Pages

Sunday, September 28, 2014

အမျိုးသမီးများ အရွယ်ရောက်လာသည့်အချိန်တွင် အာဟာရဓာတ်မပြည့်ဝပါက သံဓာတ်လျော့နည်းလာကာ သွေးအားနည်းရောဂါမှ နှလုံးရောဂါအထိပါ ဖြစ်ပွားစေနိုင်

RangonNewsDaily:: September . 28 .2014
အမျိုး သမီးများ အရွယ်ရောက်လာသည့် အချိန်တွင် အာဟာရဓာတ်မပြည့်ဝ ပါက သံဓာတ်လျော့နည်းလာကာ သွေးအားနည်းရောဂါမှ နှလုံးရောဂါ အထိပါဖြစ်ပွားစေနိုင်ကြောင်း သိရ သည်။
''မိန်းကလေးတွေအနေနဲ့ ဒါကို အလေးထားသင့်တယ်။ အရွယ်ရောက် ပြီး မိန်းကလေးတွေက သံဓာတ်ပြည့်ဝ ဖို့လိုတယ်။ မဟုတ်ရင် တခြားရောဂါ ဘယတွေ အများအပြားဖြစ်ပွားနိုင် တယ်'' ဟု အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်း မြင့်က ဆိုသည်။

ယခင်က အမျိုးသမီးများ အရွယ် ရောက်သည်မှာ ၁၅နှစ်၊ ၁၆နှစ်ဝန်း ကျင်ဖြစ်သော်လည်း ယခုအခါတွင် ၁၂နှစ်၊ ၁၃နှစ်များတွင် စတင်လာကြ ကြောင်း၊ ယင်းအချိန်တွင်ဦးနှောက် ဖွံ့ဖြိုးရန်၊ ကိုယ်ခန္ဓာကြီးထွားစေရန်၊ အရပ်ရှည်စေရန်နှင့် အပျိုဖော်ဝင်စ အချိန်တွင် မိန်းကလေးတစ်ယောက် တွင် ရှိသင့်ရှိထိုက်သည့် တာဝန်ဖြစ် သောကိုယ်ဝန်ဆောင်ခြင်း၊ ကလေး မွေးဖွားခြင်း၊ သားအိမ်၊ သားဥဆိုင်ရာ ပစ္စည်းများအားလုံးတို့ ကောင်းမွန်စွာ ဖွံ့ဖြိုးရေးအတွက် အာဟာရဖွံ့ဖြိုး ရန်လိုအပ်ကြောင်း သိရသည်။

''အသက် ၁၂၊ ၁၃နှစ်အရွယ် မိန်းကလေးတွေက ရာသီပန်းစပွင့် တဲ့အချိန်ဖြစ်တဲ့အတွက် ဟော်မုန်း တွေကလဲ ဒီအချိန်စဖွံ့ဖြိုးခါစဆို တော့ အဓိကတော့ လိုအပ်တာက Iron ဓာတ်ပဲဖြစ်ပါတယ်။ ငယ်ငယ် လေးကတည်းက Iron ဓာတ်ကိုလဲ အပြည့်အဝမရခဲ့ဘူး။ အာဟာရလဲ မပြည့်ဝခဲ့ဘူးဆိုလို့ရှိရင် သွေးအား နည်းတာကနေ နှလုံးရောဂါအထိဖြစ် နိုင်ပါတယ်။ အထူးဂရုစိုက်ဖို့ လိုပါ တယ်'' ဟု ယင်းကထပ်မံပြောသည်။

ဘာတွေစားသုံးသင့်သလဲ
************************

မိန်းကလေးတစ်ယောက်သည် ရာသီလာသည့်အချိန်မှစတင်၍ သွေး ဆုံးသည့်အရွယ်ရောက်သည်အထိ အာဟာရပြည့်ပြည့်ဝဝကို စားသုံးသင့် ပြီး နေ့စဉ် အသီး၊ အရွက်၊ ပဲတို့ကို စားပေးသင့်ကြောင်း၊ မိန်းကလေးများ သည် ယောက်ျားလေးများထက် အရိုး ပွရောဂါလည်း ဖြစ်နိုင်ခြေပိုများသည့် အတွက် နွားနို့များများ သောက်သုံး ပေးသင့်ပြီး နွားနို့အတွင်းတွင်ရှိသော ကယ်လ်ဆီယမ်ဓာတ်သည် အရပ်လည်း ပိုရှည်ပြီး အရိုးပွခြင်း၊ ရင်သားကင် ဆာရောဂါတို့ကိုလည်း ကာကွယ်ပေး နိုင်ကြောင်း သိရသည်။

ဘယ်လိုပုံစံ စားသောက်သင့်သလဲ
*********************************

''နေ့တိုင်းနေ့တိုင်းမှာ နံနက်စာ ကို စားဖို့မမေ့ပါနဲ့။ တစ်ရက်ကို လေး ငါးနာရီခြား တစ်ခါလောက် အစား အသောက်တွေ စားပေးသင့်တယ်။ တစ်နေ့ကို ခြောက်ခါလောက်တော့ စားပေးသင့်ပါတယ်။ ငယ်ရွယ်စဉ် အရွယ်ကနေစပြီးတော့ ညစာစားတာ ကို လျှော့စားသင့်တယ်။ အာဟာရ မရှိတဲ့အစာတွေ၊ သရေစာလိုဟာမျိုး တွေကိုတော့ လျှော့စားသင့်ပါတယ်၊ ငှက်ပျောသီး၊ ပဲပြား၊ တို့ဟူး၊ အမျှင် ဓာတ်များများပါတဲ့ အစားအသောက် တွေကို များများစားပေးသင့်ပါတယ်'' ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ဆို သည်။

ဗီတာမင်ဒီပါဝင်သော ငါးသေး သေးလေးများ၊ ပုစွန်၊ ကြက်ဥ၊ နွားနို့ များကိုစားပေးသင့်ပြီး အကြော်ကဲ့သို့ သောဆီကြော်မုန့်များ၊ ချိုလွန်းသော အစားအစာများ၊ အငန်များကို မစား သင့်ကြောင်း၊ မိန်းကလေးများသည် ရာသီလာချိန်တွင် ကော်ဖီ၊ ကြက်ဥ အနှစ်တို့ သားအိမ်အတွင်း ရောင် တတ်သည့်အတွက် မစားသင့်ဘဲ ငါး များများစားသင့်ကြောင်း၊ ရာသီလာ ချိန်တွင် အားဆေးလည်း သောက် ပေးသင့်ကြောင်း သိရသည်။

Iron ဓာတ်များတဲ့ အစားအစာ တွေကတော့ တိရစ္ဆာန်ရဲ့ အသည်း၊ ကြက်သည်းတို့လိုဟာမျိုး၊ အစိမ်း ရောင်ရှိတဲ့ အရွက်တွေ၊ နွားနို့တို့ကို များများစားပေး၊ သောက်ပေးသင့်ပါ တယ်၊ ကာကွယ်ဖို့အချက်ကတော့ ဖြစ်နိုင်ရင် ထမင်းစားတုန်း ရေနွေး ကြမ်းတို့ လက်ဖက်ရည်တို့ကို မသောက် သင့်ပါဘူး။ ကဖင်းဓာတ်များတဲ့ အစား အစာတွေကိုလဲ ရှောင်သင့်တယ်'' ဟု ယင်းက ပြောသည်။

YMG , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment