတပ်ရင်အမှတ်(၁၆)သည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ၀မ်ပေါင်ကုမ္မဏီတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေရာမှ ယခုအခါ ရဲတပ်ရင် အမှတ်(၁၆) နေရာအစာ ရဲတပ်ရင်း အမှတ်(၁၄) ၀င်ရောက်နေပြီးဖြစ်သည်။
တပ်ရင်း(၁၆)နဲ့ တပ်ရင်း(၁၄) ပြောင်းလဲတာဝန်ပေးအပ်လိုက်တဲ့ လက္ခဏာကိုက ရပ်ဆိုင်းပေးဖို့ အစီအစဥိမရှိနိုင်ဘူးလို့ ထင်ဟတ်နေပါတယ်" ဟု လေ့လာစောင့်ကြည်နေသူ ဒေသခံ တောင်သူတစ်ဦးမှ မုံရွာတိုင်မ်း သတင်းဌာနသို့ပြောပြသည်။

Monywa Times

နိုဝင်ဘာ ၂၉ ရက်နေ့မနက်က အကြမ်းဖက်ဖြိုခွင်းခဲ့သော စစ်ကိုင်းမြို့အခြေစိုက် ရဲတပ်ရင်အမှတ်(၁၆)သည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ၀မ်ပေါင်ကုမ္မဏီတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေရာမှ ယခုအခါ ရဲတပ်ရင် အမှတ်(၁၆) နေရာအစာ ရဲတပ်ရင်း အမှတ်(၁၄) ၀င်ရောက်နေပြီးဖြစ်သည်။

ယနေမနက် ၈း၃၀ က မှော်ဘီရှေ့ဆောင်ဟိုင်းလတ်ကားတိမ်းမှောက်မှု ၁၂ ဦး ဒဏ်ရာရ

ယနေ့ဖေဖော်ဝါရီ(၂၃)ရက်နေ့ နံနက် ၈း၃၀ အချိန်က ရန်ကုန်-မှော်ဘီ ပြေးဆွဲနေသောဟိုင်းလတ်ကားတစ်
စီး တိမ်းမှောက်မှုကြောင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာန၌အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း ၅၁ လမ်းရုံး မှသိရသည်။

ကိုဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခြင်း (၂၅)နှစ်မြောက် အခမ်းအနား တရားဝင်ကျင်းပရန် စီစဉ်

ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၂

လာမည့် မတ်လ ၁၃ ရက်တွင် ကျရောက်မည့် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခြင်း (၂၅)နှစ်မြောက် အခမ်းအနားကို စက်မှုတက္ကသိုလ်ဝင်းအတွင်း ကျင်းပသွားရန်ရှိကြောင်း သတင်းရရှိသည်။ “ကျင်းပခွင့်ရအောင် သက်ဆိုင်ရာနဲ့ ညှိနှိုင်းဖို့ အစည်းအဝေးမှာ ဆုံးဖြတ်ထားတယ်”ဟု

ရခိုင်နဲ့ရိုဟင်ဂျာပဋိပက္ခချုပ်ြ ငိမ်းရေး ဘာသာပေါင်းစုံဆွေးနွေးပွဲ ရန်ကုန်မြို့ ချက်ထ ရီယန် ဟိုတယ်မှာ မနေ့ကစပြီးပြုလုပ်

ရခိုင်နဲ့ရိုဟင်ဂျာပဋိပက္ခချုပ်ငြိမ်းရေး ဘာသာပေါင်းစုံဆွေးနွေးပွဲပြုလုပ်

Radio Australia
22.2.2013

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ အတွက် ပထမဦးဆုံး အကြိမ် ရန်ကုန်မြို့ ချက်ထ ရီယန် ဟိုတယ်မှာ မနေ့ကစပြီး ပြည်တွင်းပြည်ပ ဘာသာပေါင်းစုံ ဆွေးနွေးပွဲတခု ကျင်းပ ပြုလုပ်နေတယ် လို့ သိရပါတယ်။

ဆွေးနွေးပွဲကို ဒီနေ့ သောကြာနေ့ အထိ ပြုလုပ်သွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် ထိုင်းနိုင်ငံ၊ စင်္ကာ ပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ စတဲ့ နိုင်ငံတွေက ဘာသာပေါင်းစုံ အဖွဲ့တွေနဲ့ လူငယ်တွေ တက်ရောက် ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်း ကစပြီး ရခိုင်ပြည်နယ် အတွင်းမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ လူမျိုးတွေရဲ့ အကြားမှာ ဘာသာရေး အသွင်ဆန်တဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ ပြီးတဲ့နောက်ပိုင်း အခုလို ဘာသာပေါင်းစုံ ဆွေးနွေးပွဲ ဆုတောင်းပွဲတွေပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေဟာ ဘာသာရေးကြောင့် အင်အားကြီးလာခဲ့တဲ့ အကြောင်းနဲ့ ဘာသာပေါင်းစုံ ဆွေးနွေးပွဲ ပြုလုပ်ရတဲ့ အကြောင်းတွေကို ဘာသာပေါင်းစုံအဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေက အခုလို ရှင်းပြပါတယ်။

"အခုမြန်မာနိုင်ငံမှာပေါ်ပေါက်နေတဲ့ ပဋိပက္ခတွေက ယခင်ကတော့ ဘာသာရေးကြောင့် မဟုတ်ဘူး၊ လူမှုရေး ကိစ္စရပ်တွေကို အခြေခံတယ်၊ နောက်ပြီးတော့ နိုင်ငံရေးကိစ္စရပ်တွေကိုအခြေခံတယ်။ သို့သော်လည်း ပေါ်ပေါက်လာတဲ့ အခါမှာ ပိုပြီးတော့ ကြီးထွားလာမှုအတွက်က သူကတော့ဗုဒ္ဓလာသာ၊ သူကတော့ခရစ်ယာန် ဘာသာ၊ သူကတော့အစ္စလာမ်ဘာသာပဲ ဆိုပြီးတော့နောက်ခံတွေအပေါ် စွဲပြီးရပ် တည်လိုက်တဲ့ အခါကျတော့ ဘာသာတစ်ခုနဲ့တစ်ခုနားလည်မှုလွဲပြီးတော့ပဋိပက္ခတွေ ပိုပြီးကြီး ထွာလာ တယ်။ ပိုကြီးထွားလာတာကို မလိုလားဘူး။ ဒါကြောင့်ဒီအဖွဲ့အစည်းကို တည်ထောင်ပြီးတော့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ လုပ်ငန်းတွေမှာ ဘာသာရေးခေါင်းဆောင်တွေ ပါဝင်ပြီးတော့ငြိမ်း ချမ်းရေးရဖို့ဆောင် ရွက်တာ ဖြစ်တယ်။"

အခုလို ဘာသာပေါင်းစုံအဖွဲ့အစည်း ဖွဲ့ပြီး ပြည်တွင်းက ဘာသာရေး အဖွဲ့တွေ တွေ့ဆုံဆွေးနွေး မှု ပြုလုပ်ခဲ့ပေ မယ့် ဘာသာတစ်ခုနဲ့တစ်ခု အမြင်မကြည်တာ၊ ပဋိပက္ခဖြစ်နေတာတွေ ရှိပြီး ငြိမ်းချမ်းရေး မရနိုင်တဲ့ အ တွက် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ လူငယ်တွေဟာ အဓိက ကျတဲ့အတွက်ကြောင့် နောင် မှာ အာရှ ပစိဖိတ်ဒေသတွင်း ဘာသာပေါင်စုံ လူငယ်အဖွဲ့နေနဲ့ ဆောင်ရွက်ဖို့ ရှိတယ်လို့ ဦးမြင့်ဆွေ ကပြောခဲ့ တဲ့ အကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် မေငယ်က သတင်းပေး ပို့ခဲ့ပါတယ်။


Radio Australia 22.2.2013

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ အတွက် ပထမဦးဆုံး အကြိမ် ရန်ကုန်မြို့ ချက်ထ ရီယန် ဟိုတယ်မှာ မနေ့ကစပြီး ပြည်တွင်းပြည်ပ ဘာသာပေါင်းစုံ ဆွေးနွေးပွဲတခု ကျင်းပ ပြုလုပ်နေတယ် လို့ သိရပါတယ်။

ဗုဒ္ဓဘာသာဝင် အငြိမ်းစား သံအမတ်ကြီး တစ်ဦး၏ မွတ်စလင်များ အပေါ် မှားယွင်းနေသော ထင်မြင်ချက်များအား ေ