skip to main |
skip to sidebar
ဖမ်းထားသည့် ရခိုင် ၁ဝ ဦးကို လွှတ်ပေးရန် မင်းပြားတွင် ဆန္ဒပြ (နောက်ဆုံးရသတင်း)
10:27 PM
zawwinnaung
ပဋိပက္ခ
မှုများပြန်လည် ဖြစ်ပွားနေသော ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရှိ
ဘင်္ဂါလီများ နေထိုင်သော သာစည် ကျေးရွာ တွင် မီးရှို့မှု
ဖြစ်ပွား ခဲ့ရာ
လမ်းပေါ် တွင် တွေ့ရှိသော ရခိုင် တိုင်းရင်းသား ၁ဝ ဦးကျော်ကို လုံခြုံရေး
တပ်ဖွဲ့များ က ဖမ်းဆီး ထိန်းသိမ်း ထား သဖြင့်
ဒေသခံ အမျိုးသမီး များ မြို့
နယ် အုပ်ချုပ်ရေးမှူး ရုံးရှေ့ တွင် ဆန္ဒပြလျက် ရှိကြောင်း လူမှု ကူညီရေး
အသင်းမှ အတွင်းရေးမှူး ဦး
သန်းအောင် က ပြောကြား သည်။
လက်ရှိဖမ်းဆီးခံရသူများမှာယင်းပဋိပက္ခနှင့်ပက်သတ်မှုမရှိသူများဖြစ်သဖြင့်ပြန်လည်လွှတ်ပေး ရန် တောင်းဆို နေကြခြင်း
ဖြစ်ကြောင်း ၄င်းက ဆိုသည်။
အဆိုပါ ကျေးရွာတွင် ဘင်္ဂါလီ များ ကိုယ်တိုင် မီးရှို့ခြင်း ဖြစ်သည် ဟု
သတင်းများ ထွက်ပေါ် နေ သကဲ့သို့ ရခိုင် တိုင်းရင်းသား များ က မီးရှို့သည်
ဟုလည်း သတင်းများ ထွက်ပေါ် နေကြောင်း ဒေသခံ များထံ ဆက်သွယ် မေးမြန်းချက်များ
အရ သိရှိ ရသည်။
ပြည်နယ်ဝန်ကြီး တစ်ဦး ဖြစ်သူ ဦး သာလူချေ က
ဖမ်းဆီး ထားသူများကို ပြန်လည် လွှတ်ပေးရန် အမျိုးသမီးထုကို ကတိ
ပေးခဲ့ကြောင်း မင်းပြား မြို့နယ် ပြည်နယ် လွှတ်တော်အမတ် တစ်ဦး ဖြစ်သူ
ဦးသာကျော် က ပြောကြားသည်။
နောက်ဆုံး ရရှိသော သတင်း အရ မင်းပြား
တွင် ည မထွက်ရ အမိန့် ထုတ်ပြန် ထားသဖြင့် စတင် လူစု ခွဲ နေကြပြီ
ဖြစ်ကြောင်း မင်းပြားမြို့နယ် ရခိုင် တိုင်းရင်းသား များ တိုးတက်ရေး
ပါတီဝင် အမျိုးသား တစ်ဦးက ဆိုသည်။
အဆိုပါ ကိစ္စရပ် များနှင့်
ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ သို့ The Voice Weekly က ဆက် သွယ်
မေးမြန်း ခဲ့ရာ သတင်း မရ ရှိ သေးကြောင်း ပြန်လည် ဖြေကြား သည်။
-The Voice Weekly
0 comments:
Post a Comment