Pages

Saturday, February 23, 2013

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် တွင် ယာဉ်တိမ်းမှောက်၍ (၄)ဦးသေ၊ (၃၆)ဦးဒဏ်ရာရ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
၂၂-၂-၂၀၁၃ ရက်နေ့ ၁၃၁၅ အချိန် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ မိုင်တိုင်(၆၂/၄) နန့်ခုတ်ကျေးရွာကုန်းဆင်းတွင် ရွှေကူမြို့နယ်၊ စီငန်းကျေးရွာသို့ မင်္ဂလာဆောင်သွားရာမှ ပြန်လာသော နန့်ခုတ်ကျေးရွာနေ ကိုမျိုး(ခ)၀င်းကို(၂၁)နှစ် မောင်းနှင်သည့် တုန်ဖုန်းယာဉ်မှာ တိမ်းမှောက်ခဲ့သဖြင့် နန်ခုတ်ကျေးရွာနေ မအေးမွန်(၂၈)နှစ် ပါ(၄)ဦးသည် အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး အမျိုးသား/အမျိုးသမီး(၃၆)ဦတို့တွင် ဒဏ်ရာများအသီးသီးရရှိကာ စိုးရိမ်ရသူ(၃)ဦးအား မော်တော်ယာဉ် ဖြင့်လည်းကောင်း၊ ကျန်လူနာများအား စင်ခန်းမှ စက်လှေဖြင့်လည်းကောင်း ဗန်းမော်ဆေးရုံသို့ တင်ပို့ကုသခဲ့သည်။
ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ကိုမျိုး(ခ)၀င်ကိုအား စင်ခန်းရဲစခန်း ယာဉ်(ပ)၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
 
RND: 23.2.2013
ရဲဇာနည်

0 comments:

Post a Comment