Pages

Thursday, May 2, 2013

ဖြူးမြို့နယ်အတွင်း ခေါင်းဖြတ်အသတ်ခံရသည့် အမျိုးသမီးနှင့်ပါတ်သက်၍ သိရှိသူပြည်သူများမှ ကူညီသတင်းပေးကြပါ

ဖြူးမြို့နယ်အတွင်း ခေါင်းဖြတ်အသတ်ခံရသည့် အမျိုးသမီးနှင့်ပါတ်သက်၍
သိရှိသူပြည်သူများမှ ကူညီသတင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မေလ ၁ရက်၊ ၂၀၁၃ခုနှစ်

ဖြူးမြို့နယ်အတွင်း မိန်းကလေးတစ်ဦးအား ရက်ရက်စက်စက် ခေါင်းဖြတ် သတ်ပြီး ခေါင်းတစ် ခြား၊ ကိုယ်တစ်ခြား အထုတ်နှင့်စွန့်ပစ် ထားသောအမှုအား ဖြူးရဲစခန်း (ပ) ၃၆/ ၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့်၍ 

မှုခင်းတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များမှ အမှုမှန်ပေါ်ပေါက်ရေး အတွက် စုံစမ်းဖော်ထုတ်လျက်ရှိသော်လည်း အသတ်ခံသေဆုံးသူ အမျိုးသမီး မည်သူဖြစ်ကြောင်းကို ပင် စုံစမ်းဖော်ထုတ်၍ မရရှိသေးကြောင်း သိရသည်။

သေဆုံးသူ အမျိုးသမီးသည် အသက် (၂၅)နှစ်ကျော်အရွယ် အရပ် (၅)ပေခန့်၊ ဆံပင်ဂုတ် ထောက် (အနက်)ရောင်ရှိပြီး ၎င်း၏ယာဘက်လက် ဖျံအတွင်းဘက်တွင် ``သွေး´´ ဟူသော စာတန်း ပါရှိသည့် ဆေးမှင်ကြောင်အရုပ် ပါရှိသည့်အတွက်

ပြည်သူများ မိမိတို့ပတ်ဝန်း ကျင်တွင် အဆိုပါ ဆေး မှင်ကြောင်အရုပ်ထိုးထားပြီး ပျောက်ဆုံးနေသော အမျိုးသမီးရှိ မရှိ ကူညီစုံစမ်းပေးရန်နှင့် ရှိခဲ့ သိခဲ့လျှင်

ရဲအုပ်ဇော်လွင်ဦး (၀၉ ၄၉၄၄၅၂၈၈)၊ 

ဒုရဲအုပ်သန်းထွန်း (၀၉ ၄၃၀၁၅၅၆၄)၊ 

ဒုရဲအုပ်သောင်းနိုင် (၀၉ ၇၃၁၂၈၅၆၈)၊ 

ဒုရဲအုပ်အောင်ကိုလတ် (၀၉ ၄၉၃၄၀၆၈၈) ဖုန်းနံပါတ်များသို့ 

ရဲဝံ့စွာ သတင်းပေးပို့ ကူ ညီနိုင်ရန် လက်ကမ်းကြော်ငြာများ ဖြန့်ဝေထားကြောင်း သိရှိရသည်။

``ဒီလောက် ရက်ရက်စက်စက် သတ်ဖြတ်ထားတဲ့ လူသတ်တရားခံ ဖော်ထုတ်နိုင်ဖို့က သေတဲ့ မိန်းကလေး ဘယ်သူ၊ ဘယ်ကဆိုတာ ပြည်သူတွေ သတင်းပေးကူညီဖို့ လိုအပ်နေပါတယ်။ 

ဂျာနယ် တွေမှာလည်း ဖော်ပြရေးသားပြီး ကူညီပေးစေချင်ပါတယ်´´ ဟု မှုခင်းတပ်ဖွဲ့မှ ရဲအုပ်ဇော်အေးနိုင် (၀၉ ၄၀၀၄၇၀၁၇၁) က ပြောပြပါသည်။

ရဲဇာနည်မှ အကူအညီတောင်းခံသတင်း

ဖြူးမြို့နယ်၊ သပြေလှကျေးရွာအနီး၊ ဇဟားချောင်းတံတားအောက် ခေါင်းဖြတ်လူသတ်မှုနှင့်ပတ်သက်၍ ဆက်သွယ်သတင်းပေးပို့နိုင်

မေလ ၁ရက်၊ ၂၀၁၃ခုနှစ်

၁၄-၂-၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ သပြေလှကျေးရွာအနီး၊ ဇဟားချောင်းတံတားအောက်တွင် ဦးခေါင်းမပါသည့် အမည်မသိအမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိကြောင်းသတင်းအရ

ဖြူးရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ရန်ကုန်-မန္တလေးပုံမှန်လမ်း မိုင်တိုင်အမှတ်(၁၃၉-၁/၂)ကြား တံတားအမှတ်(၁၄၀/၁) ဇဟားချောင်းတံတားအောက် ချောင်းကမ်းစပ်တွင်

““၅၅၅””တံဆိပ် ပီနံအိတ်အဖြူဖြင့်ထည့်ထားသည့် ဦးခေါင်းမပါ ကိုယ်လုံးတီးအလောင်းတစ်လောင်းနှင့် မိုင်တိုင်အမှတ်(၁၃၈/၂)အနီး လမ်းဘေးတွင် အမျိုးသမီးဦးခေါင်းပြတ်တစ်ခု ထပ်မံတွေ့ရှိ၍ ဖြူးရဲစခန်း (ပ)၃၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူပြီး မှုခင်းရဲတပ်ဖွဲ့မှ စစ်ဆေးလျက်ရှိသည်။

အဆိုပါအမှုအား မှုခင်းရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိပြီး သေဆုံးသူမည်သူမည်ဝါ ဖြစ်ကြောင်း သိရှိသတင်းပေးလိုပါက

မှုခင်းရဲတပ်ဖွဲ့မှူးရုံး တယ်လီဖုန်းအမှတ် ၀၆၇-၄၁၂၅၀၂ နှင့် ၀၆၇-၄၁၂၅၀၅ တို့သို့ ဆက်သွယ်အကြောင်းကြား သတင်းပေးပို့နိုင်ကြောင်း သတင်းရရှိသည်။

Thit Htoo Lwin blog

မေလ ၂ရက်၊ ၂၀၁၃ခုနှစ်

ဖြူးမြို့နယ်အတွင်း မိန်းကလေးတစ်ဦးအား ရက်ရက်စက်စက် ခေါင်းဖြတ် သတ်ပြီး ခေါင်းတစ် ခြား၊ ကိုယ်
တစ်ခြား အထုတ်နှင့်စွန့်ပစ် ထားသောအမှုအား ဖြူးရဲစခန်း (ပ) ၃၆/ ၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ - ၃၀၂
ဖြင့်အမှုဖွင့်၍ မှုခင်းတပ်ဖွဲ့၊နယ်မြေခံရဲတပ်ဖွဲ့ဝင်များမှအမှုမှန်ပေါ်ပေါက်ရေးအတွက် စုံစမ်းဖော်ထုတ်လျက်
ရှိသော်လည်း အသတ်ခံသေဆုံးသူ အမျိုးသမီး မည်သူဖြစ်ကြောင်းကို ပင် စုံစမ်းဖော်ထုတ်၍ မရရှိသေး
ကြောင်း သိရသည်။
သေဆုံးသူ အမျိုးသမီးသည် အသက် (၂၅)နှစ်ကျော်အရွယ် အရပ် (၅)ပေခန့်၊ ဆံပင်ဂုတ် ထောက် (အနက်
)ရောင်ရှိပြီး ၎င်း၏ယာဘက်လက် ဖျံအတွင်းဘက်တွင်`သွေး´ဟူသော စာတန်း ပါရှိသည့် ဆေးမှင်ကြောင်
အရုပ် ပါရှိသည့်အတွက် ပြည်သူများ မိမိတို့ပတ်ဝန်း ကျင်တွင် အဆိုပါ ဆေး မှင်ကြောင်အရုပ်ထိုးထားပြီး
ပျောက်ဆုံးနေသော အမျိုးသမီးရှိ မရှိ ကူညီစုံစမ်းပေးရန်နှင့် ရှိခဲ့ သိခဲ့လျှင်

ရဲအုပ်ဇော်လွင်ဦး (၀၉ ၄၉၄၄၅၂၈၈)၊

ဒုရဲအုပ်သန်းထွန်း (၀၉ ၄၃၀၁၅၅၆၄)၊

ဒုရဲအုပ်သောင်းနိုင် (၀၉ ၇၃၁၂၈၅၆၈)၊

ဒုရဲအုပ်အောင်ကိုလတ် (၀၉ ၄၉၃၄၀၆၈၈) ဖုန်းနံပါတ်များသို့

ရဲဝံ့စွာ သတင်းပေးပို့ ကူ ညီနိုင်ရန် လက်ကမ်းကြော်ငြာများ ဖြန့်ဝေထားကြောင်း သိရှိရသည်။

``ဒီလောက် ရက်ရက်စက်စက် သတ်ဖြတ်ထားတဲ့ လူသတ်တရားခံ ဖော်ထုတ်နိုင်ဖို့က သေတဲ့ မိန်းကလေး ဘယ်သူ၊ ဘယ်ကဆိုတာ ပြည်သူတွေ သတင်းပေးကူညီဖို့ လိုအပ်နေပါတယ်။

ဂျာနယ် တွေမှာလည်း ဖော်ပြရေးသားပြီး ကူညီပေးစေချင်ပါတယ်´´ ဟု မှုခင်းတပ်ဖွဲ့မှ ရဲအုပ်ဇော်အေးနိုင် (၀၉ ၄၀၀၄၇၀၁၇၁) က ပြောပြပါသည်။

ဖြစ်စဉ်အကျဉ်း

၁၄-၂-၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ သပြေလှကျေးရွာအနီး၊ ဇဟားချောင်း

တံတားအောက်တွင်ဦးခေါင်းမပါသည့်အမည်မသိအမျိုးသမီးအလောင်းတစ်လောင်း တွေ့ရှိကြောင်းသတင်း
အရ ဖြူးရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ရန်ကုန်-မန္တလေးပုံမှန်လမ်း မိုင်တိုင်အမှတ်(၁၃၉
-၁/၂)ကြား တံတားအမှတ်(၁၄၀/၁) ဇဟားချောင်းတံတားအောက် ချောင်းကမ်းစပ်တွင်““၅၅၅””တံဆိပ် ပီနံ
အိတ်အဖြူဖြင့်ထည့်ထားသည့် ဦးခေါင်းမပါ ကိုယ်လုံးတီးအလောင်းတစ်လောင်းနှင့် မိုင်တိုင်အမှတ်(၁၃၈/၂)
အနီး လမ်းဘေးတွင်အမျိုးသမီးဦးခေါင်းပြတ်တစ်ခုထပ်မံတွေ့ရှိ၍ ဖြူးရဲစခန်း (ပ)၃၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂
ဖြင့် အမှုဖွင့်အရေးယူပြီး မှုခင်းရဲတပ်ဖွဲ့မှ စစ်ဆေးလျက်ရှိသည်။

အဆိုပါအမှုအားမှုခင်းရဲတပ်ဖွဲ့မှဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိပြီး သေဆုံးသူမည်သူမည်ဝါ ဖြစ်ကြောင်း

သိရှိသတင်းပေးလိုပါက မှုခင်းရဲတပ်ဖွဲ့မှူးရုံး တယ်လီဖုန်းအမှတ် ၀၆၇-၄၁၂၅၀၂ နှင့် ၀၆၇-၄၁၂၅၀၅ တို့သို့ ဆက်သွယ်အကြောင်းကြား သတင်းပေးပို့နိုင်ကြောင်း သတင်းရရှိသည်။

Thit Htoo Lwin blog, Rangonnewsdaily
RND:  :2.5.2013

0 comments:

Post a Comment