Pages

Sunday, May 31, 2015

အမှိုက်သိမ်းလုပ်ငန်းအား ပုဂ္ဂလိကသို့ လွှဲပြောင်းပေးသော်လည်း ဆေးရုံဆေးခန်းမှ စွန့်ပစ်အမှိုက်များနှင့် စက်မှုဇုန်ထွက် အမှိုက်များအား စည်ပင်မှ ဆက်လက်သိမ်းဆည်းမည်


RangonNewsDaily:: May . 31 .2015
အမှိုက်သိမ်းခြင်း လုပ်ငန်း အား ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့ သော်လည်း ဆေးရုံဆေးခန်းမှ စွန့် ပစ်အမှိုက်များနှင့် စက်မှုဇုန်ထွက် အ မှိုက်များအား စည်ပင်မှ ဆက်လက် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာနမှ သိရသည်။ ရန်ကုန်မြို့တွင်း ရှိ အမှိုက်သိမ်းခြင်းလုပ်ငန်းအား ပုဂ္ဂလိ က ကုမ္ပဏီနှစ်ခုသို့ လွှဲပြောင်းပေးခဲ့ ပြီးဖြစ်သည်။

အသားအရေအတွက် နနွင်းမှုံ့၏ အစွမ်း


RangonNewsDaily:: May . 31 .2015
နနွင်းမှုန့်မှာ အမျိုးမျိုးသော ကျန်းမာရေး အကျိုးကျေးဇူး တွေရှိတဲ့ အပြင် အသား အရေ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်စွမ်း ရှိပါတယ်။ နနွင်းမှုန့်ဟာ အရေပြား ကျန်းမာရေးနဲ့ အသားအရေ လှပမှု တို့အပေါ် ဘယ်လိုကောင်းကျိုးတွေ ပေးစွမ်းနိုင် သလဲဆိုတာ ဖော်ပြ ပေးလိုက်ပါတယ်။

ညသန်းခေါင် သွားလာခြင်းမပြုရန် ကော့သောင်းတွင် ကန့်သတ်နယ်မြေ ခုနစ်နေရာ ထုတ်ပြန်

ကော့သောင်း၊RangonNewsDaily:: May . 31 .2015
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်တွင် နယ်မြေအေးချမ်းသာယာရေးအတွက် ညဥ့်နက်သန်းခေါင် သွားလာခြင်းနှင့် မှောင်ရိပ်ခိုခြင်း မပြုလုပ်ရန် ကန့်သတ်တားမြစ်နေရာ ခုနစ်ခုကို မေလ ၁၅ ရက်နေ့က ထုတ်ပြန်ထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

ဖျော်ဖြေပွဲကို ဒုတိယအကြိမ် ဖျက်သိမ်းလိုက်လို့ ပရိသတ်ဒေါသနဲ့ကြုံနေရတဲ့ အစ်ဂီအဇယ်လီယာ


RangonNewsDaily:: May . 31 .2015
ဩစတြေးလျ ရက်ပ်အဆိုတော် အစ်ဂီအဇယ် လီယာသည် မြောက်အမေရိက သို့ နယ်လှည့်ဖျော်ဖြေပွဲ Great Escape ကို ဒုတိယအကြိမ် ထပ် မံဖျက်သိမ်းကြောင်း ကြေညာခဲ့ သဖြင့် ပရိသတ်များ ဒေါသထွက် ခဲ့ကြသည်။

အိန္ဒိယတွင် အပူလွန်ကဲမှုကြောင့် သေဆုံးသူ ၂၀၀၀ ခန့်ရှိပြီ

အပှုရှိန်ပြင်းထန်မှုကြောင့် ကတ္တရာလမ်းမများ အရည်ပျော်ကျနေပုံ
RangonNewsDaily:: May . 31 .2015
အိန္ဒိယ တနိုင်ငံလုံးမှာ အပူလှိုင်းကြောင့် သေဆုံးသူ ၂၀၀၀ နီးပါး ရှိလာပြီး အပူရှိန် ဒဏ်ခံနေရတဲ့ ပြည်သူတွေဟာ မုတ်သုန်မိုးကို မျှော်လင့်နေကြပါတယ်။

မြေငလျှင်သတင်း

RangonNewsDaily:: May . 31 .2015
ဂျပန်ကမ်းရိုးတန်းအရှေ့ပိုင်းကမ်းလွန်မှာ မေ ၃၀ ရက် ညနေ၆ နာရီ ၃၀ မိနစ်က တိုကျိုတောင်ဘက်ရှိ အိုဂါဆာဝါရာ ကျွန်းများ၏ကမ်းလွန်၊ အနက်၅၉၀ ကီလိုမီတာကိုဗဟိုပြုပြီး ငလျင်တစ်ခုလှုပ်ခတ်သွားတယ်လို့ သိရပါတယ်။

Wimax အင်တာနက်လိုင်း ၀န်ဆောင်မှု ပြန်လည်စတင်မည်

RangonNewsDaily:: May . 31 .2015
Wimax အင်တာနက် လိုင်းဝန်ဆောင်မှုကို ခြောက်လ ကျော်ကြာ ရပ်နားခဲ့ရာမှ ဇွန်လ ၁ ရက်တွင် ပြန်လည်ရောင်းချမည် ဟု Red Link ကုမ္ပဏီမှ သတင်း ရရှိသည်။

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၅၇/၀) တွင် Eliteခရီးသည် ပို့ဆောင်ရေးယာဉ်တိန်းမှောက်မှုဖြစ်ပွား (၅)ဦးသေးဆုံး (၁၅)ဦးဒဏ်ရာရ


RangonNewsDaily:: May . 31 .2015
ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် မေလ (၃၁)ရက် နံနက် (၃း၃၀) နာရီက ရန်ကုန် မှ မန္တလေးသို့ မောင်းနှင်လာသည့် Eliteခရီးသည် ပို့ဆောင်ရေး ယာဉ်အမှတ် YGN (2G-7504)သည် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၅၇/၀) တံတားဦးမြို့အရှေ့ဘက် ဆုံကုန်းအ၀ိုင်း လမ်းလယ်ကျွန်းအားဝင်ရောက်တိုက်သဖြင့် (၅)ဦး သေးဆုံးကာ (၁၅)ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။