Pages

Saturday, February 23, 2013

သတ္ထုတွင်းဝန်ကြီးဌာန၏ ခွင့်ပြုမိန့်(မျှောစာ)မပါပဲ သတ္ထုများအားသယ်ယူပို့ဆောင်ပါက အရေးယူခံရမည်


နေပြည်တော်သတ္ထုတွင်းဝန်ကြီးဌာန၏ ခွင့်ပြုမိန့်(မျှောစာ)မပါပဲ သတ္ထုများအားသယ်ယူပို့ဆောင်ပါကတရား
မ၀င်သတ္ထု ပစ္စည်းသယ်ယူပို့ဆောင်မှုဖြင့်အရေးယူခံရမည်ဖြစ်သည်ဟု  နေပြည်တော်သတ္ထုတွင်းဝန်ကြီးဌာ
နမှ သိရသည်။သတ္ထုတွင်းလုပ်ငန်းကုမ္ပဏီများသည် နေပြည်တော်သတ္ထုတွင်းဝန်ကြီးဌာန၏ခွင့်ပြုမိန့်(မျှော
စာ) မယူပဲ တရားမ၀င် သတ္ထုများသယ်ယူပို့ဆောင်နေခြင်းများကြောင့် ယခုကဲ့သို့ သတိပေးမှုများထွက်ပေါ်
လာခြင်းဖြစ်သည်။


“သယ်ဆောင်ခွင့်(မျှောစာ)တင်တာလဲ ခက်ခက်ခဲခဲ တင်စရာ မလိုပါဘူး  ဘယ်ကနေဘယ်ကို သယ်မယ် ဘာကြောင့် သယ်မယ်ဆိုတာလေးပဲ ကုမ္ပဏီစာရွက်နဲ့ ရေးပေးယုံပဲသူတို့ဘက်က မှန်မှန်ကန်ကန် သယ်
တယ်ဆိုရင် ကျွန်တော်တို့က ခွင့်ပြုပေးပါတယ် ”ဟုသတ္ထုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ကိုကို ကပြောသည်။
 
တရားဝင်ခွင့်ပြုထားသောလုပ်ကွက်မှ ထုတ်လုပ်သည့်ပစ္စည်းများဖြစ်မှသာသယ်ဆောင်ခွင့် (မျှောစာ) ထုတ်
ပးမည် ဖြစ်ပြီး လုပ်ကွက်တစ်ခုမှ လစဉ် တန် ၁၀၀ထုတ်လုပ်လျှင် ၎င်းပမာဏ ထက်ပို၍တင်ပါက သယ်ယူ
ခွင့်ပြုမည်မဟုတ်ကြောင်း ထုတ်လုပ်မှုစာရင်းများအား သေချာစစ်ဆေးပြီးမှ ခွင့်ပြုပေးမည်ဖြစ်ကြောင်း ၎င်း
ကဆက်ပြောသည်။
 
မျှောစာကို နေပြည်တော်သတ္ထုတွင်းဝန်ကြီးဌာနကမှ ပြည်နယ်အစိုးရသို့မျှောစာ ပြန်တင်ရကြောင်းနှင့် ပြည်
နယ် မှ မျှောစာမှန်ကန်မှုရှိမရှိမေးမြန်းပြီးမှသာ ဖြတ်သန်းခွင့်ပေးခြင်းဖြစ်သည်။
 
 “သတ္ထုတွင်းဝန်ကြီးဌာနကနေ တရားဝင် သယ်ယူခွင် လက်မှတ်ထုတ်ပေးတယ် ရောင်းချခွင့်ဈေနှုန်းကိုပါ သတ်မှတ်ပေးထား တယ်   နောက်ဆုံးရောင်းတဲ့ အဆင့်တင်မဟုတ်ပဲကြိတ်ခွဲ သန့်စင်တဲ့ အဆင့်ထိတောင်မှ အန်တီတို့ဆီက မျှောစာပါမှ ထွက်လို့ရတာဟုသတ္ထုတွင်းဝန်ကြီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်
ခင်စန်းစန်းကပြောသည်။

ဖေဖော်ဝါရီလ (၁၄)ရက် နေ့က ကယားပြည်နယ် လွိုင်ကော်မြို့မှ  သယ်ဆောင်လာသောခနောက်စိမ်းသ
တ္ထုတင်ကားကို ရှမ်းပြည်နယ် ပင်လောင်းမြို့ အဝင်ဂိတ်တွင်စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်သည့်ကိစ္စနှင့်
ပတ်သက်၍ မေးမြန်းရာ ယခုကဲ့သို့ပြန်လည်ဖြေကြားခဲ့သည်။
 
`အဲဒီသူရကံချွန်ကုမ္ပဏီ က ဘယ်နေရာ ဘယ်ဌာနမှာမျှောစာ လျှောက်ရမယ်ဆိုတာ သိတယ် ၊မသိတာ မဟုတ်ဘူး၊ အသိ လွန်နေတာ ၊ အရင် သယ်ယူမှုတစ်ခုတုန်းကလည်း မမှန်မကန်လုပ်တာလေးတွေရှိလို့ ၊ သတိပေးထားဖူးတယ်´ ဟုသတ္တုတွင်းဝန်ကြီးဌာနမှ ဦးဇော်ကိုကို က ပြောသည်။
 
ပင်လောင်းဂိတ်အရာရှိတစ်ဦးမှ ၎င်း ခနောက်စိမ်း သယ်လာသောကားတွင် အမှတ်(၁)သတ္တုတွင်းလုပ်ငန်း
၏ သယ်ယူခွင့် (မျှောစာမပါဝင်သည့်အတွက်တရားမ၀င်ကြောင်းပင်လောင်းဂိတ်မှအရာရှိတစ်ဦးအား ပြော
ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
 
"လုပ်ထုံးလုပ်နည်းက ကုမ္ပဏီတိုင်း က သတ္တုတွင်းဝန်ကြီးဌာနမှာ မျှောကိုလာလျှောက်တယ်။ လျှောက်တာ
လဲ ဘာအခက်အခဲမှ မရှိဘူး ၊ မလျှောက်ပဲနဲ့ဒီအတိုင်း သယ်တယ်ဆိုတော့ သူ့မှာ မရိုးသားတဲ့ အကြံအစည် တစ်ခုရှိလို့ပဲ လို့သတ်မှတ်တယ်" ဟု  သတ္တုတွင်းဝန်ကြီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှုးကပြောသည်။
 
အဆိုပါသတ္တုများသယ်ယူခွင့်လက်မှတ်ထုတ်ပေးခြင်းကို သတ္တုတွင်းဝန်ကြီးဌာနမှ ဌာန(၃)ခုခွဲထားပြီးအမှတ်
(၁)သတ္ထုတွင်း လုပ်ငန်းအနေဖြင့် ခနောက်စိမ်း၊ ခဲ၊ သွပ် ၊ကြေး၊ နီကယ် အစရှိသည့်အလယ်အလတ်တန်ဖိုး
ရှိသော သတ္ထုများ၊ အမှတ်(၂) သတ္ထုတွင်းလုပ်ငန်းအနေဖြင့်ရွှေ၊ တိုက်တေနီယမ် အစရှိသည့် တန်ဖိုးကြီး သ
တ္ထုများ၊ အမှတ်(၃)သတ္ထုတွင်းလုပ်ငန်း အနေဖြင့် စက်မှုကုန်ကြမ်း တွင်းထွက်များဖြစ်သောကျောက်မီးသွေး၊ ထုံးကျောက် အစရှိသည့် ဈေးအပေါဆုံးသတ္ထုများ ဟူ၍သတ္ထုအမျိုးအစားအလိုက် ဌာနများခွဲထားသည်။
 
ခနောက်စိမ်းကအရေးပါတဲ့ ဖြည့်စွက်သတ္တုတစ်မျိုးဖြစ်တယ်။ ဈေးကောင်းလည်းရတယ်။ဒါကြောင့်နိုင်ငံတော်
အဆင့်ကပဲ ခွင့်ပြုသင့်တယ်။ “ ဟု သတ္တုတွင်းအင်ဂျင်နီယာတစ်ဦးကပြောသည်။

RND:23.2.2012
မြစ်မခမီဒီယာ






                                                                                  

0 comments:

Post a Comment