Pages

Tuesday, October 23, 2012

နိုင်ငံတော် သမ္မတ ကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

သမ္မတကြီးပြောကြားခဲ့သောပြည်သူလူထုကသာလိုလားပါကဒုတိယသက်တမ်းကို ထမ်းဆောင်သွားမည်ဟူ
သောမေးခွန်းအပေါ်နောက်သက်တမ်းမှာအရွေးချယ်ခံချင်တဲ့မည်သူမဆိုအားလုံးကနေ မျှမျှတတအခြေခံ
ပေါ်ကနေ ရွေးချယ်နိုင်အောင်လို့ ကြိုးစားပေးစေချင်တယ်။ အကုန်ပြင်ရမှာပဲ။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြီးကတရားမျှတမှုမှမရှိတာ။တရားမမျှတတဲ့ ဥပဒေအရတော့ ခေါင်းဆောင်လုပ်
ချင်စိတ် မရှိသင့်ဘူးလို့ ဒီလိုပဲမြင်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် လွှတ်တော်အမတ်များပေါ်တွင်သာမူတည်ကြောင်း သမ္မတကြီး၏ပြော
ကြားချက်အပေါ် “တကယ် ဒီမိုကရေစီလိုလားတဲ့သူတိုင်းမှာ ဒီမိုကရေစီနဲ့မကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥပ
ဒေထဲက ပုဒ်မတွေကို ပြင်ဆင်ဖို့ကကိုယ့်တာဝန်ပဲလို့မှတ်ယူရပါမယ်။ နောက်ပြီးတော့ နိုင်ငံတော်သမ္မတကြီး
က ဖွဲ့စည်းပုံအခြေခံဥပဒေညီလာခံရဲ့ဥက္ကဋ္ဌမဟုတ်ဘူးလား”ဟု ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ဖြေ
ကြားခဲ့သည်။
 
Eleven Media:

0 comments:

Post a Comment