Pages

Sunday, September 28, 2014

ဦးစံလင်း လိမ်ညာနေခြင်းကို ပြည်သူများသိစေရန် သတင်းစာရှင်းလင်းပွဲလုပ်ခြင်းဟု အလှူရှင်ဦးဝင်းမြင့်ပြော


RangonNewsDaily:: September . 28 .2014
ဓမ္မစေ တီခေါင်းလောင်း တွေ့ရှိပြီဟု အ ကြိမ်ကြိမ်ထုတ်ပြန်ခဲ့ခြင်းသည် သန်း ၅ဝ ကျော်သော ပြည်သူများကိုလိမ် ညာခဲ့ခြင်းသာ ဖြစ်သည်ဟု ဓမ္မစေ တီခေါင်းလောင်းရှာဖွေရေး မတည် အလှူရှင် ဦးဝင်းမြင့်က စက်တင် ဘာ ၂၅ ရက်တွင် ပဲခူးမြို့ ရွှေအုန်း ပင်ထမင်းဆိုင်၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောသည်။
''ကျွန်တော်တို့ သတင်း စာရှင်းလင်းပွဲလုပ်ရတာ ဦးစံလင်း အလိမ်တွေကို ပြည်သူတွေ သိစေချင် လို့ပါ။ ပြီးခဲ့တဲ့ ၂၆ ရက်က ခေါင်း လောင်းမတွေ့ဘဲ ခေါင်းလောင်းကို ကြိုးချည်ထားပြီးပြီ။ ည ၁၂ နာရီ အရောက် ကုန်းပေါ်ရောက်မယ်လို့ ပြည်တွင်း နေ့စဉ်ထုတ်သတင်းစာ ကို သူကိုယ်တိုင် စာရေးပြီး ထုတ် ပြန်ခိုင်းခဲ့တာ။

သူ ခေါင်းလောင်း ရှာတာ မတွေ့နိုင်ဘူးဆိုလဲ ပြည်သူ တွေကို ဝန်ချတောင်းပန်သင့်တယ်။ ဖြစ်စဉ်တစ်ခုလုံးရဲ့ ထုတ်ပြန်ချက်တွေ က အကုန်လိမ်ခဲ့တာ။ သူလိမ်ခဲ့တာ နိုင်ငံတော်အကြီးအကဲတွေနဲ့ သန်း ၅ဝ ကျော်တဲ့ ပြည်သူတွေကို လိမ် ခဲ့တာ''ဟု ဦးဝင်းမြင့်က ပြောသည်။

ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးကို ဦးစံလင်းခေါင်းဆောင် ၍ သြဂုတ် ၈ ရက်မှစတင်ပြီး တူး ဖော်သောရက်မှ ၁၄ ရက်အတွင်း ခေါင်းလောင်းကြီးကို ကုန်းပေါ်သို့ အရောက် ဆယ်တင်သွားမည်ဟု ပြောဆိုခဲ့သည်။
ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရရှိနိုင်ရန် အလှူရှင်များ က ကျပ် ၁၅၈၃ သိန်းလှူဒါန်းခဲ့ပြီး ဦးဝင်းမြင့်က ကျပ် ၅၂ သိန်း လှူ ဒါန်းခဲ့ကြောင်း သတင်းစာရှင်းလင်း ပွဲမှ သိရသည်။


အဆိုပါ သတင်းစာရှင်း လင်းပွဲသို့ တက်ရောက်လာသော အလှူရှင်တချို့က ''ကျွန်မတို့က ရေ စက်ချပြီး လှူဒါန်းခဲ့တာဆိုတော့ ခေါင်းလောင်း ရသည်ဖြစ်စေ၊ မရ သည်ဖြစ်စေ စိတ်ထဲမှာတော့ ဘာမှ မရှိဘူး။ ဒါပေမဲ့ စိတ်ထဲမှာမကောင်း ဘူး။ ဘာပဲဖြစ်ဖြစ် အမှန်အတိုင်း ထုတ်ပြန်ပေးသင့်တယ်''ဟု ပြော သည်။

အဆိုပါ သတင်းစာရှင်း လင်းပွဲသို့တက်ရောက်ရန် အလှူရှင် များက ဦးစံလင်းကို ဖိတ်ကြားခဲ့သော် လည်း တက်ရောက်ဖြေရှင်းပေးခြင်း မပြုလုပ်ခဲ့ကြောင်း သိရသည်။

Yangon Media , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment