Pages

Tuesday, September 30, 2014

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို မဲဆန္ဒရှင်တွေ ကန့်ကွက်


RangonNewsDaily:: September . 30 .2014
အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ရွေးကောက်ပွဲတွင် ကျင့်သုံးဖို့ ပြည်သူ့လွှတ်တော်မှာ အဆိုတင်ခဲ့တဲ့ ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကို သူရဲ့ မဲဆန္ဒနယ်က ပြည်သူတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

စတော့အိတ်ချိန်း ဈေးကွက် အများပိုင် ကုမ္ပဏီသုံးခုဖြင့်စတင်မည်

RangonNewsDaily:: September . 30 .2014
အသစ် စတင်မည့် စတော့အိတ်ချိန်း ဈေးကွက်ကို အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)၊ F.M.I ကုမ္ပဏီနှင့် မြန်မာ့ လယ်ယာစီးပွား အများပိုင်ကော်ပို ရေးရှင်း (MAPCO)စသောအများ ပိုင်ကုမ္ပဏီသုံးခုနှင့်စတင်ရန် စီစဉ်နေကြောင်း ဘဏ္ဍာခွန် ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင် သိမ်းက ပြောကြားသည်။

ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့် ပတ်သက်၍ အခမဲ့ဖြေကြားပေးရန်စီစဉ်


RangonNewsDaily:: September . 30 .2014
မြန်မာ့ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့်ပတ်သက် သည့်အခက်အခဲများ၊ သိလိုသည်များကိုမေးမြန်းလိုပါက 1876 Call Centerမှတစ်ဆင့် လိုင်းခွဲနံပါတ် ၁၀၆ကို နှိပ်၍ အခမဲ့မေး မြန်းမှုများပြုလုပ်နိုင်ပြီဖြစ်ကြောင်းသတင်းရရှိသည်။

ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံအရှေ့၊ လှိုင်သာယာ၊ ရွှေပြည်သာနှင့် မြောက်ဥက္ကလာပတို့၌ တန်ဖိုးနည်း၊ တန်ဖိုးလတ်နှင့် တန်ဖိုးမျှတအိမ်ရာများ ထပ်မံတည်ဆောက်ရန် စီစဉ်နေဟု ရန်ကုန်မြို့တော်ဝန် ပြောကြား


RangonNewsDaily:: September . 30 .2014
ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ လှိုင်သာယာ၊ ရွှေပြည်သာနှင့် မြောက်ဥက္ကလာပမြို့နယ်တို့တွင် တန်ဖိုးနည်းနှင့် တန်ဖိုးလတ်အိမ်ရာများ ထပ်မံတည်ဆောက်သွားရန် စီစဉ်လျက်ရှိကြောင်း စက်တင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး၌ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၏ ပြောကြားချက်အရ သိရသည်။

ဆိုဗီယက်အင်ပါယာ တည်တောင်သူ လီနင်ရုပ်တုကြီး ဖြိုချခံရ


RangonNewsDaily:: September . 30 .2014
ယူကရိန်းနိုင်ငံအရှေ့ပိုင်း ကာကီဗ်မြို့ခံတွေက ဆိုဗီယက်အင်ပါယာကို တည်ထောင်သူ လီနင်ရဲ့ ရုပ်တုကြီးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့က ဖြိုချလိုက်ပါတယ်။

ရွှေတူးသူ များလာပြီးနောက် လှေခွင်းတောင်အနီးဝန်းကျင်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်

RangonNewsDaily:: September . 30 .2014
နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ပျဉ်းမနားအရှေ့ဘက်၊ ပေါင်းလောင်းဆည်အနီး၊ လှေခွင်းတောင်ဝန်းကျင် ရွှေ ထွက်သည့်နေရာတွင် စက်တင်ဘာ ၂၈ ရက်မှစ၍ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

MPU ကတ် လက်ခံသည့် လက်လီအရောင်းဆိုင်များ ဘဏ်ကိုပေးရမည့် ပမာဏ နိုဝင်ဘာတွင် စလျှော့မည်


RangonNewsDaily:: September . 30 .2014
ပြည်တွင်းဘဏ်များ ထုတ်လုပ်ထားသည့် ငွေသားထည့်သွင်း၍ ငွေပေးချေမှုများ ပြုလုပ်နိုင်သည့် MPU ကတ်များနှင့် ငွေပေးချေမှု လက်ခံသည့် လက်လီအရောင်းဆိုင်များ ဘဏ်ကိုပေးရမည့် ပမာဏကို နိုဝင်ဘာလမှစ၍ လျှော့ချကောက်ခံမည် ဖြစ်ကြောင်း MPU (Myanmar Payment Union) အဖွဲ့၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောကြားသည်။

မန္တလေးတိုင်း ဒေသကြီး ၊ အောင်မြေသာစံမြို့နယ်တွင် မသင်္ကာသူအားစစ်ဆေးရာက လက်ကိုင်ဖုန်းခိုးမှုများပေါ်ပေါက်

RangonNewsDaily:: September . 30 .2014
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန် မန္တလေးတိုင်း ဒေသကြီး၊ တိုင်းရဲအကူတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များသည် မပေါ်ပေါက်သေးသည့်အမှုများအားကူညီ စုံစမ်းရန် သက်သေများနှင့်အတူ နယ်မြေအတွင်းသတင်းစုံစမ်းစဉ် အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်း၊ ယောမင်းကြီးဈေးအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူတစ်ဦးအား စစ်ဆေးခဲ့သည်။

ကရင် ငြိမ်းချမ်းရေးကောင်စီမှ ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးနှင့်အဖွဲ့ DKBA ပြောင်း


RangonNewsDaily:: September . 30 .2014
ကေအင်န်ယူ/ကေအင်န်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA Peace Council) မှ နယ်စပ် လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး (အထူး) ဗျူဟာ၊ ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးနှင့်အဖွဲ့သည် အဖွဲ့မှ နုတ်ထွက်၍ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့သို့ ပြောင်းလဲဝင်ရောက်သွားသည်ဟု ၎င်း၏ ကိုယ် ရေးအရာရှိ ဒု-ဗိုလ် စောဆေးဝါးက စက်တင်ဘာ ၂၈ ရက်က မဇ္ဈိမက အတည်ပြုပြောဆိုသည်။

တာချီလိတ်မြို့တွင် Viber မှတဆင့် ညစ်ညမ်းပုံများ ပေးပို့သူကို အရေးယူရာ လိုင်စင်မဲ့ယာဉ်ဖြင့် ဖမ်းဆီးရမိ

RangonNewsDaily:: September . 30 .2014
တာချီလိတ်မြို့ ၊ ရန်အောင်မြေရပ်ကွက်နေ မောင်ဝဏ္ဏသည် စက်တင်ဘာ ၂၅ရက် မွန်းတည့်ချိန်ခန့်က ၎င်း၏ဇနီးပိုင် iPhone အား အင်တာနက်ဖွင့်ကြည့်ရာ Viber မှတဆင့် ဖုန်းအတွင်းသို့ ပုံများ ဆက်တိုက်ဝင်ရောက်လာသဖြင့် ကြည့်မိရာ ညစ်ညမ်းပုံများ ဖြစ်နေကြောင်း တွေ့ရှိခဲ့ရသည်။

ပီရူးနိုင်ငံတွင် ရစ်ခ်ျတာစကေး (၄.၉) အဆင့်ရှိ ငလှုပ်ခတ်ခဲ့မှုကြောင့် သေဆုံးသူ (၈)ဦး ထက်မနည်း ရှိ


RangonNewsDaily:: September . 30 .2014
ပီရူးနိုင်ငံတွင် ငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပြီး အနည်းဆုံး လူ(၈)ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြား
ခဲ့သည်။

၂ နှစ်အရွယ်ကလေးကို အဖိုးဖြစ်သူက ရေနှစ်သတ်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်

RangonNewsDaily:: September . 30 .2014
အသက် ၂ နှစ်အရွယ် မိန်းကလေး တစ်ဦးသေဆုံးမှုကို သေမှုသေခင်းဖြင့်အမှုဖွင့် စစ်ဆေးနေရာမှ အဖိုးဖြစ်သူမှသတ်ခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် လူသတ်မှုသို့ ပြောင်းလဲအမှုဖွင့်ခဲ့သည့် ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၂၈ ရက်၊ ည ၁၀ နာရီခန့်က ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ် ပြန်ထားသည်။

ဆယ်ကျော်သက်စုံတွဲများ မကြာခဏ တိုက်ခိုက်ခံနေရသောကြောင့် အမျိုးသမီးအချို့ ငရုတ် ရည်ဖျန်းဆေးဘူးများဆောင်လာ


RangonNewsDaily:: September . 30 .2014
ဆယ်ကျော်သက်စုံတွဲ အချင်းချင်း ဓားထိုးအကြမ်းဖက်မှု များဖြစ်ပေါ်နေ၍ အမျိုးသမီးအချို့သည် မိမိကိုယ်ကိုယ်ကာကွယ်နိုင်မည့် ငရုတ်ရည် ဖျန်းဆေး ဘူးငယ်လေးများဆောင်လာကြသည်ဟုသတင်းရရှိသည်။

ဆိုင်ကယ်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းဒဏ်ရိုက်သည့် လိုင်စင်မဲ့ဆိုင်ကယ်ဖမ်းဆီးစီမံချက် မန္တလေးတွင်စတင်

RangonNewsDaily:: September . 30 .2014
လိုင်စင်မဲ့ဆိုင်ကယ်စီး နင်းသည်ကို တွေ့ရှိပါက ဆိုင် ကယ်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း ဒဏ်ငွေဆောင်ကာ လိုင်စင်ပြု လုပ်ရမည့် လိုင်စင်မဲ့ဆိုင်ကယ် ဖမ်းဆီးအရေးယူသည့် စီမံချက် ကို မန္တလေးတိုင်းဒေသကြီးတွင် စက်တင်ဘာ ၂၄ ရက်မှစတင် ကာ ဆောင်ရွက်နေကြောင်း သ တင်းရရှိသည်။

ရန်ကုန်တွင် လေပြင်းတိုက်ခတ်

RangonNewsDaily:: September . 30 .2014
ယနေ့ည ၁၁နာရီကျော်ခန့်က ရန်ကုန်မြို့ မြို့နယ်အတော်များများတွင် လေပြင်းတိုက်ခတ်မှုခံခဲ့ရကြောင်း
သတင်းရရှိသည်။

မန္တလေး နန်းမြို့ ကျုံးပတ်လည်ရှိ ဂျပန်ကုမ္ပဏီလှူထားသော အမှိုက်ပုံးသစ် တပ်ဆင်မည့်သံဖရိန် များ ဖျက်ဆီးခံရ

RangonNewsDaily:: September . 30 .2014
မန္တလေး နန်းမြို့ ကျုံးပတ်လည်တွင် ဂျပန်နိုင်ငံကုမ္ပဏီတစ်ခုက လှူဒါန်းသည့် အမှိုက်ပုံးအသစ်များ တပ်ဆင်မည့်သံဖရိန်များ ဖျက်ဆီးခံခဲ့ရကြောင်းသတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ရဲ့ ဆာဗာချို့ယွင်းမှု


RangonNewsDaily:: September . 30 .2014
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ရဲ့ မိုဘိုင်းဖုန်း သုံးစွဲသူများဆီကို စက်တင်ဘာလ ၂၉ရက် မနက်ပိုင်းမှာ your balance is lower than 200 kyats, please recharge soon ၊ သင့်ငွေ
လက်ကျန်ဟာ ကျပ်၂၀၀အောက်လျော့နည်းနေလို့ ပြန်လည်ဖြည့်တင်းပါဆိုတဲ့ စာသားပါ မက်ဆေ့ခ်ျများ ပေးပို့ခဲ့ပါတယ်။ 

အစိုးရတပ်နှင့် ဒီကေဘီအေတို့ ကမမောင်းကျေးရွာတွင် တိုက်ပွဲဖြစ်

RangonNewsDaily:: September . 30 .2014
အစိုးရပူးပေါင်းတပ်နှင့် ဒိမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)တို့ ဘားအံမြို့နယ်၊ ကမမောင်းကျေးရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

Monday, September 29, 2014

အအေးမိခြင်းကို အလွယ်တကူပျောက်စေမည့် သဘာဝကုထုံးများ

RangonNewsDaily:: September . 28 .2014
ရေအကြာကြီးချိုးခြင်းကြောင့် ဖြစ်စေ၊ လေစိမ်းအတိုက်ခံရ၍ ဖြစ်စေ၊
လေပန်ကာကြောင့် ဖြစ်စေ၊ မိုးရေကြောင့် ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် အအေးမိပြီး နေမကောင်းဖြစ်လျှင် ဆေးရုံဆေးခန်းသွားပြရန် အခက်အခဲကြုံနေသူများအတွက် နေအိမ်အတွင်း အလွယ်တကူ ပျောက်ကင်းသက်သာစေမည့် သဘာဝကုထုံးများကို တင်ပြလိုက်ပါတယ်။

ပါတီတစ်ခုမှ အမျိုးသမီး တစ်ဦးနှင့် ရတနာပုံ အသင်းသားများ ဘောင်းဘီချွတ်ပြ သည်ဟုဆိုကာ ပြသနာဖြစ်

RangonNewsDaily:: September . 28 .2014
ကားပါကင်မရှိ၍ ရတနာပုံဘောလုံး အသင်းရှေ့၌ ကားရပ်ထားသည်ကို အသင်းမှ ဘောလုံးသမား သုံးဦးက ဆဲဆိုခြိမ်းခြောက်ပြီး ဘောင်းဘီ ချွတ်ပြသည် ဟုဆိုကာ နိုင်ငံရေးပါတီ တစ်ခုမှ အမျိုးသမီး တစ်ဦးက အမှုဖွင့်ထားသည်ကို အသင်းပိုင်ရှင်၊ အုပ်ချုပ်သူများထံ တင်ပြပြီး ဆက်လက် ဆောင်ရွက်သွားမည် ဟု ရတနာပုံအသင်းမှ နည်းပြချုပ် ဦးခင်မောင်တင့်က စက်တင်ဘာ ၂၆ ရက်တွင် ပြောသည်။

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကျွန်းတောစုကျေးရွာတွင် ကျောင်းထိုင်ဘုန်းကြီး တစ်ပါးကြိုးဆွဲချပြီး ပျံလွန်တော်မူ

RangonNewsDaily:: September . 28 .2014
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကျွန်းတောစုကျေးရွာဘုန်းတော်
ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်တစ်ပါးကြိုးဆွဲချပြီး စက်တင်ဘာ ၂၆ ရက် နံနက်
၆ နာရီတွင် ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။ 

ပခုက္ကူ ခရိုင် မြိုင်မြို့နယ်၌ မိုးရွာထဲ ဖုန်းပြောနေသူတစ်ဦး ဖုန်းပေါက်ကွဲကာသေဆုံး