Pages

Tuesday, October 23, 2012

"ဲမြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ကုရ်ဘာနီမလုပ်ဟုဆုံးဖြတ်(Breaking News)


မြန်မာပြည်တွင် ယခုနှစ် ၂၀၁၂ ကုရ်ဘာနီ အီးဒ်ပွဲတော် ကျင်းပမည်မဟုတ်ဟု အစ္စလာမ်သာသနာရေးရာ
ကာင်စီတာဝန်ရှိသူ တစ်ဦးမှ myanmarmuslim.net သို့  ပြောကြား ခဲ့ပါသည်။ရခိုင်ပြည်နယ်မှာ အကြမ်းဖက်
မှုတွေက ရပ်မသွားတဲ့ အပြင် တစ်နေ့ထက်တစ်နေ့ ပိုတိုးပြီးဖြစ်လာတယ်။
တာဝန်ရှိတဲ့ ပြည်နယ် အာဏာပိုင်က ထိရောက်တဲ့ ကာကွယ်မှုမပေးနိုင်ဘူး၊ ဗဟိုအစိုးရ ကစေလွှတ်တဲ့ စုံ
စမ်းရေးကော်မရှင်ကိုလဲ ပူးပေါင်းဆောင်ရွက်မှု မရှိသလောက်ပါပဲ၊ အခုလဲ မနေ့ညက ပိုက်သည်ရွာမှာဖြစ်
တယ်၊ ထိရောက်တဲ့ အကာအကွယ်မပေးနိုင်ဘူး …. ကရင်ပြည်နယ်မှာ ဆိုယင် ထုတ်ပြန်ချက်တွေဘာတွေ လုပ်ပြီး အစ္စလာမ်ဆန့်ကျင်ရေးလုပ်နေတာ တွေကို ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်တယ်ဆိုပြီး အခု
အချိန်အထိ မကြားမိဘူး

 … ဒီကိစ္စတွေ အတွက် မြန်မာမွတ်စလင်ထုတစ်ရပ်လုံး ကြေကွဲ လျက်ရှိနေပါတယ်… အီးဒ်ဆိုတာ ပွဲတော် .. လူတွေအားလုံး စိတ်နှလုံး မချမ်းသာပဲ .. ပြည်တွင်းမှာ လုံခြုံမှု မရှိပဲ ဘယ်လိုလုပ် ပွဲတော် ဆင်နွဲနိုင်မှာလဲ

…. ကျွန်တော်တို့ အားလုံး ၀မ်းနဲကြေကွဲတဲ့ အတွက် ဒီနှစ် ကုရ်ဘာနီအီးဒ် ပွဲတော်ကို ဆင်နွှဲ သွားမှာ မဟုတ်
ပါဘူး … ဟု အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးမှ myanmarmuslim.net ၏မေး
မြန်းချက်အား ဖြေကြားသွားခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး အစ္စလာမ်ကောင်စီဌာနချုပ်သို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ရန်ကုန်
တိုင်းဒေသကြီးအတွင်း အစကအနောက်ပိုင်းဇုန်ကိုသာ ခွင့်ပြုရန်လျာထားကြောင်း၊အခြားဇုန်များတွင် စွန့်
လှူမှု အစီအစဉ်ပေးပါက လုံခြုံရေး အခြေအနေမပေးနိုင်ကြောင်း၊ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း
မည့်သည့်ဇုန်ကိုမှခွင့်ပြုမည်မဟုတ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုနှစ်ကုရ်ဗာနီ စွန့်လှူမှု အစီ
အစဉ်ဖြစ်မည်မဟုတ်ကြောင်းဖြင့်ဖြေကြားပါသည်။အသေးစိတ်ကိုအများသိရှိစေရန်ဲမြန်မာနိုင်ငံလုံးဆိုင်ရာ
 အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အသိပေးကြေညာသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

Myanmar Muslim.Net

0 comments:

Post a Comment