Pages

Tuesday, October 23, 2012

NLD ဗဟိုအလုပ်အမှုဆောင်ဟောင်း ဦးလွန်းတင် ကွယ်လွန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အဖြစ် ၂ဝ၁၁ ခုနှစ်အထိ တာ
ဝန်ယူခဲ့ဖူးသည့်ဗိုလ်မှူးကြီး (ငြိမ်း)ဦးလွန်းတင်သည်အသက်၉၂ နှစ်အရွယ်တွင်လူကြီးရောဂါဖြင့်ရန်ကုန်ဆေး
ရုံကြီး၌ တနင်္ဂနွေ ညနေ ၅ နာရီခွဲခန့်က ကွယ်လွန်သွားခဲ့သည်။

၂၄ရက်ကြာ ဆေးရုံတင် ကုသမှု ခံယူနေရပြီးနောက် ကျောက်ကပ်ရောဂါဖြင့်အနိစ္စရောက်သွားကြောင်းသား
မက်ဖြစ်သူ ဦးအောင်ကျော်မိုး က ပြောသည်။“ဈာပနကို ၂၅ ရက်နေ့ ညနေ၄ နာရီမှာ စီစဉ်ထားပါတယ်။ ရေ
ဝေးကပဲ လုပ်မှာပါ။ရန်ကင်း နေအိမ်ကထွက်ခွါမှာပါ” ဟု မဇ္ဈိမကို ပြောသည်။

၁၉၆၂ ခုနှစ်၊ဦးနေဝင်းဦးဆောင်သည့် တော်လှန်ရေး ကောင်စီတွင်အနောက် မြောက်တိုင်းစစ်ဌာနချုပ်တိုင်း
မှူး အဖြစ် ပါဝင်ခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ဗိုလ်မှူးကြီး အဆင့်ဖြင့် အငြိမ်းစား ယူခဲ့ရသည့် ဦးလွန်းတင် မှာ ၁၉၈၈ ခုနှစ်တွင် NLD ဖွဲ့စည်းသည့်အခါ ဗိုလ်ချုပ်ကြီး သူရတင်ဦး ဦးဆောင်သည့် မျိုးချစ်ရဲဘော်ဟောင်းများအစုမှ
ပါဝင်လာခဲ့သည်။

ဦးလွန်းတင် မှာမွန်ပြည်နယ်NLD ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်ခဲ့ကာ၁၉၉ဝ ခုနှစ်၊အထွေထွေရွေးကောက်
ပွဲ တွင် မော်လမြိုင် မဲဆန္ဒနယ် အမှတ် ၁ မှ ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။

၁၉၄၂ မှ ၁၉၄မ အထိ ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA)၊ ဗမာ့ ကာကွယ်ရေး တပ်မတော် (BDA)နှင့်မျိုး
ချစ် ဗမာ့တပ်မတော် (PBF)တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် လွတ်လပ်ရေး မော်ကွန်းဝင် (ပထမအဆင့်) ဦးလွန်းတင် သည် နမခ တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၆၅ ခုနှစ်တွင် ထောင်ဒဏ်ချမှတ်ခံခဲ့
ရဖူးကာ NLD အမှုဆောင် ကော်မတီဝင်တဦးအဖြစ်၂၀၀၀ ပြည့်နှစ်တွင် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည်။

၁၉၇၈ ခုနှစ်မှ ငါးနှစ်ကျော်ကြာ အလုပ်သမားဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးနှင့် အကြံပေးအရာရှိများ တာ
ဝန်ယူခဲ့ဖူး သည့် ဦးလွန်းတင်မှာ ၁၉၉၈ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီတွင်လည်းအလုပ်သ
မားရေးရာ တာဝန်ယူခဲ့သည်။ကွယ်လွန်ချိန်တွင် သားသမီး ခြောက်ဦး ကျန်ရစ်ခဲ့သည်။

နယူးဒေလီ (မဇ္ဈိမ)

0 comments:

Post a Comment