Pages

Monday, June 29, 2015

ရခိုင်ပြည်နယ်အပါအ၀င် ပြည်နယ်တိုင်း ၆ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွား


RangonNewsDaily:: June . 28 .2015
ရခိုင်ပြည်နယ်အပါအ၀င် ပြည်နယ်တိုင်း ၆ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာကြောင့် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရတယ်လို့ မြ၀တီသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
မုတ်သုံလေအား အင်မတန်ကောင်းပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ တနင်္သာရီတိုင်း ဒေသကြီးတို့မှာ ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားနေပြီး ရခိုင်ပြည်နယ်ကတော့ အဆိုးဆုံး ဖြစ်ပါတယ်။
::
ရေဘေးကြောင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်နဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တို့မှာ ကယ်ဆယ်ရေးစခန်း ၄ ခုဖွင့်ထားရပြီး ဒေသခံတွေ ခိုလှုံနေထိုင်နေကြရပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မှာ လူဦးရေ ၃၀၀ လောက်၊ဘူးသီးတောင်မြို့မှာ လူဦးရေ ၂၀၀ လောက် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေထိုင်နေကြရပြီး ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မှာတော့ လူဦးရေ ၃၀၀ လောက် ကယ်ဆယ်ထားရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။




ရခိုင်ပြည်နယ်၊ ကျော်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်ကို ဒီဗွီဘီက ဇွန် ၂၈ ရက် မွန်းလွဲပိုင်း ဆက်သွယ်မေးမြန်းကြည့်တော့ ရေပြန်ကျသွားပြီး မိုးလည်းတိတ်နေပြီလို့ ပြောပါတယ်။
“ပီချောင်း၊ စပါးဆိပ်ဘက်မှာ ၂၅ ရက်က ရေကြီးရေ၀င်တော့ တပ်ကအဖွဲ့နဲ့ အစိုးရအဖွဲ့နဲ့ပေါင်းပြီးတော့ အိမ်ခြေ ၅၀ ကျော်လောက်ပေါ့။ တောင်ကုန်းပေါ် ရွှေ့ပြီးတော့ ဆန်၊ ဆီ၊ တာပေါ်လင်စ၊ ရေသန့် ပေးလှူတာ ရှိပါတယ်။ ဒါပေမယ့် ၂၇ ရက်နေ့မှာ ရေက လုံးဝ အောက်ကျသွားပြီ၊ ပုံမှန် ဖြစ်နေပြီ။”
::
ဇွန် ၂၄ ရက်လောက်ကစပြီး မုတ်သုံလေအား ကောင်းနေရာက အားအလွန်ကောင်းလာပြီး မြန်မာပြည်တ၀န်း နေရာအနှံ့အပြား မိုးရွာသွန်းခဲ့တာကြောင့် ဒေသအလိုက် မိုးကြီးခဲ့ပြီး အခုလို ရေကြီးရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့
တာ ဖြစ်ပါတယ်။
မြ၀တီ ::--
KOLATT(PBDN)
RangonNewsDaily







0 comments:

Post a Comment