Pages

Thursday, May 2, 2013

လေမုန်းတိုင်း နှင့် အတူ မိုးပြင်းထန်စွာရွာချမှုကြောင့် ရှမ်းပြည်တောင်ပိုင်း တွင်နေအိမ်ပျက်စီးမှုများနှင့် လူသေပျောက်မှုများဖြစ်ပေါ်

မေ ၁ ရက်နေ့ ညပိုင်း ၁၁ နာရီတွင် ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ညောင်ကုန်းရွာ(ပလောင်ရွာ)တွင် လေမုန်းတိုင်း နှင့် အတူ မိုးပြင်းထန်စွာရွာချသောကြောင့် လူနေအိမ် (၄၇)လုံးပျက်စီးပြီး တောင်ပါတ်ရွာတွင်လည်း အနည်းဆုံး လူ(၅၀)ဦးခန့် အသက်ဆုံးရှုံးပြီး၊ ရွာသား (၇၀)ကျော်ခန့် ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိပါ သည်။ အိမ်တွေလည်းပျက်စီး တချို့အိမ်များဆို သွပ်မိုးအကုန်ပျက်စီးပီး ရှာလို့တောင်မရတော့ဘူး ညောင်ကုန်းရွာသားတစ်ဦးမှ ပြောဆိုသည်။
သေဆုံးသွားသော လူ ၅၀-ဦးခန့်တွင် အများစုမှာ တောင်ပါတ်ရွာတွင် ရွှေတူးရန်လာကြသည့် အခြားအရပ်က ရွှေလုပ်သားများဖြစ်ကြောင်း တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံးက ပြောဆိုပါတယ်။
DVB TV News, Rangonnewsdaily
RND:  :2.5.2013

0 comments:

Post a Comment