Pages

Tuesday, October 23, 2012

Miss International Beauty Pageant 2012 ပြိုင်ပွဲဝင်ခဲ့တဲ့ နန်းခင်ဇေယျာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်


မြန်မာပြည်ရဲ့သတင်းလောကမှ အခုတစ်လော ခေတ်စားနေသူ တစ်ယောက်ကတော့ ဂျပန်နိုင်ငံ အိုကီ
နာဝါကျွန်းမှာ  ကျင်းပခဲ့တဲ့  Miss International Beauty Pageant 2012 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု
ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နန်းခင်ဇေယျာ ဖြစ်ပါတယ်။
သူက  People Choice Award နဲ့ Miss Internet Award ဆုနှစ်ခုကိုရရှိခဲ့သူပါ။ဆုတွေ ပိုက်လာတဲ့နန်းခင်
ဇေယျာ မြန်မာပြည်ကို ဒီမနက်  ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။

သူ့ရဲ့ ပြိုင်ပွဲအတွေ့အကြုံနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို  မနက်ဖန် (ဗုဒ္ဓဟူးနေ့) နေ့လယ် (၂)နာ

ရီ မှာ ပြုလုပ်ပါမယ် တဲ့။ နေရာကတော့ ရန်ကုန် သုဝဏ္ဏမှာ  မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အစည်း
အဝေးခန်းမမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီရက်ပိုင်းအတွင်း မြန်မာပြည်က Facebook အသုံးပြုသူတွေရဲ့စာမျက်နှာတွေမှာ သူနဲ့ပတ်သက်တဲ့သတင်း

အတော်များများကို တွေ့ကြရမှာပါ။ နန်းခင်ဇေယျာ ဆုရတဲ့အတွက် သူ့ကို အားပေးခဲ့တဲ့ ပြည်သူတွေ၊့ Face
book အသုံးပြုသူတွေက ၀မ်းသာ ပျော်ရွှင်နေကြပါပြီ။

အောင်မြင်မှုဆိုတာက လူတိုင်းက အောင်မြင်ချင်ကြတယ်။ ပန်းတိုင်တစ်ခုရောက်ဖို့ ကြိုးစားကြတယ်။ ညီမ

ကတော့ အခက်အခဲ ကြုံလာရင် ဖြတ်ကျော်ပြီး မဆုတ်မနစ် ကြိုးစားရင် အောင်မြင်မှုတွေရရှိမှာ ယုံကြည်
တယ်” လို့ နန်းခင်ဇေယျာက ပြောပါတယ်။


ဧရာဝတီသတင်း


0 comments:

Post a Comment