Pages

Tuesday, October 23, 2012

ကလေး သေဆုံးပြီဟု မှားယွင်းအတည်ပြုသည့် ဆေးရုံကို မိဘများ တရားစွဲဆို


အမေရိကန်နိုင်ငံတွင် သားဖြစ်သူအား သေဆုံးပြီဟု မှားယွင်း အသိပေးခဲ့သည့် ဆေးရုံကို လင်မယား နှစ်ဦး
က တရားစွဲဆိုထားကြောင်းသိရှိရသည်။အသက်(၈)နှစ်အရွယ်မသန်စွမ်း ယောက်ျားလေး ကလေးငယ်အား
ချီကာဂိုရှိ Mercyဆေးရုံက သေဆုံးပြီဟု အတည်ပြု ကြေညာခဲ့သည်။
ဖေဖော်ဝါရီလ (၁၈)ရက်နေ့က ကလေးငယ်သည် တုံ့ပြန်မှု အသိမရှိတော့သည်ကို တွေ့ရှိပြီးနောက် ရှီနာ
လိန်းနှင့် ပင့်ခ်ဒေါ်ဆီတို့ နှစ်ဦးသည် ဆေးရုံသို့ အပြေးအလွှား ပို့ဆောင်ခဲ့သည်။ ကလေးငယ် ဂျေးလန်သည်
 ဆေးရုံ အရောက်တွင် နှလုံးခုန်နေဆဲ ဖြစ်သော်လည်း သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများက လုံးဝဂရုမ
စိုက်ဘဲ လျစ်လျူရှုထားကြောင့် ရှီနာတို့ ဇနီးမောင်နှံက စွပ်စွဲခဲ့သည်။


(ဆေးရုံက သေပြီဟု အတည်ပြုခဲ့သည့် ကလေးငယ် ဂျေလန်း)
သို့သော်လည်း ဆေးရုံက ဂျေးလန်သည် သေဆုံးခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ထို့နောက်တွင်မူ ဂျေးလန်
အား အောက်စီဂျင် ပေးထားသည်ကိုပါ ဖယ်ရှားခဲ့ပြီး ရှီနာတို့ ဇနီးမောင်နှံက အတင်းတိုက်တွန်းမှ နှလုံးကို
 ဓာတ်မှန်ရိုက်ကြည့်ရာ နှလုံးခုန်နေဆဲ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

 ဆေးရုံကမူတရားရုံးတွင်စွဲချက်တင်ထားသောကိစ္စကို ငြင်းချက်ထုတ်ထားပြီး ကလေးသည် ဆေးရုံရောက်
ပြီး (၂၅)မိနစ်တွင် နှလုံးခုန် လုံးဝ ရပ်သွားကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် စစ်ဆေးမှုများအရ နှလုံးပြန်ခုန်
နသည်မှာ ဆေးဘက်ဆိုင်ရာ ရှားပါးဖြစ်စဉ်မျိုးဟု ယူဆနိုင်ပြီး မိမိတို့ ဆေးရုံ၏ လုပ်ကိုင်ဆောင်ရွက်မှုတွင် အမှားမရှိဟုလည်း ကြေညာခဲ့သည်။

(ဂျေလန်း၏ မိဘနှစ်ဦး)
သို့သော်လည်း ရှီနာတို့ စုံတွဲကမူ ဆေးရုံသည် ကလေးငယ်ကို လုံလောက်သော ကုသမှု မပေးဘဲ တန်ဖိုးမဲ့
စွာ ပြုမူခဲ့ကြောင်းတရားစွဲဆိုထားခြင်း ဖြစ်သည်။ ဂျေးလန်သည်အသက်(၂)နှစ်အရွယ်ကတည်းကဦးနှောက်
တွင် ပြင်းထန်သော ထိခိုက်မှုကြောင့် မသန်စွမ်း ဘဝသို့ ရောက်ရှိခဲ့ရှာသည်။ ၎င်းသည် အိပ်ရာထဲတွင် လှဲ
လျောင်းရင်း ဘဝ၏ အချိန်အတော်များများကို ကုန်ဆုံးခဲ့ရသည်။ ရှီနာကမိမိသည် ဆေးရုံဝန်ထမ်းများက က
လေး သေဆုံးပြီဟု ပြောကြားခဲ့ချိန်တွင် ဂျေးလန်၏ မျက်တောင် ပုတ်ခတ် ပုတ်ခတ် ဖြစ်နေသည်ကို တွေ့
မြင်ခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

(ချီကာဂိုရှိ Mercy ဆေးရုံ)
သို့သော်လည်း ဆေးရုံဝန်ထမ်းများက ယင်းသည် ဆေးဝါးများ၏ အရှိန်ကြောင့်ဟုဆိုကာ ကလေး အသက်
ရှင်နေဆဲဆိုသော အဆိုကို ငြင်းပယ်သွားခဲ့သည်။ "သူ့မျက်လုံး လှုပ်နေတာ ကျွန်တော် သေချာမြင်ခဲ့တယ်
"ဟု ပင့်ခ်က ဆိုသည်။ "ကျွန်တော်တို့က ဆရာဝန် မဟုတ်ဘူးလေ။ဒီတော့သူတို့ပြောတာကိုမယုံချင်ဘဲလက်
ခံခဲ့ရတာပါ"ဟုလည်း ၎င်းက ဖွင့်ဟခဲ့သည်။ 

ထို့နောက် ဆွေမျိုးများ ထပ်မံ ရောက်ရှိလာချိန်တွင်လည်း ကလေး၏ မျက်လုံး၊ နှာခေါင်းနှင့် ခန္ဓာကိုယ် အ
စိတ်အပိုင်းအချို့ လှုပ်ရှားနေသည်ကို တွေ့ရှိသဖြင့် ဆေးရုံမှ ဝန်ထမ်းများအား အတင်းဖိအားပေး စစ်ဆေး
စေခဲ့ရာ ဂျေးလန်သည်အသက်ရှင်နေဆဲဖြစ်သည်ကို တွေ့ခဲ့ရသည်။သို့သော်လည်း အောက်စီဂျင်ပိုက် ဖြုတ်
ခဲ့ခြင်းက ကလေးငယ်၏ အခြေအနေကို ပိုမိုဆိုးရွား ထိခိုက်သွားစေကြောင်း ပင့်ခ်နှင့် ရှီနာက ယုံကြည်ထား
သည်။

ဂျေးလန်၏ မိခင် ရှီနာက ဆေးရုံဝန်ထမ်းများ၏ တာဝန်မဲ့ ပြုမူမှုသည် ကလေးအတွက် ပိုမို အခြေအနေ ဆိုး

သွားစေခြင်းဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ "သူ့ရဲ့ လန်းဆန်းနေတဲ့ မျက်နှာလေးကို ကျွန်မတို့ ထပ်
မြင်ခွင့် မရတော့ဘူးလေ"ဟု သူမက ကြေကြေကွဲကွဲ ဆိုသည်။

 ကျွန်မသားလေး ပြုံးနေတဲ့အခါ ကျွန်မရဲ့ နေ့ရက်တွေ ပိုပြီး တောက်ပစေခဲ့တာပါ။ ခုတော့ ဒီအခွင့်အရေးမျိုး
 ထပ်မရှိတော့ပါဘူး။ ဒီနာကျင်မှုက သိပ်ကို ဆိုးရွားလွန်းပါတယ်"ဟု သူမက ပြောဆိုသွားသည်။ 

မိဘနှစ်ပါးက ယခုကိစ္စအတွက် စိတ်ရော၊ ကိုယ်ပါ ထိခိုက်ခဲ့ခြင်းကြောင့် နစ်နာကြေး ဒေါ်လာနှစ်သိန်း ခံစား
ခွင့်ရရန် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့သည်။ ကလေးငယ်ကိုလည်း Comer ကလေးဆေးရုံသို့ ပြောင်း
ရွှ့ကုသခဲ့ပြီး ထိုဆေးရုံတွင် ဆရာဝန်များက ကလေး၏ နှလုံးခုန်နှုန်းကို ပြန်လည် စစ်ဆေးတွေ့ရှိခဲ့သည်။

ပင့်ခ်က "ဆေးရုံ မပို့ခင်ထိ ကျွန်တော့်သားက ကျွန်တော်တို့ကို ပြုံးပြနိုင်သေးတယ်။ ကျွန်တော်တို့ ပြောနေ ဆိုနေတာတွေကို သူကြားခဲ့သေးတယ်။ ခုတော့ သူပြုံးဖို့ ကောင်းကင်ဘုံကို ဆုတောင်းရုံပဲ ရှိတော့တာပေါ့"

ဟု ပြောကြားသွားသည်။ 

ကလေးငယ်၏ အခြေအနေကို အတိအကျ မဖော်ပြထားသော်လည်း မိသားစုက ဂျေးလန်သည် မျက်လုံးများ
ကို အမြဲလိုလို မှေးမှိတ်ထားပြီး မိသားစုဝင်များကို တွေ့မြင်သည့်တိုင် ပြုံးပြုံးရွှင်ရွှင်လုံးဝမရှိတော့ဟု ပြောဆို
ထားသည်။

Source: NineMSN

0 comments:

Post a Comment