Pages

Sunday, September 28, 2014

ကာချုပ်၏ ဂျပန်ခရီးစဉ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ရဲဘော်သုံးကျိပ် စစ်ပညာသင်ခဲ့ရာ နေရာသို့ သွားရောက်ကြည့်ရှု

RangonNewsDaily:: September . 28 .2014
တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်သည် လွတ်လပ်ရေး ကြိုးပမ်းမှုကာလက ဗိုလ်ချုပ် အောင်ဆန်းအပါအ၀င် ရဲဘော်သုံးကျိပ်တို့ကို ဂျပန်နိုင်ငံတွင် စစ်ပညာသင်ကြားပေးရန် ကူညီခဲ့သူ ဂျပန်ဗိုလ်မှူးကြီးဆူဇူကီး၏ ဟာမာမတ်ဆုမြို့ရှိ နေအိမ်သို့သွား ရောက်၍ ဗိုလ်မှူးကြီး၏မိသားစုဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
ဂျပန်နိုင်ငံ၊ ဟာမာမတ်ဆု မြို့ရှိ ဗိုလ်မှူးကြီးဆူဇူကီး၏ နေ အိမ်သည် မြန်မာ့တပ်မတော်စတင် သန္ဓေတည်ရာ သမိုင်းဝင်နေရာ ဖြစ်ပြီး နှစ်ပေါင်းခြောက်ဆယ် ကျော်ကြာပြီးနောက် လက်ရှိတပ် မတော်မှ ထိပ်တန်းပုဂ္ဂိုလ်ကာ ကွယ်ရေးဦးစီးချုပ်က ၎င်း၏ ပထမဆုံးဂျပန်ခရီးစဉ်တွင် ဗိုလ် ချုပ်အောင်ဆန်းနှင့် သခင်လှမြိုင် တို့လာရောက်တည်းခိုခဲ့သော ဗိုလ်မှူးကြီးဆူဇူကီးနေအိမ်နှင့် အုတ်ဂူတို့သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

‘‘ဗိုလ်မှူးကြီးဆူဇူကီးရဲ့ သမီးလတ်၊ သမီးငယ်တို့ပဲရှိတော့ တယ်။ ကာကွယ်ရေးဦးစီးချုပ်က သူတို့နဲ့တွေ့တယ်။ နေ့လယ်စာ အတူစားတယ်။ ပြီးတော့ ဗိုလ် ချုပ်အောင်ဆန်းနေခဲ့တဲ့နေရာ၊ ဗိုလ်ချုပ်သွားလာခဲ့တဲ့နေရာတွေ ကို လေ့လာတယ်။ မြန်မာ့တပ် မတော်ဟာ ဟာမာမတ်ဆုမြို့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော် သုံးကျိပ်တို့စပြီး စစ်ပညာသင် ကြားပြီး တပ်မတော်စတင်သန္ဓေ တည်ခဲ့တဲ့နေရာ။

 ပြီးတော့ နှစ် နိုင်ငံကြားမှာ အခုမှ ပထမဆုံး သမိုင်းဝင်ခရီးစဉ်စတာဖြစ်တယ်။ အရင်က အာဆီယံနဲ့ တရုတ် လောက်ပဲ တပ်ခေါင်းဆောင်တွေ သွားခဲ့ကြတယ်။ တခြားနိုင်ငံတွေ ကို ဘယ်တပ်မတော်ခေါင်းဆောင်မှမသွားခဲ့ရဘူး’’ဟု တပ်မတော်အရာရှိကြီးတစ်ဦးက ကာကွယ်ရေးဦးစီးချုပ်၏ ခရီးစဉ်နှင့် ပတ်သက်၍ ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်းတည်း ခိုခဲ့သည့် ဗိုလ်မှူးကြီးဆူဇူကီးနေ အိမ်မှာ နှစ်ကာလ ရှည်ကြာ၍ အနည်းငယ် ပြုပြင်ထားသည်မှ အပ ဗိုလ်ချုပ်တို့ တည်းခိုစဉ်က အတိုင်းပင် ရှေးမူမပျက်ပြန်လည် ထိန်းသိမ်းထားခြင်းဖြစ်သည်။

ယခုနှစ်သည် မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့စည်းနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်မှူးကြီးဆူဇူကီးနှင့် ဆက် သွယ်ဆောင်ရွက်ခဲ့သော(၇၅)နှစ် မြောက် စိန်ရတုနှစ်ဖြစ်ပြီး မြန်မာ့ တပ်မတော်ပထမမျိုးဆက်သည် ဂျပန်တွင်သင်ကြားခဲ့သော စစ် ပညာဖြင့် လွတ်လပ်ရေးရရန်တိုက်ပွဲဝင်နိုင်ခဲ့ကြောင်း ကာ ကွယ်ရေးဦးစီးချုပ်က ဂျပန်- မြန်မာချစ်ကြည်ရေးနှင့်ပတ်သက် ၍လည်း မိန့်ခွန်း၌ ထည့်သွင်း ပြောကြားသွားခဲ့သည်။

ထို့ကြောင့် တပ်မတော်၏ ဒုတိယမျိုးဆက်ဖြစ်သည့် မိမိတို့ က နှစ်နိုင်ငံတပ်မတော်နှစ်ရပ် ကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုအားကောင်းလာစေရန် အား သစ်လောင်းဆောင်ရွက်မည်ဟု ဆက်လက်ပြောကြားသည်။

မြန်မာ-ဂျပန်ချစ်ကြည်ရေး နှစ်(၆၀)ပြည့်သည့် ယခုနှစ်တွင် ဂျပန်နိုင်ငံသို့ တပ်မတော်ခေါင်းဆောင်အနေဖြင့် ချစ်ကြည်ရေးခရီး လာရောက်၍ ဂုဏ်ယူ ကြောင်းနှင့် လွတ်လပ်ရေးကြိုး ပမ်းမှုကာလ၌ ဗိုလ်ချုပ်အောင် ဆန်းသည် ဟာမာမတ်ဆုမြို့တွင် ရဲဘော်သုံးကျိပ်စစ်ပညာသင် ကြားနိုင်ရေးအတွက် ဗိုလ်မှူးကြီး ဆူဇူကီးနှင့် အဆက်အသွယ်ရရှိခဲ့ သော နေရာဖြစ်ပြီး မြန်မာတပ် မတော်မှ သင်တန်းသားများစတင် တက်ရောက်ခဲ့သော ဟာမာမတ် ဆုမြို့ လေကြောင်းကိုယ်ပိုင်ကာ ကွယ်ရေးတပ်ဖွဲ့သင်တန်း ကျောင်းကို လေ့လာခွင့်ရခြင်းမှာ နှစ်နိုင်ငံတပ်မတော်ဆက်ဆံရေး အားသစ်လောင်းသည့်ခရီးစဉ် ဖြစ်ကြောင်း ကာကွယ်ရေးဦးစီး ချုပ်က ခရီးစဉ်အတွင်းပြောကြား ခဲ့သည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment