Pages

Tuesday, October 23, 2012

အထမ်းသမားနှစ်ဦး စနောက်ရင်းဖြစ်တဲ့ သီရိမင်္ဂလာဈေးသစ်က လူသတ်မှု


 
ရန်ကုန်တိုင်းဒေသကြီး၊လှိုင်မြို့နယ်ရှိသီရိမင်္ဂလာဈေးသစ်တွင်ကုန်တင်ကုန်ချအထမ်းသမားနှစ်ဦးခိုက်ရန်ဖစ်ရာမှ လူသတ်မှုဖြစ်ပွား
ခဲ့ကာ အသက် (၆၀)အရွယ်ရှိ အထမ်းသမားတစ်ဦး ပွဲချင်းပြီး သေဆုံး သွားကြောင်း သိရသည်။

ဖမ်းထားသည့် ရခိုင် ၁ဝ ဦးကို လွှတ်ပေးရန် မင်းပြားတွင် ဆန္ဒပြ (နောက်ဆုံးရသတင်း)

ဋိပက္ခ မှုများပြန်လည် ဖြစ်ပွားနေသော ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရှိ ဘင်္ဂါလီများ နေထိုင်သော သာစည် ကျေးရွာ တွင် မီးရှို့မှု
ဖစ်ပွား ခဲ့ရာ လမ်းပေါ် တွင် တွေ့ရှိသော ရခိုင် တိုင်းရင်းသား ၁ဝ ဦးကျော်ကို လုံခြုံရေး တပ်ဖွဲ့များ က ဖမ်းဆီး ထိန်းသိမ်း ထား သဖြင့်
 ဒေသခံ အမျိုးသမီး များ မြို့ နယ် အုပ်ချုပ်ရေးမှူး ရုံးရှေ့ တွင် ဆန္ဒပြလျက် ရှိကြောင်း လူမှု ကူညီရေး အသင်းမှ အတွင်းရေးမှူး ဦး
သန်းအောင် က ပြောကြား သည်။

KNU မှ ဗဟို ကော်မတီဝင် ၃ ဦး ထုတ်ပယ်သည့်အမိန့် ပြန်လည်ကိုင်တွယ်ရန် သဘောတူညီချက် ရရှိ

ရန်ကုန်၊ အောက်တိုဘာ ၂၃

ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဗဟိုကော်မတီဝင် ၃ ဦးအား ထုတ်ပယ်သည့်အမိန့်ကို ပြန်လည်ပယ်ဖျက်ပေးရန်အတွက် အရေးပေါ်ဗဟိုကော်မတီအစည်းအဝေးခ်ါယူသွားရန်နှစ်ဖက်သဘောတူညီမှုရရှိထားသည်ဟုဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောသည်။

စလစ်နှင့်အတူ ကားဈေးနှုန်း အနည်းငယ်မြင့်တက်နေ


စလစ်ဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ  ရန်ကုန်မြို့ကားဈေးကွက်အတွင်ကားဈေးနှုန်းများ(၁၅)ရာနှုန်းကျော်
မြင့် တက်လာကြောင်း ကားအရောင်းစင်တာများနှင့် အရောင်းအ၀ယ်လုပ်ကိုင်ကြသူများထံမှ သိရှိရသည်။

နစ်နာကြေးအတွက် ဆန္ဒထုတ်ဖော်ရန် မိုးထိမိုးမိရွှေလုပ်သားများ ရန်ကုန်သို့ ရောက်ရှိနေ


မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသရှိ ရွှေလုပ်သားများနှင့် အမျိုးသားကြီးပွားတိုး
တက်ရေး ကုမ္ပဏီနှစ်ဖက် ယခုတိုင်ပြေလည်မှုမရရှိသေးသဖြင့် ရွှေလုပ်သားများမှ ဆန္ဒထုတ်ဖော်ရန် ရန်
ကုန်တိုင်းဒေသကြီးသို့   ရောက်ရှိနေကြောင်း သိရသည်။

ယာဉ်ကြောပိတ်ဆို့မှုအတွက် ယာဉ်ထိန်းရဲများ နှီးနှောပွဲပြုလုပ်ကာ အဖြေရှာသင့်


ရန်ကုန်မြို့တွင်းရှိ ယာဉ်ကြောပိတ်ဆို့မှုများအား ဖြေရှင်းရန် ယာဉ်ထိန်းရဲများအနေဖြင့် ယာဉ်ကြောပိတ်ဆို
့မှု ဆွေးနွေးနှီးနှောပွဲ (Traffic Congestion Seminar) များ ကျင်းပ၍ ထွက်ပေါ်လာသော အဖြေကို သုတေ
သန ပြုလုပ်ကာ အဖြေရှာသင့်ကြောင်း မထသ (ဗဟို)မှ ဒုဥက္ကဋ္ဌက တိုင်းဒေသကြီးအစိုးရသို့ အကြံပြုပြော
ဆိုသည်။

ကရင်ပြည်နယ်ကော့ကျိုက်တွင် မွတ်စလင်မ်အိမ်များ ဖျက်ဆီးခံရ


လွန်ခဲ့သော ၁၈ ရက် အောက်တိုဘာလတွင် ဘာအံမြို.နှင့် ၅မိုင်ခန်.အကွာတွင်ရှိသော ကော့ကျိုက်ကျေးရွာတွင် မွတ်စလင်မ် အိမ် ၂လုံးအား ဗုဒ္ဓဘာသာဝင် လူငယ် အယောက်၂၀ ဦးက ကျောက်ခဲများဖြင ပစ်ပေါက်
ခဲ့ကြကြောင်း သတိရရှိပါသည်။ နောက်ထပ်အိမ် တစ်အိမ်ကိုတော့ အိမ်လှေခါးများကို ရိုက်ချိုးဖျက်ဆီးပစ်ခဲ့
ကြောင်း ရွာခံတစ်ဦးမှ ပြောကြားပါသည်။

မြောက်ဦးမြို့နယ်အတွင်း ပဋိပက္ခ ယခုချိန်ထိ တည်ငြိမ်မှုမရှိသေး သေဆုံးမှုများရှိနေ

MraukOoFire



ယနေ့သိရသော နောက်ဆုံးသတင်းများအရ မြောက်ဦးမြို့နယ်တွင် ဘင်္ဂလီတို့လက်ချက်ကြောင့် မီးလောင်မှုအနည်းဆုံး (၂)နေရာ ခန့် ဖြစ်ပွား လျှက် ရှိနေကြောင်း သတင်းရရှိသည်။ မီးလောင်မှုဖြစ်ပွားနေသောနေရာ များမှာ ယိုင်သည်ရွာနှင့် သံလွင်ရွာတို့ဖြစ်ပြီး ခလရ(၅၄၀)မှ စစ်ဖက်
ဆိုင်ရာလုံခြုံရေး အင်အား(၁၅)ယောက်စီခန့် ရောက်ရှိနေကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ပိုက်သည်ရွာကို ရခိုင် (ဗုဒ္ဓဘာသာနှင့် မရမကြီးများ) အကြမ်းဖက်သမားများက ပူးပေါင်းမီးရှို့ပြီးပစည်းများ လုယက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ပိုက်သည်ရွာရှိ ရိုဟင်ဂျာ အိမ်ခြေ ၅၀ ၀န်းကျင်ကို ရခိုင် (ဗုဒ္ဓဘာသာနှင့်မရမကြီး
များ) အကြမ်းဖက်သမားများက ယနေ့ည ၁၁ နာရီ အချိန်တွင် လူအင်အား ငါးထောင် ၀န်းကျင်ဖြင့် မီးရှို့ဖျက်
ဆီးခဲ့ကြောင်း ဒေသခံတစ်ဦးမှ myanmarmuslim.net သို့ သတင်းပေးပို့သည်။

"ဲမြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ကုရ်ဘာနီမလုပ်ဟုဆုံးဖြတ်(Breaking News)


မြန်မာပြည်တွင် ယခုနှစ် ၂၀၁၂ ကုရ်ဘာနီ အီးဒ်ပွဲတော် ကျင်းပမည်မဟုတ်ဟု အစ္စလာမ်သာသနာရေးရာ
ကာင်စီတာဝန်ရှိသူ တစ်ဦးမှ myanmarmuslim.net သို့  ပြောကြား ခဲ့ပါသည်။ရခိုင်ပြည်နယ်မှာ အကြမ်းဖက်
မှုတွေက ရပ်မသွားတဲ့ အပြင် တစ်နေ့ထက်တစ်နေ့ ပိုတိုးပြီးဖြစ်လာတယ်။

Toll ဂိတ် တည်ဆောက်မှု တောင်ကြီး ဒေသခံတွေ ဆန္ဒပြမယ်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilbjtoAw66Jpzpx_C_uuOg9Z2KX8yjdCO5nJKYuAQN9nNzJgrFc-egspYMVjk4thpOQSg0BeI-BlPbK69HMLWkIv-VQlewWrggBLptxaTo96jQgUT-yV9U0_w_GV3kbswUuj0F0BfcsrQ/s1600/DSCN0281+%5B1600x1200%5D.JPG

တောင်ကြီး မြို့နယ်၊အောင်သပြေ၊စဥ့်ဟယ်တိုးဂိတ်တည်ဆောက်နေ မှု ဒေသ ခံ တို့ မလိုလားတာကြောင့်
ငြိမ်းချမ်းစွာ   ဆန္ဒဖော်ထုတ်ရန် စီစဉ်ေ နေ ကြာင်း သိရပါတယ်။ 

အမေရိကန် သံအမတ် ဗုဒ္ဓဘာသာ ကူးပြောင်းမယ်ဆိုတာ ငြင်းဆို

 အမေရိကန် သံအမတ် မစ္စတာ ဒဲရစ်မစ်ချဲလ်နှင့် ဇနီး ဇူလိုင်လ လယ်က ရွှေတိဂုံ လာရောက်ဖူးမြှော်စဉ်၊ ဓာတ်ပုံ- ရန်ကုန် အမေရိကန်သံရုံး ဖေ့စ်ဘုတ်စာမျက်နှာ 
မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်နဲ့ ဇနီးတို့ဟာ လာမယ့် သတင်းပတ် သတင်းကျွတ်အခါသမယမှာ ဗုဒ္ဓဘာသာဝင် အဖြစ်သို့ ကူးပြောင်းမှာ ဖြစ်တယ်ဆိုတဲ့စကားအပေါ် သူ့မှာ အဲဒီလို လုပ်ဖို့ အစီအစဉ် မရှိဘူးလို့ ရန်ကုန် အမေရိကန် သံရုံး ဖေ့စ်ဘုတ် စာမျက်နှာမှာ မကြာသေးခင် နာရီပိုင်းကပဲ ဖော်ပြသွားပါတယ်။ 

Miss International Beauty Pageant 2012 ပြိုင်ပွဲဝင်ခဲ့တဲ့ နန်းခင်ဇေယျာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်


မြန်မာပြည်ရဲ့သတင်းလောကမှ အခုတစ်လော ခေတ်စားနေသူ တစ်ယောက်ကတော့ ဂျပန်နိုင်ငံ အိုကီ
နာဝါကျွန်းမှာ  ကျင်းပခဲ့တဲ့  Miss International Beauty Pageant 2012 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု
ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နန်းခင်ဇေယျာ ဖြစ်ပါတယ်။

ထိုင်းနှင့် နယ်စပ်ဂိတ်သစ် နှစ်ခု လာမည့်နှစ်လအတွင်း ဖွင့်မည်

 
လာမည့်နှစ်လအတွင်း ထိုင်းနယ်စပ်မှ မောတောင်၊ ထီးထီး အစရှိသော နယ်စပ်ဂိတ်များကို အသစ်ထပ်မံ ဖွင့်လှစ်သွားရန် ရှိနေကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ၁၇-၁၀-၂၀၁၂ ရက်တွင် ပြောကြားလိုက်သည်။

ယနေ့ (အောက်တိုဘာလ ၂၃ ရက်နေ့) တွင် ကျင်းပလျှက်ရှိသော အမျိုးသားပြည်သူ့လွတ်တော် ပုံမှန်အစည်းအဝေး

Photo: ယနေ့ကျင်းပနေသော ပြည်သူ့လွှတ်တော်အစည်းအဝေးမြင်ကွင်း
ယနေ့ကျင်းပနေသော ပြည်သူ့လွှတ်တော်အစည်းအဝေးမြင်ကွင်း

ယနေ့ (အောက်တိုဘာလ ၂၃ ရက်နေ့) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးတွင်--
၁) နိုင်ငံတော် အစိုးရမှ ဝေးလံခက်ခဲ၍ ၀န်ထမ်းလစ နှစ်ဆခံစားခွင့်ပြုသင့်သော ဒေသ မြို့နယ်များ မကျန်

ရှိအောင် ထပ်မံလေ့လာ စိစစ်၍ အမှန်တကယ် ပေးသင့်သည့် မြို့နယ်များကို ဆက်လက်ခွင့်ပြုသင့်ကြောင်း အဆိုအား လွှတ်တော် ကိုယ်စားလှယ် ရှစ်ဦးက ဆွေးနွေးခြင်း။

ရခိုင်ပြည်နယ် မင်းပြားမြို့နှင့် မြောက်ဦးမြို့တို့တွင် ပုဒ်မ ၁၄၄ထုတ်ပြန်လိုက်ပြီ

ရခိုင်ပြည်နယ် မင်းပြားမြို့နှင့် မြောက်ဦးမြို့တို့တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကို ယနေ့ည၁၀နာ
ရီဝန်းကျင်က ထုတ်ပြန်ကြေညာလိုက်သည်ဟု သတင်းရရှိပါသည်။ ထို့ကြောင့် အဆိုပါ မြို့များတွင်ည ၇ နာရီ
မှ နံနက် ၅ နာရီထိ ညမထွက်ရ အမိန့်ကို သက်ဆိုင်ရာမှ လိုက်လံကြေညာခဲ့သည်။

Miss International ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ပြီး People choice award နှင့် Miss Internet ဆု ရရှိခဲ့သော နန်းခင်ဇေယျာ ရန်ကုန်သို့ပြန်လည်ရောက်ရှိ

Photo: Miss International ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး People choice award နှင့် Miss Internet ဆုကို ရရှိခဲ့သူ မြန်မာကိုယ်စားပြုအလှမယ် နန်းခင်ဇေယျာ အောက်တိုဘာလ ၂၃ရက်နေ့ နံနက်၁၀နာရီ မိနစ် ၂၀ တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

Miss International ပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး People choice award နှင့် Miss Internet ဆုကိုရရှိခဲ့သူ
 မြန်မာကိုယ်စားပြုအလှမယ် နန်းခင်ဇေယျာ အောက်တိုဘာလ ၂၃ရက်နေ့ နံနက်၁၀နာရီ မိနစ် ၂၀ တွင်
မန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတ ကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

သမ္မတကြီးပြောကြားခဲ့သောပြည်သူလူထုကသာလိုလားပါကဒုတိယသက်တမ်းကို ထမ်းဆောင်သွားမည်ဟူ
သောမေးခွန်းအပေါ်နောက်သက်တမ်းမှာအရွေးချယ်ခံချင်တဲ့မည်သူမဆိုအားလုံးကနေ မျှမျှတတအခြေခံ
ပေါ်ကနေ ရွေးချယ်နိုင်အောင်လို့ ကြိုးစားပေးစေချင်တယ်။ အကုန်ပြင်ရမှာပဲ။

နန်းခင်ဇေ ယျာ မြန်မာပြည်သို့ပြန်လည်ရောက်ရှိ (သတင်းဓာတ်ပုံ)


 နန်းခင်ဇေ ယျာ မြန်မာပြည်သို့ပြန်လည်ရောက်ရှိ လာစဉ်သတင်းဓာတ်ပုံများဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ၏ တတိယမြောက်ဂြိုဟ်တု လွှတ်တင်မည်

KSLV_I

တောင်ကိုရီးယားနိုင်ငံသည် နိုင်ငံပိုင် တတိယမြောက် ဂြိဟ်တုတစ်လုံးကို အာကာသတွင်း ကမ္ဘာပတ်လမ်း
ကြာင်းသို့ လွှတ်တင်သွားမည် ဖြစ်သည်။ အဆိုပါ ဂြိုဟ်တုကို လာမည့် သောကြာနေ့ (အောက်တိုဘာ ၂၆ ရက်) တွင် နာရို အာကာသစခန်းမှ လွှတ်တင်သွားရန် စီစဉ်ထားသည်။

ကျူးဘားခေါင်းဆောင်ဟောင်း ကက်စထရို ကျန်းမာလျက်ရှိကြောင်း တုံ့ပြန်

castro

ကျူးဘားခေါင်းဆောင်ဟောင်း ဖီဒယ် ကက်စထရို သေဆုံးပြီ သို့မဟုတ် သေလုမျောပါး ဖြစ်နေပြီဟု သတင်းများထွက်ပေါ်ခဲ့ခြင်းအပေါ် အခြေအမြစ်မရှိသည့် သတင်းများသာဖြစ်ကြောင်း ကက်စထရို၏ ဓာတ်ပုံကို ယနေ့ထုတ် အစိုးရပိုင် သတင်းစာတွင် ပုံနှိပ်ဖော်ပြကာ တုံ့ပြန်လိုက်သည်။

ကလေး သေဆုံးပြီဟု မှားယွင်းအတည်ပြုသည့် ဆေးရုံကို မိဘများ တရားစွဲဆို


အမေရိကန်နိုင်ငံတွင် သားဖြစ်သူအား သေဆုံးပြီဟု မှားယွင်း အသိပေးခဲ့သည့် ဆေးရုံကို လင်မယား နှစ်ဦး
က တရားစွဲဆိုထားကြောင်းသိရှိရသည်။အသက်(၈)နှစ်အရွယ်မသန်စွမ်း ယောက်ျားလေး ကလေးငယ်အား
ချီကာဂိုရှိ Mercyဆေးရုံက သေဆုံးပြီဟု အတည်ပြု ကြေညာခဲ့သည်။

စစ်တွေဆေးရုံသို့ စက်လှေဖြင့် ခေါ်ဆောင်လာသော ဒဏ်ရာရသူများစာရင်း

 
ည (၁၁း၀၀ )နာရီအချိန်သတင်း > စစ်တွေဆေးရုံသို့ စက်လှေဖြင့်  ခေါ်ဆောင်လာသော ဒဏ်ရာရ သူများ
မှာ -
(၁) မြင့်ခိုင်အောင် ၊ ၄၀ နှစ်၊ ပန်းမြောင်း၊ ညာခြေထောက်၊ လှံဒဏ်ရာ၊ ပန်းမြောင်းကျေးရွာ
(၂) မောင်ထွီးစိန်၊ ၂၅ နှစ်၊ ၀ဲဘက်ဗိုက်မှ ကျောသို့ ပေါက်ထွက်သည့် လှံ ဒဏ်ရာ၊ ကျောင်းတောင်ရွာ၊
(၃) မောင်မောင်ခိုင်၊ ၃၀ နှစ်၊ဓါးဒဏ်ရာ၊ မောင်သာကုန်းရွာ၊ တို့ဖြစ် ကြောင်း သိရှိရပါသည်။

မြောက်ဦး ပဋိပက္ခအတွင်း ဒဏ်ရာရသူများကို စစ်တွေဆေးရုံသို့ ယူဆောင်

http://arakantimes.net/burmese/images/MraukOoLunar.jpg



မနေ့က မြောက်ဦိးပဋိပက္ခတွင် မြောက်ဦးမှ ရခိုင် (၄)ဦး ဒဏ်ရာရပြီး အရေးပေါ် အခြေအနေကြောင့် စစ်တွေ ဆေးရုံသို့ ရောက်ေ န ကြော င်း၊ နောက် ထပ်လည်း မြောက်ဦးတွင် ဒဏ်ရာရရှိသူ (၇)ဦး ရှိနေသေးေ ကြာင်း သတင်းရရှိသည်။

မင်းပြားနဲ့ မြောက်ဦးမှာ အကြမ်းဖက်မှုဖြစ်ပွားခြင်း၏ (နောက်ဆုံးရသတင်း)

http://gdb.voanews.eu/99369FD4-B4C9-443F-BE84-20281B22D8A0_w268_r1.jpg



ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြား နဲ့ မြောက်ဦးမြို့နယ်တွေမှာ မနေ့ညနဲ့ ဒီကနေ့ မနက်အစောပိုင်းက စတင်ခဲ့တဲ့ မီးရှို့မှုနဲ့ တိုက်ခိုက်မှုတွေ ကို ပြည်နယ်အစိုးရက လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကူအညီရယူပြီး အခြေအနေကို ငြိမ်သက်အောင် ထိန်းချုပ်နေပါတယ်။

The Independence ဂျာနယ်၏ တရုတ်နိုင်ငံနှင့် မဟာဗျူဟာ ဆက်ဆံရေး မည်သို့ ရှိပါသလဲဟု မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဖြေကြားချက်

 
တရုတ်နိုင်ငံနှင့် မဟာဗျူဟာ ဆက်ဆံရေး မည်သို့ ရှိပါသလဲဟု The Independence ဂျာနယ်မှ မေးမြန်းချက်
ကောင်းပါပြီ။ အဲတော့ တရုတ်နိုင်ငံ ကျွန်တော်တို့ နိုင်ငံတကာလို နယ်နိမိတ်ချင်း ထိပြီးသား ကီလိုမီတာ နှစ်ထောင်လောက် ဒါ ကျွန်တော်တို့ ဆက်စပ်နေပြီး ဖြစ်ပါတယ်။ အဲတော့ ဒီအစိုးရချင်းတင် မကပါဘူး လူလူချင်းလဲ နိစ္စဓူဝ ကျွန်တော်တို့သွားလာ ဆက်ဆံမှုတွေ ကျွန်တော်တို့ ရှိနေပါတယ်။ အဲတော့ ပြောကြမယ်ဆိုလို့ရှိရင်တော့ ဒါ အိမ်နီးနားချင်း နိုင်ငံ တစ်နိုင်ငံထဲမှာ ရင်းနှီးတဲ့ ကျွန်တော်တို့ အိမ်နီးနားနှစ်နိုင်ငံလို့ ပြောရမှာ ဖြစ်ပါတယ်။