Pages

Sunday, September 28, 2014

အောင်မင်္ဂလာ-ဆူးလေပြေးဆွဲနေသည့် စုပေါင်းတက္ကစီ တိုင်းအစိုးရအမိန့်ဖြင့် ယာယီရပ်


RangonNewsDaily:: September . 27 .2014
အောင်မင်္ဂလာအဝေး ပြေးမှ ဆူးလေအထိ ငွေကျပ် တစ်ထောင်ဖြင့် ပြေးဆွဲပေးနေ သော စုပေါင်းတက္ကစီယာဉ်လိုင်း အမျိုးအစားဖြစ်သည့် အောင် မဟာယာဉ်လိုင်းကို ရန်ကုန်တိုင်း အစိုးရအမိန့်ဖြင့် ယာယီရပ်နား လိုက်ကြောင်း သတင်းရရှိသည်။
အောင်မဟာ အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း အသစ်သည် ဇွန် ၁၀ ရက်က စတင်ပြီး ဆူးလေ-အောင်မင်္ဂလာ လမ်းကြောင်းကို ၁၂ ဦးဆံ့အဲကွန်း ကားဖြင့် ပြေးဆွဲနေပြီး အောင်မြင်မှုရရှိနေသည်။
‘‘တိုင်ကြားသူရှိလို့ တစ်လိုင်းလုံးရပ်ဆိုင်းခံရတာပါ။ ရန်ကုန် တိုင်းအစိုးရအဖွဲ့က အရေးယူ တာပါ’’ဟု အဆိုပါယာဉ်လိုင်း ဥက္ကဋ္ဌ ဦးအေးသောင်းကပြောသည်။
::
ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ အရေးယူအကြောင်းကြားစာတွင် (ဂ) စင်းလုံးငှား(တက္ကစီ)လိုင်စင် ယူပြီး၊ (ခ)ခရီးသည်တင်ယာဉ်ကဲ့ သို့ လုပ်ငန်းမျိုးပြေးဆွဲနေခြင်း ကြောင့် အရေးယူခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ယာဉ်လိုင်းမှာ ကား မှတ်တိုင်များတွင် ခရီးသည်များ ခေါ်ယူတင်ဆောင်သည့်အတွက် ခရီးသည်တင် ဘတ်စ်ကားလိုင်း အချို့က တိုင်ကြား၍ တိုင်းဒေသကြီးအစိုးရက အရေးယူခြင်းဖြစ်ကြောင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ (မထသ) ဥက္ကဋ္ဌဦးလှအောင်က ပြောသည်။
::
အဆိုပါယာဉ်လိုင်းအသစ် သည် ကားအစီးရေ ၃၀ ကျော် ရှိပြီး အောင်မြင်မှုရနေသဖြင့် နောက်ပိုင်းတွင် ယာဉ်အစီးရေ ၆၀ ကျော်အထိ တိုးမြှင့်ရန် စီစဉ်ထားစဉ် အရေးယူခံရခြင်းဖြစ်သည်ဟု ဆိုသည်။
အောင်မဟာ အဆင့်မြင့် ယာဉ်လိုင်းက တစ်ဦးလျှင် ကျပ် တစ်ထောင်နှုန်းဖြင့် အဲကွန်းဖွင့် ကာ အင်းစိန်မှ ဆူးလေ၊ အောင် မင်္ဂလာ အဝေးပြေးမှ ဒဂုံ-ဧရာ အဝေးပြေး စသည့်ခရီးစဉ်များ အဖြစ် ပြေးဆွဲလျက်ရှိသည်။
::
နယ်မှလာသော ခရီးသည် များအနေဖြင့် အောင်မင်္ဂလာ အဝေးပြေးဝင်းမှ မြို့တွင်းသို့ အငှားယာဉ်ငှားရာတွင် ဈေးနှုန်း ကြီးမြင့်ခြင်း၊ စောင့်ဆိုင်းရချိန် ကြာမြင့်ခြင်း၊ စုပေါင်းစပ်ပေါင်း ငှားရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေရခြင်းတို့ကို ဖြေရှင်းနိုင်ရန် စီစဉ်ပြေးဆွဲစေခြင်းဖြစ်သည်။

7daydaily::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment