Pages

Monday, June 29, 2015

၂၃နှစ်မတိုင်မှီ လက်ထပ်ဖို့ဆုံးဖြတ်သင့်တဲ့အကြောင်း


RangonNewsDaily:: June . 28 .2015
လူတိုင်းကတော့ အသက်လေးနည်းနည်းရမှ အိမ်ထောင်ပြုဖို့ပြောကြပေမဲ့ Huffignton Post က ဆောင်းပါးရှင် နီရဲလ်ဆေမျူဒါကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ဖို့ စေ့စပ်ရတဲ့အချက်တွေကို ခပ်မာမာလေးရေးသားလာပါတယ်။

မူဆယ်ကုန်သွယ်ရေးဇုန်အနီး နေရာ ၃ ခု လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ


RangonNewsDaily:: June . 28 .2015
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ကုန်သွယ်ရေးဇုန်အနီးတ၀ိုက် နေရာ ၃ ခုကို ဇွန် ၂၈ မနက် ၁ နာရီကျော်က လက်နက်ကြီးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ ခရိုင်ရဲမှူးကြီး မင်းမင်းဦးက ဒီဗွီဘီကို ပြောပါတယ်။

ရခိုင်ပြည်နယ်တွင် ရေလွှမ်းမိုးပြီး အိမ်ခြေထောင်ချီ နစ်မြုပ်


RangonNewsDaily:: June . 28 .2015
ရေလွှမ်းမိုးမှုအန္တရာယ် ရင်ဆိုင်နေရသော ဒေသများအ နက် ရခိုင်ပြည်နယ်သည် အဆိုးရွားဆုံး ကြုံတွေ့နေရပြီး ရေနစ်မြုပ်သော အိမ်ခြေထောင်ချီရှိနေကြောင်း သတင်းရရှိသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၉/၄ နှင့် ၁၉၉/၅ ကြား ကြယ်စင်ဟိန်း Express ယာဉ် မတော်တဆမှု ဖြစ်ပွား


RangonNewsDaily:: June . 28 .2015
၂၀၁၅-ခုနှစ် ဇွန်လ ၂၈ ရက်နေ့ နံနက်(၀၄း၃၀)နာရီအချိန်ခန့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၉/၄ နှင့် ၁၉၉/၅ ကြား ရန်ကုန်မှ မန္တလေးသို့ (အသွားလမ်း)၌ ဦးကျော်ကျော်ဝင်းထွန်း၊ ရပ်ကွက်(န)၊ နယ်မြေ(၉)၊ လားရှိုးမြို့ နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 9F/xxxx ကြယ်စင်ဟိန်း Express (အပြာရောင်) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ Concrete Barrier တုံးများအား ဝင်တိုက်ပြီး လမ်းလယ်ကျွန်းရေမြောင်းပေါ်တွင် ရောက်ရှိရပ်တန့်ခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။

ထိုင်ဝမ် ရေကစားဥယျာဉ် ပေါက်ကွဲမှု ၅၀၀ ကျော် ဒဏ်ရာရ


RangonNewsDaily:: June . 28 .2015
ထိုင်ဝမ် တိုင်ပေမြို့တော် အပြင်ဘက်က အပန်းဖြေရေကစားဥယျာဉ်တခုမှာ ဇွန် ၂၇ ရက် ညဦးပိုင်းက မတော်တဆ ပေါက်ကွဲမှုကြောင့် လူ ၅၁၉ ဦး ဒဏ်ရာရရှိသွားပါတယ်။

အပူလှိုင်းကြောင့် ပါကစ္စတန်တွင် သေဆုံးသူ ၁၁၀၀ ကျော်ပြီ


RangonNewsDaily:: June . 28 .2015
ပါကစ္စတန်မှာ အပူလှိုင်းကြောင့် သေဆုံးသူ ၁၁၀၀ ကျော်သွားပြီး အပူဆုံး ရက်တွေမှာ ကြုံရတဲ့ ၄၄ ဒီဂရီ ဆဲလ်စီးယပ်စ်ဟာ ၁၉၈၁ နောက်ပိုင်းမှာ အမြင့်ဆုံး ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အပါအ၀င် ပြည်နယ်တိုင်း ၆ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွား


RangonNewsDaily:: June . 28 .2015
ရခိုင်ပြည်နယ်အပါအ၀င် ပြည်နယ်တိုင်း ၆ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာကြောင့် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရတယ်လို့ မြ၀တီသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

သမ္မတဦးသိန်းစိန် မွန်ဂိုးလီယားသွားမည်

RangonNewsDaily:: June . 28 .2015
သမ္မတဦးသိန်းစိန်ဟာ ဇွန်လ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ မွန်ဂိုလီယားနိုင်ငံဆီ လာရောက်မယ်လို့ မွန်ဂိုလီယားသမ္မတရုံးရဲ့ အင်တာနက် စာမျက်နှာမှာ ဇွန်လ ၂၆ ရက်နေ့စွဲနဲ့ ကြေညာထားပါတယ်။ မွန်ဂိုလီယားသမ္မတ Tsakhiagiin Elbegdorj ရဲ့ ဖိတ်ကြားချက်အရ လာရောက်မှာ ဖြစ်တယ်လို့ ပြောထားပါတယ်။

ဇူလိုင် ၂၀ရက်မှစ၍ မြ၀တီ-ကော့ကရိတ်လမ်းပိုင်းတွင် လက်နက်ကိုင်အဖွဲ့များကို ငွေကြေးကောက်ခံခွင့်မပြုတော့ဟုဆို


RangonNewsDaily:: June . 28 .2015
အာရှလမ်းမကြီး မြ၀တီ -ကော့ကရိတ်လမ်းပိုင်းကို ဇူလိုင် ၂၀ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းနေ့မှစကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ငွေ ကြေးကောက်ခံခြင်းခွင့်မပြုတော့ ကြောင်း ကရင်ပြည်နယ်အစိုးရအ ဖွဲ့မှ သတင်းရရှိသည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် ခရီးသည်တင်ယာဉ်လိုင်းနှစ်ခုမှ ယာဉ်နောက်လိုက်အချင်းချင်း စကားများရန်ဖြစ်ပြီး အုပ်စုဖွဲ့ရိုက်နှက်မှု ဖြစ်ပွား


RangonNewsDaily:: June . 28 .2015
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် တက္ကသိုလ်ရိပ်မွန်အိမ်ရာဝင်းအနီးတွင် ဇွန် ၂၇ ရက် နံ နက် ၉ နာရီက ခရီးသည်တင်ယာဉ်လိုင်းနှစ်ခုမှ ယာဉ်နောက်လိုက်အချင်းချင်း စကားများရန်ဖြစ်ပြီး အုပ်စုဖွဲ့ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။