Pages

Sunday, May 31, 2015

အမှိုက်သိမ်းလုပ်ငန်းအား ပုဂ္ဂလိကသို့ လွှဲပြောင်းပေးသော်လည်း ဆေးရုံဆေးခန်းမှ စွန့်ပစ်အမှိုက်များနှင့် စက်မှုဇုန်ထွက် အမှိုက်များအား စည်ပင်မှ ဆက်လက်သိမ်းဆည်းမည်


RangonNewsDaily:: May . 31 .2015
အမှိုက်သိမ်းခြင်း လုပ်ငန်း အား ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့ သော်လည်း ဆေးရုံဆေးခန်းမှ စွန့် ပစ်အမှိုက်များနှင့် စက်မှုဇုန်ထွက် အ မှိုက်များအား စည်ပင်မှ ဆက်လက် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ပတ် ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာနမှ သိရသည်။ ရန်ကုန်မြို့တွင်း ရှိ အမှိုက်သိမ်းခြင်းလုပ်ငန်းအား ပုဂ္ဂလိ က ကုမ္ပဏီနှစ်ခုသို့ လွှဲပြောင်းပေးခဲ့ ပြီးဖြစ်သည်။

''သြစတြေးလျကုမ္ပဏီ TYTC နဲ့ ဂျပန်နဲ့ ပြည်တွင်းဖက်စပ်ကုမ္ပဏီ Zeya & Associates နှစ်ခုကို လွှဲ ပြောင်းပေးခဲ့တာပါ။ ဆေးရုံဆေးခန်း စွန့်ပစ်အမှိုက်တွေနဲ့ စက်မှုဇုန်က စွန့် ပစ်တဲ့ အမှိုက်တွေကို စည်ပင်ကပဲ ဆက်လက်သိမ်းဆည်းတာက အဲဒီ အမှိုက်တွေက အန္တရာယ်ရှိ စွန့်ပစ် အမှိုက်တွေ ဖြစ်နေလို့ပါ''ဟု ယင်း ဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
ယင်းကုမ္ပဏီနှစ်ခုမှာ ရန်ကုန် မြို့၏ အမှိုက်သိမ်းဆည်းခြင်း လုပ် ငန်းအား ဆယ်နှစ် လုပ်ကိုင်ခွင့်ရရှိ မည်ဖြစ်ကြောင်း သိရသည်။

''လက်ရှိမှာတော့ ကုမ္ပဏီနှစ်ခု က အမှိုက်ခွန်ကောက်ခံဖို့ကို မြေပြင် ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်နေ ပါတယ်။ သတ်မှတ်ပြီးရင်တော့ ပြည် သူတွေကို ချပြသွားမှာပါ။ လက်ရှိ ကောက်ခံနေတဲ့ နှုန်းထားထက် နှစ်ဆ လောက် မြင့်တက်လာနိုင်ပါတယ်''ဟုပြောသည်။

အမှိုက်သိမ်းခြင်းလုပ်ငန်းအား ပိုမို အဆင့်မြင့်လာစေရန် ရည်ရွယ် ချက်ဖြင့် လွှဲပြောင်းပေးခဲ့ခြင်း ဖြစ် ကြောင်းကိုလည်း သိရသည်။

''အမှိုက်သိမ်းခြင်းကို မြို့နယ်အ လိုက် ခွဲခြားပေးသွားမှာပါ။ အနောက် ပိုင်းခရိုင်နဲ့ မြောက်ပိုင်းခရိုင်ကို သြစ တြေးလျကုမ္ပဏီဖြစ်တဲ့ TYTC က လုပ်ဆောင်မှာဖြစ်ပြီး အရှေ့ပိုင်းနဲ့ တောင်ပိုင်းကိုတော့ ဂျပန်နဲ့ ပြည်တွင်း ဖက်စပ် ကုမ္ပဏီဖြစ်တဲ့ Zeya & Asso- ciates က လုပ်ဆောင်သွားမှာပါ''ဟု ပြောသည်။

လက်ရှိတွင် ကောက်ခံလျက်ရှိ နေသည့် အမှိုက်ခွန်နှုန်းထားများမှာ လည်း မြို့နယ်အလိုက် ကွာခြားမှုများ ရှိကြောင်း သိရသည်။''လက်ရှိမြို့တွင်း ခြောက်မြို့နယ် မှာ အမှိုက်သိမ်းဆည်းခကို ကျပ် ၁၈ဝဝ၊ ကျန်တဲ့ဆင်ခြေဖုံးမြို့ နယ်တွေ မှာ ကျပ် ၁၃၅ဝ နဲ့ ကျပ် ၉ဝဝ ဆိုပြီး ကွာခြားပါတယ်''ဟု ပြောသည်။

ယင်း အမှိုက်သိမ်းဆည်းခအား သုံးလလျှင်တစ်ကြိမ် ကောက်ခံနေ ကြောင်း သိရသည်။

Yangon Media ,KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment