Thursday, May 2, 2013
လေမုန်းတိုင်း နှင့် အတူ မိုးပြင်းထန်စွာရွာချမှုကြောင့် ရှမ်းပြည်တောင်ပိုင်း တွင်နေအိမ်ပျက်စီးမှုများနှင့် လူသေပျောက်မှုများဖြစ်ပေါ်
မေ
၁ ရက်နေ့ ညပိုင်း ၁၁ နာရီတွင် ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်
ညောင်ကုန်းရွာ(ပလောင်ရွာ)တွင် လေမုန်းတိုင်း နှင့် အတူ
မိုးပြင်းထန်စွာရွာချသောကြောင့်
လူနေအိမ် (၄၇)လုံးပျက်စီးပြီး တောင်ပါတ်ရွာတွင်လည်း အနည်းဆုံး
လူ(၅၀)ဦးခန့် အသက်ဆုံးရှုံးပြီး၊ ရွာသား (၇၀)ကျော်ခန့်
ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိပါ သည်။
မိတ္ထီလာ ဒုက္ခသည်စခန်း ၃ ခုကို ပိတ်ပြီ
ပြီးခဲ့တဲ့ မတ်လအတွင်းက မိတ္ထီလာမြို့နယ်မှာ ဖြစ်ပွား ခဲ့တဲ့ အဓိကရုဏ်းကြောင့် ယာယီဒုက္ခသည် စခန်းတွေ မှာ နေထိုင်နေကြရသူတချို့ကို နေရပ်ပြန်ပို့ပြီး ဒုက္ခသည်စခန်း ၃ ခုကို ပိတ်သိမ်းလိုက်ပြီလို့ သိရပါတယ်။ ယာယီဒုက္ခသည်စခန်းအဖြစ် ဖွင့်လှစ်ထားတဲ့ အမှတ် ၁၊ အမှတ် ၃ နဲ့ အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်းတွေက ဒေသခံတွေကို ပြည် သာယာ(တောင်)၊ ပြည်သာယာ(မြောက်)၊ ရတနာ မာန်အောင်၊ သာယာကုန်း ၁၊ သာယာကုန်း ၂ စတဲ့ ရပ်ကွက်တွေမှာ ပြန်လည်နေရာချထားပေးတာဖြစ် ပါတယ်။
ရေကန်တူးဖေါ်စဉ် မြေကြီးအတွင်းမှ မီးတောက် ၁ ပေခန့်ရှိ မီးတောက်ထွက်ပေါ်လာ
နေပြည်တော်၊ မေ ၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကမာနတ်ကျေးရွာ ရွာလယ်ပိုင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး နောက်ဘက်တွင်ရှိ
သည့် အကျယ်(၁၂၀)ပေ၊အနက်(၁၅)ပေခန့်ရှိအများသုံးရေကန်မှာ ရေခန်းခြောက်သွားသဖြင့်၃၀-၄-၂၀၁၃
ရက်နေ့မှစ၍ အလုပ်သမား(၉)ဦးဖြင့် ထပ်မံတူးဖော်ခြင်းများဆောင်ရွက်ခဲ့ရာ
အချိန် ကန်တူးဖော်စဉ်အနက်(၂)ပေခန့်အရာက်၌ မြေကြီးအတွင်းမှ(၁)ပေခန့်ရှိမီးတောက်(၁)ခု ရုတ်တရက်
ထွက်ပေါ်လာခဲ့ကြောင်းသတင်းရရှိသည်။
ဖားကန့်မြို့မှာ ယနေ့ညနေ ၅နာရီခန့်က အစ္စလာမ် ဘာသာဝင်တွေ ပိုင်တဲ့ဆိုင်တွေကို လှုအုပ်ကြီးက ၀ိုင်းဝန်းဖျက်ဆီး
ဖားကန့်၊ ၂.၅.၂၀၁၃
ဖားကန့်မြို့မှာ ဒီကနေ့ ညနေ ၅ နာရီလောက်က အစ္စလာမ် ဘာသာဝင်တွေ ပိုင်တဲ့ ၀င်းမေတ္တာ၊ မလိခ၊ ကမ္ဘာကျော် ကုန်မာဆိုင် ၃ဆိုင်ကို လူအုပ်ကြီးက ၀ိုင်း ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။ သောက်ရေ ထဲကို အဆိပ်ခပ်မယ် ဆိုတဲ့ ကောလာဟလတွေ ထွက်လာပြီးတဲ့နောက်မှာ အခုလို တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာလို့ ဒေသခံ တယောက်က ဘီဘီစီကို ပြောပါတယ်။
တိုက်ကြီး လောက်လေးချောင်းရွာတွင် ၉၆၉ အဖွဲ့ စည်းရုံးရေးဆင်းပြီး လူစုနေ
မေလ ၂၊ ၂၀၁၃
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့ နှင့် (၂)မိုင်အကွာ လောက်လေးချောင်း
ကျေးရွာတွင် ၉၆၉ ဦးဆောင်သူ
များ ဖြစ်ကြသော ကိုစိုးအောင် (Excellent -
လ္ဘက်ရည်ဆိုင်)၊ မောင်ဝင်း (က္ကိစိတံ - ထီဆိုင်) တို့မှ စည်းရုံးရေး
ဆင်းကာ
ယနေ့ နေ့လည်၂နာရီခန့်တွင် လူစုနေကြောင်း ဒေသခံ တစ်ဦး၏ ပြောကြားချက်အရ
သတင်းရရှိ
သည်။
မေလ ၂၊ ၂၀၁၃
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့ နှင့် (၂)မိုင်အကွာ လောက်လေးချောင်း ကျေးရွာတွင် ၉၆၉ ဦးဆောင်သူ
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့ နှင့် (၂)မိုင်အကွာ လောက်လေးချောင်း ကျေးရွာတွင် ၉၆၉ ဦးဆောင်သူ
များ ဖြစ်ကြသော ကိုစိုးအောင် (Excellent -
လ္ဘက်ရည်ဆိုင်)၊ မောင်ဝင်း (က္ကိစိတံ - ထီဆိုင်) တို့မှ စည်းရုံးရေး
ဆင်းကာ
ယနေ့ နေ့လည်၂နာရီခန့်တွင် လူစုနေကြောင်း ဒေသခံ တစ်ဦး၏ ပြောကြားချက်အရ
သတင်းရရှိ
သည်။
ပုသိမ်မြို့ပေါ်ရပ်ကွက်တစ်ခု ၁၅ဝဝ တန်ဖုန်း လျှောက်သူတိုင်း ကံထူး
ပုသိမ်မြို့ပေါ်ရှိရပ်ကွက်တစ်ခု၌ ကျပ် ၁၅ဝဝ တန်မိုဘိုင်းဆင်းကတ်များ ချပေးရာတွင် လာ ရောက် ကံစမ်းမဲနှိုက်သူနည်းခြင်းကြောင့် စာရင်းေ ပးသူတိုင်း ဖုန်းဆင်းကတ် ရရှိကြောင်း သိရ သည်။
”ပုသိမ်မှာ အခြားရပ်ကွက်တွေတော့ လျှောက်လွှာတင်စာရင်းနဲ့
ဖုန်းချပေးတဲ့ကတ်အရေ အတွက် မကိုက်တော့ လူနည်းနည်းပဲရတယ်။ အမှတ် ၎
ရပ်ကွက်ကတော့ ဖုန်းကတ်ခွဲတမ်း ၃ဝဝ ရတယ်”ဟု ယင်းရပ်ကွက်ရပ်မိရပ်ဖတစ်ဦးက
ပြော သည်။
ဥက္ကံ ပဋိပက္ခ သာယာဝတီသို့ ကူးမလာစေရန် ညမထွက်ရအမိန့် ထပ်တိုးထုတ်ပြန်
Thursday, May 02, 2013
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်တွင် ညမထွက်ရအမိန့် ထုတ်ပြန်မှု မူလထက် တစ်နာရီ ထပ်မံတိုးမြှင့်
လိုက်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ရန်ကုန်
တိုင်းဒေသကြီး ဥက္ကံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခကူးစက်လာမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်
သည့်အနေဖြင့်ထိုသို့ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်တွင် ညမထွက်ရအမိန့် ထုတ်ပြန်မှု မူလထက် တစ်နာရီ ထပ်မံတိုးမြှင့်
လိုက်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ရန်ကုန်
တိုင်းဒေသကြီး ဥက္ကံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခကူးစက်လာမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်
သည့်အနေဖြင့်ထိုသို့ဆောင်ရွက်ခြင်းဖြစ်သည်ဟု