Pages

Tuesday, October 23, 2012

Toll ဂိတ် တည်ဆောက်မှု တောင်ကြီး ဒေသခံတွေ ဆန္ဒပြမယ်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilbjtoAw66Jpzpx_C_uuOg9Z2KX8yjdCO5nJKYuAQN9nNzJgrFc-egspYMVjk4thpOQSg0BeI-BlPbK69HMLWkIv-VQlewWrggBLptxaTo96jQgUT-yV9U0_w_GV3kbswUuj0F0BfcsrQ/s1600/DSCN0281+%5B1600x1200%5D.JPG

တောင်ကြီး မြို့နယ်၊အောင်သပြေ၊စဥ့်ဟယ်တိုးဂိတ်တည်ဆောက်နေ မှု ဒေသ ခံ တို့ မလိုလားတာကြောင့်
ငြိမ်းချမ်းစွာ   ဆန္ဒဖော်ထုတ်ရန် စီစဉ်ေ နေ ကြာင်း သိရပါတယ်။ 
တောင်ကြီးမြို့နယ် ဧရိယာ အတွင်းရှိရွှေညောင်မြို့နယ်၊ အောင်သပြေ၊ စဥ့်ဟယ်ရပ်ကွက်အတွင်း တိုးဂိတ် တည်ဆောက်နေမှု အားဒေသခံပြည်သူများက မလိုလားသဖြင့် ငြိမ်းချမ်းစွာဆန္ဒ ဖော်ထုတ်ရန် စီစဉ်နေ 
ကြောင်း တောင်ကြီးမြိ့နယ် ခေတ္တယာယီရဲမှုး ဦးသိန်းလှိုင်ထံတွင် ၂၂.၁၀.၂၀၁၂ရက်စွဲဖြင့် တရားဝင်ခွင့်ပြု
မိန့်စာ တင်ထားကြောင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရန် စာတင်သူအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုမေဘရန် ၏ပြောပြချက်အရ သိရသည်။ 



ငြိမ်းချမ်းစွာ စည်တန်းလည့်လည် ဆန္ဒဖော်ထုတ်ရန်စီစဉ်ခြင်းသည် - မိမိတို့ အောင်သပြေ ဒေသခံ ပြည်သူ များ အနေဖြင့် ယင်း တိုးဂိတ် တည်ဆောက်နေမှုကို အကြိမ်ကြိမ် တရားဝင်ကန့်ကွက်စာ တင်ခဲ့ကြောင်း၊ ၅.၈.၂၀၁၂၊ ၂၀.၈.၂၀၁၂၊ ၂၄.၈.၂၀၁၂၊ ၃.၉။၂၀၁၂၊ ၇.၉.၂၀၁၂၊ ၁၈.၉.၂၀၁၂ ရက်စွဲ များဖြင့်စာ (၆)
 စောင် အားပြည်နယ်ဝန်ကြီးချုပ်၊ တရားရေးချုပ်ဦးထွန်းဦး၊ နိုင်ငံတော် သမ္မတကြီး အထိ တိုင်ကြားစာ ကန့်
ကွက်စာပေးပို့ထားကြောင်း ဖော်ပြထားပါတယ်။ 




သို့သော်လည်း ကုမဏ္ဍီ အနေဖြင့် ဆက်လက် တည်ဆောက် နေဆဲ ဖြစ်ကြောင်း၊ ၂၆.၉.၂၀၁၂ ကပြည်
သူ့ ဆောက်လုပ်ရေးအဖွဲ့ရုံး နေပြည်တော်မှ အင်ဂျင်နီယာချုပ် ဦးသိန်းဇော် နှင့်ဒေသခံများ ညှိနိုင်း စည်း
ဝေးလုပ်ခဲ့ကြောင်း၊ ဥပဒေ နားလည် တတ်ကျွမ်းသူများနှင့်လည်း တိုင်ပင်ခဲ့ကြောင်း၊ ရှမ်းပြည်နယ် လမ်း
တံတား ၀န်ကြီး ဦးစိုင်းနော်ခမ်း နှင့် ၈.၁၀.၂၀၁၂ ရက်နေ့က မိမိတို့ သွားရောက်တွေ့ဆုံခွင့်ရခဲ့ သည်။ 



ယင်းတို့တွေ့ဆုံစဉ် လမ်းတံတား ၀န်ကြီးက ပြောကြားရာတွင် (၃.၁၀.၂၀၁၂) ရက်စွဲနှင့် သမ္မတရုံးမှ စာတစ်စောင်ရောက်နေကြောင်း၊ မိမိအပါအ၀င် စုစုပေါင်း (၁၀) ဦး အား ယင်းစာ ဖတ်ပြကြောင်း၊ -ယင်းစာထည်းတွင် ခေတ္တရပ်ဆ်ုင်းဖို့၊ စုံစမ်းစစ်ဆေးဖို့ပါဝင်ကြောင်း၊ သို့သော်လည်း ယနေ့ အချိန်ထိ ရပ်နားခြင်းမရျိသည့် အပြင် တိုးဂိတ်ကြီးဖြစ်ပေါ်လာစေရန် အလျင်အမြန် တည်ဆောက်နေကြောင်း ပါဝင်တယ်လို့ ဆိုပါတယ်။ 


အဲဒီအတွက်ကြောင့် နောက်ဆုံး အဆင့်အနေဖြင့် နိုင်ငံသားတိုင်း၏မူလရပိုင်ခွင့် နှင့်အညီ လူအင်အား (၂၀၀) ခန့်ဖြင့် ဆန္ဒ ဖော်ထုတ်ရန် ဥပဒေနှင့်အညီ တရားဝင်စာတင်ကြားရခြင်းဖြစ်ကြောင်း ကိုမေဘရန် က ပြောကြားခဲ့သည်။

အောင်သပြေပနယ်ခံ တစ်ဦးဖြစ်သူ ကိုအောင်ကျော်သူ (နာရေးကူညီမှု) ကပြောကြားရာတွင် ကျွန်တော်ဟာ ဒီနယ်မှာမွေး ဒီနယ်မှာကြီးပြင်းလာသူတစ်ယောက်ဖြစ်ပါတယ်၊ အဆိုပါ တိုးဂိတ်ကြီးဟာ လူနေရပ်ကွက်မှာ တည်ဆောက်နေသည့်အတွက် ယာဉ်တိုက်မှုတွေ မကြာခဏဖြစ်နေပါတယ်၊ ကျောင်း လည်းရှိပါတယ်၊ စဥ့်ဟယ်ဈေးလည်းရှိပါတယ်။ 



ယာဉ်မတော်တဆဖြစ်မှုတွေနှင့်အတူ ကလေးတွေရဲ့ အသက်အန္တရာယ်အတွက်ပါ စိုးရိမ်ရတဲ့အတွက် လူနေရပ်ကွက် ကနေ ပြောင်းရွှေ့ပေးစေလိုခြင်းဖြစ် ပါတယ်၊ အဲဒီတိုးဂိတ် တည်ဆောက်နေဆဲကာလအ တွင်း ယာဉ်တိုက်ခိုက်မှု (၆) ကြိမ်ခန့် ဖြစ်ပေါ်ခဲ့ ပါတယ်၊ ပြီး လူနေရပ်ကွက်ရဲ့ တောင်ဘက်မှာ တောင်သူ လယ်သမားတွေလည်းရှိတဲ့ အတွက် ရပ်ကွက်တွင်း ကနေ တန်ပို ဂိတ်ကိုပြောင်းရွှေ့ပေးစေလိုပါတယ် ဟု ပြောကြားခဲ့သည်။ 



ကိုမေဘရန်က ပြောကြားရာတွင် အောင်သပြေ သည်တောင်ကြီးမြို့နယ် နှင့် (၉) မိုင်ခန့် သာကွာဝေး 
ပြီး တောင်ကြီး၏ရပ်ကွက် တစ်ခုမျှသာဖြစ်ကြောင်း ထိုနေရာတွင် တိုးဂိတ် တည်ဆောက်နေမှုကို မိမိတို့ အနေဖြင့်လက်သင့်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။ 

ဂျွန်ချစ်ငြိမ်း၊ (တောင်ကြီး)

0 comments:

Post a Comment