Pages

Saturday, March 2, 2013

ညီလာခံတွေနဲ့ ပတ်သက်ပြီး ပြေလည်တယ်ဆိုတဲ့အဆင့်ကို ကျွန်တော် သိပ်မပြောရဲဘူး - NLD ပါတီ ညီလာခံကျင်းပရေးဗဟိုကော်မတီ အတွင်းရေးမှူး - ဦးဥာဏ်ဝင်းနှင့်တွေ့ဆုံခြင်း

ညီလာခံတွေနဲ့ ပတ်သက်ပြီး ပြေလည်တယ်ဆိုတဲ့အဆင့်ကို ကျွန်တော် သိပ်မပြောရဲဘူး - NLD ပါတီ ညီလာခံကျင်းပရေးဗဟိုကော်မတီ အတွင်းရေးမှူး - ဦးဥာဏ်ဝင်းနှင့်တွေ့ဆုံခြင်း ( အံ့ခေါင်မင်း )

( သတင်း - မြန်မာသံတော်ဆင့် - အတွဲ -၁ ၊ အမှတ် - ၅၁ ၊ မတ် - ၂ - ၈ ၊ ၂၀၁၃ ခုနှစ် )

လာမည့် မတ်လ ၈ရက်မှ စတင်ကာ နှစ်ပေါင်း ၂၀ ကျော် ဖိနှိပ်မှုမျိုးစုံကြားမှ ရုန်းကြွတိုက်ပွဲဝင်ခဲ့ရသော အမျိုးသားဒိမိုကရေစီအဖွဲ့၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးကို ကျင်းပတော့မည်ဖြစ်သည်။ ယင်းညီလာခံကြီးသည် အာဏာရှင်လက်အောက်တွင် အင်အားချည့်နဲ့အောင် နည်းမျိုးစုံနှင့် ချောင်ပိတ်ခြင်း ခံခဲ့ရသော ဒီမိုကရေစီ လှုပ်ရှားမှု ပါတီကြီး၏ ရပ်/ကျေး အဆင့်မှ ဗဟိုအဆင့်ထိ အားသစ်လောင်းသည့် ပွဲကြီးတစ်ရပ် လည်းဖြစ်ပါသည်။ သို့သော် ယင်းညီလာခံကြီးနှင့် ပတ်သက်၍ ပါတီအောက်ခြေအဆင့်မှ စကားအမျိုးမျိုး ဝေဖန်ပြောကြားမှုများ၊ ပဋိပက္ခ အသွင်သဏ္ဍန် များသည်လည်း သြဇာအာဏာ ယစ်မူးမှုတို့၏ ဓမ္မတာအရ ဖြစ်ပေါ်လာခဲ့ကြသည်။ ပွင့်လင်းစွာဆောင်ရွက်လာနိုင်မှု နှင့် လူထုကြားကြီးမားသော ထောက်ခံမှုရခြင်းကြောင့် ဝင်လာမစဲ တသဲသဲ ဖြစ်ခဲ့ရသော NLD ပါတီအနေဖြင့် လူစုံသလို ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်အဆင့် ညီလာခံများ၌ ပြဿနာလည်း စုံခဲ့လေသည်။

ယင်းပြဿနာများကြားမှာပင် ယခုဗဟိုအဆင့်ညီလာခံကြီး ကျင်းပတော့မည်ဖြစ်သည်။ ထို့အတွက် ညီလာခံနှင့် ပတ်သက်၍ ညီလာခံကျင်းပရေး ဗဟိုကော်မတီအတွင်းရေးမှုး ဦးညာဏ်ဝင်း နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲသည်။


မေး - ဗဟိုညီလာခံလည်းကျင်းပတော့မည်ဆိုတော့ တိုင်းဒေသကြီး နဲ့ ပြည်နယ်ညီလာခံတွေရဲ့ အခြေအနေတွေက ဘယ်လိုရှိပါသလဲ။

ဖြေ - ပြည်နယ်နှင့် တိုင်းအဆင့်ဆင့် နောက်ဆုံးသိသလောက်တော့ (၉)ခုက ပြီးသည့် စာရင်းထဲရောက်တယ်။ ကျန်တဲ့ဟာတွေက ဒီနေ့ကျင်းပနေတာ တစ်ချို့ရှိတယ်။ မနေ့ကဆိုရင် ကယားပြည်နယ်ကျင်းပတယ်။ ဒီနေ့ ကချင်ပြည်နယ် ကျင်းပတယ်။ သူတို့လည်း ဆက်တိုက်ကျင်းပနေတယ်။ ကျွန်တော်တို့ ထင်ပါတယ် ဒီအပတ်ထဲမှာ တိုင်းဒေသကြီးအထိ အားလုံးပြီးသွားမှာပါ။

မေး - ဒါဆိုရင် ဗဟိုညီလာခံ မတိုင်ခင် တိုင်းဒေသကြီး၊ ပြည်နယ်ညီလာခံတွေ အကုန်ပြီးနိုင်မယ်ပေါ့။

ဖြေ - ဟုတ်တယ်။ အကုန်လုံးအပြီးပေါ့။

မေး - အခုဒီညီလာခံတွေ ကျင်းပတဲ့အချိန်မှာ ခုထက်ထိပေါ့လေ။ ညီလာခံ ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်တွေ ဘယ်လောက်ထိများ အောင်မြင်တယ်လို့ သုံးသပ်လို့ရပါသလဲ။

ဖြေ - ပထမဆုံး အောင်မြင်တာက ပါတီအဖွဲ့ဝင်တွေ၊ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ က လက်ရှိခြေအနေတွေပေါ် မူတည်ပြီးတော့ အရမ်း အပြောအဆိုများ လာတယ်။ ဒါကျွန်တော်က အပြစ်ပြောတာ မဟုတ်ဘူး။ ဒါက ကောင်းတဲ့ လက္ခဏာတစ်ခုပါပဲ။ ကျွန်တော်တို့ ဘယ်လိုပဲဖြစ်ဖြစ် အပြောများလာ တာ ကောင်းတယ်။ အပြောများတဲ့အထဲမှာ စေတနာ ကောင်းတာနဲ့ မကောင်းတာကတော့ ပါမှာပေါ့။

မေး - အခုဗဟိုညီလာခံ ပြင်ဆင်မှုတွေနဲ့ပတ်သက်ပြီးတော့ ပြောပြပေးပါဦး။

ဖြေ - ပြင်ဆင်မှု ကဏ္ဍအနေနဲ့ အချောတော့ မသတ်သေးဘူး။ အကြမ်းထည်တော့ အားလုံးပြီးနေပြီ။ နောက်ဆုံးအစီရင်ခံစာကအစ အကြမ်းထည်ပြီးပါပြီ။ စကားလုံးအသုံးအနှုန်း၊ အထားအသို ဘာညာ ဒါကတော့ ပြင်ရဦးမှာပေါ့။ ကျွန်တော်နေ့တိုင်း ဒါနဲ့ပဲ အလုပ်များနေပါတယ်။ ကျန်တဲ့ အခမ်းအနား အပြင်အဆင်တို့နဲ့ ပတ်သက်လို့ ဦးစိုးညွှန့်ကို တာဝန်ပေးထားတယ်။ သူလည်း ပြီးစီးအောင် လုပ်နေပါတယ်။

မေး - ဗဟို ညီလာခံ အတွက်ကော၊ ဒီဗဟိုအဆင့်အတွက်ကော ရွေးချယ်ခံဖို့ စာရင်းတင်ရမှာလားခင်ဗျ။

ဖြေ - အဲဒီလိုလည်းမရှိဘူး။ ရွေးချယ်ဖို့ ကိုယ်စားလှယ် စာရင်းမရှိဘူး။ လူ ၈၀၀၊ ၁၀၀၀ လောက်တက်လာမယ်။ ဒီ ၈၀၀၊ ၁၀၀၀ ထဲက ကြည့်ပြီးတော့ CC ရွေးမယ်။ ဗဟိုကော်မတီရွေးမယ်။ ၁၂၀ ရွေးမယ်။ ဗဟိုကော်မတီကမှ CEC ရွေးမယ်။ အဲဒီသဘောပါပဲ။

မေး - ဒါဆိုရင် လာမယ့် ညီလာခံထဲမှာ လူငယ်နိုင်ငံရေးသမား မျိုးဆက်သစ်တွေလည်း ပါဝင်လာနိုင်သလား။

ဖြေ - အများကြီးပါလာမယ်။

မေး - ခန့်မှန်းခြေ ဘယ်လောက်ပါနိုင်ပါသလဲ။

ဖြေ - ကျွန်တော့် ခန့်မှန်းခြေက တစ်ပြည်လုံး အတိုင်းအတာနဲ့ သိပ်ခြုံမိမှာ မဟုတ်ဘူး။ ကျွန်တော်တို့က လူနာမည် တွေ့ပြီးတော့ ဦးထိပ်ထားပေမယ့်လို့ လူငယ်လည်း ဖြစ်ချင်ဖြစ်နေမှာကိုး။ သိတာက ရန်ကုန်တိုင်း မှာ တော့ တွေ့တာမြင်တာ များတာပေါ့။ ရန်ကုန်တိုင်းအနေနဲ့ဆိုရင် အမြင်အရပြောရရင် တစ်ဝက်လောက်ကတော့ လူငယ်ပညာတတ်တွေ များတာပေါ့။

မေး - အခု ညီလာခံဗဟိုမှာ တက်လာမယ့် အဆင့်အထိ လူဘယ်လောက် လောက်နဲ့ ဘယ်လိုအဆင့်အထိ ဘယ်လောက်အထိ ရွေးချယ်ခဲ့တာလဲ။ အဲဒါလေး သိပါရစေခင်ဗျ။

ဖြေ - အခုထိ ကျွန်တော်တို့ လူခုနှစ်ရာလောက်ရှိတယ်။ နောက်ထပ် လုပ်နေတာက တက်လာရင် ရှစ်ရာနဲ့ တစ်ထောင်ကြားမှယ ရှိမယ်လို့မှန်းထားတယ်။ ညီလာခံကိုယ်စားလှယ်ပေါ့။

မေး - အန်ကယ်လ်တို့ အောက်ခြေအဆင့် ရပ်/ကျေး ကနေပြီးတော့ ဘယ်လောက် ဘယ်နှစ်ဖွဲ့ ကျင်းပခဲ့ရလဲ။ မြို့နယ် ဘယ်လောက်၊ ခရိုင် ဘယ်လောက် အဲဒီစာရင်းလေးလည်း သိပါရစေ။

ဖြေ - အဲဒါက ကျွန်တော်က ခွဲပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရပ်/ကျေး ညီလာခံကို တိုင်းနဲ့ ပြည်နယ်တွေကို လုံးဝတာဝန်ပေးထားတယ်။ သူတို့ပဲသိမယ်။ ကျွန်တော်တို့ဆီကို ကြားဖြတ်အစီရင်ခံတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့က ဗဟိုကို အစီရင်ခံစာ တင်ရမယ်လို့ကို ကျွန်တော်တို့ မထည့်ထားဘူး။ အဲတော့ တိုင်းနဲ့ ပြည်နယ် သိတယ်။ ကျွန်တော်တို့က မြို့နယ်နဲ့ ခရိုင်၊ တိုင်းကိုပဲ ကျွန်တော်တို့ တစ်စိတ်တစ်ပိုင်း ကြီးကြပ်တာ။ ရပ်/ကျေးကို တိုင်းကို လုံးဝလုပ်ပိုင်ခွင့် ပေထားပါတယ်။

မေး - အခု လာမယ့်ဗဟိုညီလာခံမှာပေါ့ အခုလက်ရှိ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကကော ပြန်လည်အရွေးခံဖို့ ရှိလား။

ဖြေ - စာရင်းထဲမှာတော့ မရှိဘူး။ စာရင်းကိုမရှိတာ။

မေး - ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဌ အနေနဲ့ ပြန်လည်ပြီးတော့ ရွေးချယ်မယ်ဆိုရင် အဲဒီမှာ တက်လာတဲ့ လူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ရွေးချယ်ကြမှာပေါ့။

ဖြေ - ဟုတ်ပါတယ်။

မေး - ဒါဆိုရင် ညီလာခံ ရွေးချယ်မယ့်ပုံစံကတော့ ဥက္ကဌ နေရာအတွက်ဆိုရင် ဘယ်သူကို့ထားမယ်ဆိုတာ အားလုံးဆန္ဒမဲယူမယ်ပေါ့။

ဖြေ - ကျွန်တော်ခုနပြောတဲ့ အထဲမှာ ကျွန်တော်တို့က ဒီတက်လာတဲ့ လူအားလုံးကို CC ၁၂၀ ရွေးမယ်။ ဗဟိုကော်မတီ ၁၂၀ ကနေပြီးတော့မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၅၊ ဒါမှမဟုတ်ရင် ၂၀ ဖြစ်မယ်။ အဲဒီ ၁၅၊ ၂၀ ကမှ ဥက္ကဌ ရွေးမယ်ဆိုတော့ အဆင့်ဆင့် သွားမယ်။

မေး - NLD ညီလာခံနဲု့ ပတ်သက်ပြီးတော့ အခုဆို ဗဟို ညီလာခံတွေ ကျင်းပတော့မယ်ပေါ့နော်။ ဒါပေမဲ့ တစ်ချို့ အောက်ခြေမှာပေါ့ ဥပမာ ပုသိမ်တို့ မြောင်းမြတို့ အဲလိုနေရာမျိုးတွေမှာ ပြဿနာတွေဖြစ်ခဲ့တာရှိတယ်။ ညီလာခံနဲ့ ပတ်သက်ပြီးတော့လေ။ အဲလိုမျိုးတွေဖြစ်ခဲ့တဲ့ အပေါ်မှာ ပြဿနာတွေရော ပြေလည်အောင် ဖြေရှင်းပြီးသွားပြီးလား ခင်ဗျ။ ဒီညီလာခံ မကျင်းပခင်ပေါ့။

ဖြေ - ညီလာခံနဲု့ ပတ်သက်ပြီး ပြေလည်တယ်ဆိုတဲ့ အဆင့်ကို ကျွန်တော် သိပ်မပြောရဲဘူးခင်ဗျ။ ဘာလို့လဲ ဆိုတော့ လူတိုင်းလူတိုင်း ကိုယ့်စိတ်ထဲမှာ ဘာတွေရှိနေတယ် ဆိုတာကို ကျွန်တော်လည်းမသိဘူး။ ဒါပေမဲ့လို့ လုပ်ငန်း သဘောအရ ပြောရရင်တော့ ပြေလည်မှုတွေရနေပြီ၊ လုပ်ငန်းသဘော အရ ပြဿနာတွေပြီးသွားပြီ မရှိတော့ဘူးလို့ ကျွန်တော်မဆိုလိုပါဘူး။ ရှိချင်ရှိမယ်။ ဒါပေမဲ့လို့ ကျွန်တော်တို့ ညီလာခံလုပ်မယ့် Process နဲ့ ပတ်သက်ရင်တော့ ပြီးသွားပါပြီ။

မေး - ဒါဆိုရင် ပြဿနာဖြစ်ခဲ့တဲ့ နေရာမျိုးတွေမှာရော အဲလိုနေရာတွေကို ညီလာခံမှာ ချန်ထားခဲ့တာမျိုးရောရှိလား။

ဖြေ - ချန်ထားတာ တစ်ခုမှမရှိဘူး။ အခုနောက်ဆုံး ကျွန်တော်ခုနပြောသလို တစ်ချို့ ကျန်နေသေးတယ်။ မမီရင်တော့ သူကျန်ခဲ့မှာပဲ။ ကျွန်တော်တို့ ချန်ထားမှာ မဟုတ်ဘူး။

မေး - သူ့ဟာသူ ဘာအကြောင်းကြောင်းကြောင့်နဲ့ပဲ ကြန့်ကြာကြန့်ကြာပေါ့။

ဖြေ - မမီရင်တော့ အချိန်လွန်သွားရင်တော့ မရဘူးပေါ့။

မေး - ပြဿနာဖြစ်ခဲ့တဲ့ နေရာမှာ ဟိုဘက်ဒီဘက် ပြောကြတာမျိုး အန်ကယ်လ်တို့လည်း ဂျာနယ်တွေမှာ ဖတ်ဖူးမှာပါ။ ကျွန်တော်တို့ လည်းတွေ့ပါတယ်။ အဲဒါက ဘာလဲဆိုတော့ တစ်ဖက်က အန်ကယ်လ် ဦးတင်ဦးကို လာပြောပြီးတော့ လုပ်သွားတဲ့ ကိစ္စမျိုးဆိုပြီးတော့ ပြောတာမျိုးတွေ၊ တစ်ချို့ကျတော့ အန်ကယ်လ်ဦးဥာဏ်ဝင်းကို ပြောပြီးတော့ လုပ်သွားတယ်ဆိုတဲ့ ကိစ္စမျိုးတွေပေါ့။ အဲဒါတွေနဲ့ ပတ်သက်လို့ကော ဘာပြောချင်ပါသလဲ။

ဖြေ - အဲဒီလိုပြောတဲ့ လူတွေက မှားတယ်။ ဘာလို့မှားလဲဆိုတော့ ကျွန်တော်တို့ ဦးတင်ဦးတို့က သူတို့ ညီလာခံတွေရဲ့ Process ကို ကျွန်တော်တို့ ကိုင်မှမကိုင်ပဲ။ ကျွန်တော်တို့က ကိုင်တာက ဒီစီမံချက်တို့ ဘာတို့၊ ညာတို့ ဒီအပေါ်မှာ ကျွန်တော်တို့ကို လာဆွေးနွေးရင် ကျွန်တော်တို့ ဆွေးနွေးတယ်။ ကျွန်တော်တို့ ညွှန်ကြားတာ မရှိဘူး။ သို့သော် ညွှန်ကြားသကဲ့သို့ ပြောတာလည်း ကျွန်တော်ကြားပါတယ်။ အပြစ်တင်တာလည်း မဟုတ်ဘူး။ ဒါပေမဲ့လို့ လုပ်ငန်းသဘောအရ ကျွန်တော်တို့ ဒီ ရပ်/ကျေး၊ မြို့နယ်တွေကို ညွှန်ကြားစရာမရှိဘူး။ ညွှန်ကြားရင် အားလုံးခြုံပြီးတော့ ညွှန်ကြားမှာ တစ်ခုချင်းလိုက်ပြီး ညွှန်ကြားတာ ဘာမှမရှိဘူး။

မေး - ဗဟိုညီလာခံ ကျင်းပတော့မယ့် အဆင့်အထိ ရောက်လာတော့မယ့် အခြေနေမှာပေါ့လေ ပြဿနာတွေ ဖြစ်ခဲ့တာဆိုရင် ခရိုင်အဆင့်လောက် အထိပဲ ရှိတာလားခင်ဗျ။ တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်မှာရောရှိသလား။

ဖြေ - တိတိကျကျ မပြောနိုင်ဘူး။ ကျွန်တော် ဒီနေ့ သတင်းကြားတာ တိုင်းတစ်ခုမှာ ပြဿနာဖြစ်နေတယ် ကြားတယ်။ အသေးစိတ်တော့ မသိဘူး။ အသေအချာလည်း မသိလို့ ကျွန်တော်ထုတ်မပြောတာပါ။

မေး - အဲဒီလိုဖြစ်ရတဲ့ အရင်းခံအကြောင်းရင်းက ဘာများဖြစ်နိုင်မလဲ။

ဖြေ - အရင် အဟောင်းဆိုတာကတော့ လက်ရှိကတော့ မရှိတော့ဘူး။ ကျွန်တော်တို့က ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၅ ရက် ပါတီစပြီးတော့ မှတ်ပုံတင်ကတည်းက အဟောင်းဆိုတာ မရှိတော့ဘူး။ ဒါကျွန်တော်တို့ရဲ့အမြင်၊ ကျွန်တော် တို့ရဲ့သဘောထား။ ဒါကို အဲဒီပုဂ္ဂိုလ်တွေက အဲဒီလိုရှိတယ်လို့ဆိုပြီးတော့ တစ်ချို့ယူဆကြတယ်။ ယူဆပြီးတော့ ပြဿနာ ဖြစ်တာပဲ။ တစ်ကယ်က မရှိဘူး။

မေး - အခုဒီညီလာခံနဲ့ ပတ်သက်လို့ ပြဿနာဖြစ်ပေါ်နေတဲ့ အနေအထားတွေမှာရော လက်ရှိ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အနေအထားနဲ့ ဘယ်လိုမှတ်ချက်နဲ့ ဘယ်လိုသဘော ထားမျိုး ပေးတာမျိုးရှိလဲမသိဘူး ခင်ဗျ။

ဖြေ - ကျွန်တော်မှတ်မိသလောက်တော့ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အဓိပ္ပယ်က စည်းနဲ့ကမ်းနဲ့လုပ်ရမယ့်ဟာ စည်းကမ်းမလိုက်နာလို့ ညှာတာစရာမရှိဘူး။ လုပ်စရာရှိတာလုပ်ပါ။ ဒီလိုတော့ တိုက်တွန်းတယ်။

မေး - အခုဒီ ဗဟိုညီလာခံကြီးပြီးသွားတဲ့ အချိန်မှာပေါ့လေ လက်ရှိပါတီရဲ့ အနေအထားက ဘယ်လောက်အထိများ အခုထက်ပိုပြီးတော့ ကောင်းမွန်တွေ့ကြုံနိုင်မလဲ ခင်ဗျ။

ဖြေ - ကျွန်တော်တို့ ညီလာခံလည်းမရှိ၊ ရွေးချယ်မှုလည်းမရှိ ဗဟိုဦးစီးစနစ်နဲ့ပဲ လုပ်ခဲ့ရတယ်။ ဒါကလည်း အခြေအနေအရ ဒီလိုပဲလုပ်ခဲ့ရတာပေါ့။ အဲဒီ အခြေအနေကနေပြီးတော့ ရွေးချယ်တင်မြှောက်ထားတဲ့ ပါတီဟာ ပိုပြီးတော့ ခိုင်မာတယ်။ ပိုပြီးတော့ အားသန်တယ်လို့ ကျွန်တော်တို့ ယူဆတယ်။

မေး - ပြီးခဲ့တဲ့ တစ်ခေါက်ကဆိုရင် ပြည်ခိုင်ဖြိုးပါတီရဲ့ ညီလာခံကျင်းပ ခဲ့တယ်ခင်ဗျ။ အဲဒီမှာလည်း အသံတွေ အမျိုးမျိုးထွက် လာတာရှိပါတယ်။ အဲဒီပါတီတစ်ခုရဲ့ ညီလာခံပေါ်မူတည်ပြီးတော့ရော NLD ကကျင်းပမယ့် ညီလာခံကို သူတို့ကို နမူနာယူပြီးတော့ ဘာတွေရှောင်ရမယ်။ ဘာတွေလုပ်ရမယ်ဆိုပြီးတော့ အန်အယ်တို့ အနေနဲ့ သုံးသပ်လို့ ရတာရှိလားမသိဘူး။

ဖြေ - အဲဒီလို ယှဉ်ပြီးတော့ ပြောစရာသိပ်မရှိဘူး။ တစ်ခုပဲ ပြောစရာရှိတာက ကျွန်တော်တို့က ရွေးချယ်တင်မြှောက်ပြီး အာဏာအပ်တာ၊ သူတို့ဘက်မှာ အဲဒါမရှိဘူးလို့ ကျွန်တော်တို့ နားလည်တယ်။



အေးချမ်းမွန်မှ ( NLD Congress ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်
https://www.facebook.com/pages/NLD-Congress

လာမည့် မတ်လ ၈ရက်မှ စတင်ကာ နှစ်ပေါင်း ၂၀ ကျော် ဖိနှိပ်မှုမျိုးစုံကြားမှ ရုန်းကြွတိုက်ပွဲဝင်ခဲ့ရသော အမျိုးသားဒိမိုကရေစီအဖွဲ့၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးကို ကျင်းပတော့မည်ဖြစ်သည်။ ယင်းညီလာခံကြီးသည် အာဏာရှင်လက်အောက်တွင် အင်အားချည့်နဲ့အောင် နည်းမျိုးစုံနှင့် ချောင်ပိတ်ခြင်း ခံခဲ့ရသော ဒီမိုကရေစီ လှုပ်ရှားမှု ပါတီကြီး၏ ရပ်/ကျေး အဆင့်မှ ဗဟိုအဆင့်ထိ အားသစ်လောင်းသည့် ပွဲကြီးတစ်ရပ် လည်းဖြစ်ပါသည်။

ပုဂ္ဂလိကသတင်းစာ ၈ စောင်အား ပြန်ကြားရေးမှ ထုတ်ဝေခွင့်ပြု အချက်အလက် မပြည့်စုံဟုဆိုကာ Daily Eleven နေ့စဉ်သတင်းစာအား ချန်လှပ်ထား

ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေရန် လျှောက်ထားသူများအနက်မှ ပုဂ္ဂလိကသတင်းစာ ၈ စောင်အား ဧပြီလ ၁ ရက်နေ့မှ စတင်၍ ယာယီထုတ်ဝေခွင့်ပြုကြောင်း ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် စာပေစိစစ် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့၏ မတ်လ ၁ ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ခွင့်ပြုခဲ့ကြောင်း သိရသည်။

မလက်တို ကျေးရွာအုပ်စုအတွင်း ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄နှင့် ကျန်ရှိနေသည့် ရဲတပ်ဖွဲ့ဝင်များအား ယနေ့ည ၇ နာရီတွင် ရုတ်သိမ်း

Saturday, 02 March 2013 
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စုအတွင်း ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄နှင့် ကျန်ရှိနေသည့် ရဲတပ်ဖွဲ့ဝင်များအား ယနေ့ည ၇ နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက ပြောကြားခဲ့သည်။

ဗန်မော် - လွယ်ဂျယ်လမ်းတစ်လျှောက် KIA မိုင်းများ ကျန်ရှိနေသေး

ဗန်မော် - လွယ်ဂျယ်လမ်းတစ်လျှောက် KIA မိုင်းများ ကျန်ရှိနေသေး

မတ် ၂ ရက်၊ ၂၀၁၃

    ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှစ၍ စစ်တပ်နှင့် KIA ကြား တိုက်ပွဲများ ပြင်းထန် လာခဲ့ပြီး KIA တပ်မဟာ(၃)အနေဖြင့် ဗန်းမော် - လွယ်ဂျယ်လမ်းကြောင်း တစ်လျှောက် သွားလာနေတဲ့ စစ်တပ်ကား၊ အရပ်ကားများအား မိုင်းထောင်၊ မိုင်းခွဲ၊ ပစ်ခတ်ခြင်း များ အဆက်မပြတ်ပြုလုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ တွင် နှစ်ဖက်ပစ်ခတ်မှုများ ရပ်ဆိုင်းသွားခဲ့ကြောင်း ကြားသိရ ပါတယ်။

      တိုက်ပွဲတွေငြိမ်သက်သွားပေမဲ့လည်း ဗန်မော် - လွယ်ဂျယ်လမ်းကြောင်း တစ်လျှောက် KIA ထောင်ထားသော မိုင်းများရှိ နေသေးကြောင်း နဲ့ ဖေဖော် ၀ါ ရီလ(၂၁)ရက်နေ့က မိုးမောက်အထွက်နား ကားလမ်းဘယ်ဘက်ခြမ်းတွင် KIA ဖောက်ခွဲရန် အသင့်ပြင်ဆင်ပြီး ထောင်ထားသော မိုင်းဗုံး(၂)လုံး အား ပြည်သူတစ်ဦးမှ တွေ့ရှိ၍ သတင်းပို့ခဲ့ခြင်းကြောင့် စစ်တပ်မှ သွားရောက် ဖယ်ရှားရှင်းလင်းခဲ့ရကြောင်း သိရှိရပါတယ်။နှစ်ဖက် တိုက်ပွဲများ ငြိမ်သက်နေစဉ် ပြည်သူများစိတ်ချမ်းသာစွာဖြင့် ဗန်းမော် - လွယ်ဂျယ် လမ်းပေါ် ခရီးသွားလာနေချိန် တွင် မိုင်းဗုံးများထပ်မံတွေ့ရှိရ၍ ခရီးသည်များ စိုးရိမ်ပူပန်နေကြကြောင်းနဲ့ ယခုအချိန်ကာလမျိုးတွင် KIA အနေဖြင့် မိုင်း များအား ဖြုတ်သိမ်းသင့်ပြီဖြစ်ကြောင်း ဗန်မော်မြို့ဒေသ ခံတစ်ဦး မှ ပြောပြ လာပါတယ်။

မတ် ၂ ရက်၊ ၂၀၁၃

၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှစ၍ စစ်တပ်နှင့် KIA ကြား တိုက်ပွဲများ ပြင်းထန် လာခဲ့ပြီး KIA တပ်မဟာ(၃)အ
နေဖြင့် ဗန်းမော် - လွယ်ဂျယ်လမ်းကြောင်း တစ်လျှောက် သွားလာနေတဲ့ စစ်တပ်ကား၊ အရပ်ကားများအား မိုင်းထောင်၊ မိုင်းခွဲ၊ ပစ်ခတ်ခြင်း များ အဆက်မပြတ်ပြုလုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ တွင် နှစ်ဖက်ပစ်
ခတ်မှုများ ရပ်ဆိုင်းသွားခဲ့ကြောင်း ကြားသိရ ပါတယ်။

မုံရွာမြို့ ၊ အထက (၁) အာစရိယပူဇော်ကြေးကောက်ခံခြင်း အဖြစ်အပျက်

မုံရွာမြို့ ၊ အထက (၁) ပဉ္စမတန်း (က) အတန်းပိုင်ဆရာမနှင့် အခြားသောအတန်းပိုင်ဆရာတို့၏ အာစရိယ ပူဇော်ပွဲကျင်းပရန် အလှုငွေကောက်ခံခြင်း အကြောင်းလေးပါ။ ပဉ္စမတန်း (က)ကျောင်းသား မောင်သီဟ
သစ်သည် အတန်းပိုင်ဆရာမ ပေးလာသော စာအိတ် (၁၀) အိတ်ကို မိဘများအိမ်သို့ ယူဆောင်လာပါသည်။

အမှိုက်မီးရှို့ရာမှ မီးလောင်မှုဖြစ်

နေပြည်တော်၊ မတ် ၂

၁-၃-၂၀၁၃ ရက်နေ့ ၁၃၄၀ အချိန် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ၀ဏ္ဏဒီပရပ်ကွက်၊ ပေါင်းလောင်းလမ်းသွယ်၊ အိမ်အမှတ်(xxx)တွင်နေထိုင်သော အလုပ်သမား ကျော်တင်ထွန်း(၃၉)နှစ်သည် အိမ်ရှေ့တွင်မြက်ရှင်းပြီး မီးရှို့ရာမှ နေအိမ်အား မီးကူးစက်လောင်ကျွမ်းခဲ့ရာ ထုံးဘိုရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊

သေပြီဟုရင်ခွဲရုံတွင်ထား၊ ပြန်ရှင်သွားသောကလေးငယ်

သေပြီဟုရင်ခွဲရုံတွင်ထား၊ ပြန်ရှင်သွားသောကလေးငယ်

အာဂျင်တီးနား၊ ဖေဖော်ဝါရီ ၂၈

မိမိတို့မွေးလိုက်သည့်ကလေးငယ်ကို သေပြီဟုပြောကြားပြီး ရင်ခွဲရုံသို့ပို့ထားရာမှ အသက်ရှင်လျက်အနေ အထားတွင် ပြန်တွေ့ရသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ အာဂျင်တီးနားနိုင်ငံမြောက်ပိုင်း ပါရန်ဒိုဆေးရုံကြီး တွင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် မွေးပြီးနောက် ကလေးအသေမွေးကြောင်း ဆရာဝန် ၅ ဦးက အတည်ပြု ပြောကြားခြင်းကို ခံခဲ့ရသည်။ ကလေးအလောင်းကို အခေါင်းထဲထည့်ကာ သံရိုက်ပြီး ၁၂ နာရီအကြာ ရေခဲတိုက်ထဲတွင် ထားခဲ့ပြီးနောက် မိဘများက သွားရောက်ကြည့်ရှုချိန် အခေါင်းကိုဖွင့်လိုက်သောအခါ အသက်ရှင်လျက်ရှိနေသည်ကို အံ့သြစွာ တွေ့ရှိခဲ့ကြရသည်။ ကလေးကို ဆေးရုံမှ ချက်ချင်း “မေသက်ပြင်း” ဟုအဓိပ္ပာယ်ရသည့် လုဇ်မီလာဂရို့စ်ဟု အမည်ပေးလိုက်ကြသည်။ ကလေး၏ဖခင်ဖြစ်သူ ဖာဘီယန် ဗာရွန်က သူတို့ကလေးကို ကိုယ်အပူချိန် အလွန်အမင်းကျဆင်းနေပြီး နှလုံးမခုန်တော့ကြောင်း ဆရာဝန်များကပြောသည် ဆိုကြောင်း၊ မိခင်ဖြစ်သူကလည်း သူမအနေဖြင့် ကလေး ၄ ယောက်မွေးခဲ့ရာတွင် ယခုကလေးကို နှုတ်ဆက်အနမ်းလေးပင် မပေးလိုက်ရသဖြင့် စိတ်မကောင်းဖြစ်မိကြောင်း၊ လွမ်းဆွတ်စိတ်ဖြင့် ကလေးအလောင်းကိုကြည့်ရန် အခေါင်းကို ဖွင့်ခိုင်းလိုက်မှ အသက်ရှင်နေလျက်တွေ့ရခြင်းဖြစ်ကြောင်း မီဒီယာ သို့ပြောကြားခဲ့သည်။ ကလေးအလောင်းကိုကြည့်ရန် ဖုံးထားသည့် အဝတ်ဖြူလေးကို လှပ်လိုက်ချိန်တွင် ကလေးသည် လန့်နိုးသလိုဖြစ်သွားပြီး  စူးစူးဝါးဝါးငိုလိုက်သည်ဟု မိခင်ဖြစ်သူက ပြောကြားသည်။ မေသက်ပြင်း လေးပြန်ရှင်သည့် အထိန်းအမှတ်ဖြင့် အားလုံးပျော်ရွှင်နေကြကြောင်း၊ ဆေးရုံမှ ထိုအကြောင်းနှင့် ပတ်သက်ပြီး မီဒီယာသို့ ဖြေရှင်းပြရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။ 

Category: မောက္ခနိုင်ငံတကာသတင်း
Published on Friday, 01 March 2013 03:13
Written by ရွှေမောင်

အေးချမ်းမွန်မှ (  မောက္ခ ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

မိမိတို့မွေးလိုက်သည့်ကလေးငယ်ကို သေပြီဟုပြောကြားပြီး ရင်ခွဲရုံသို့ပို့ထားရာမှ အသက်ရှင်လျက်အနေ အထားတွင် ပြန်တွေ့ရသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ အာဂျင်တီးနားနိုင်ငံမြောက်ပိုင်း ပါရန်ဒိုဆေးရုံကြီး တွင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် မွေးပြီးနောက် ကလေးအသေမွေးကြောင်း ဆရာဝန် ၅ ဦးက အတည်ပြု ပြောကြားခြင်းကို ခံခဲ့ရသည်။

လျှောက်လွှာခေါ်ယူခြင်း


ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
နေပြည်တော်
ကြေငြာစာအမှတ်-၁/၂၀၁၃
(၂၀၁၃ ခုနှစ်၊ မတ်လ ၂ ရက်)
လျှောက်လွှာခေါ်ယူခြင်း

၁။ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် အောက်ဖော်ပြပါရာထူးများလစ်လပ်

လျက်ရှိပါသဖြင့် သတ်မှတ်ထားသော အရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်။

တာချီလိတ် တပ်တွင်း ပစ်ခတ်မှု တပ်ရင်းမှူး သေဆုံး

ထိုင်း-မြန်မာ နယ်စပ်အနီးရှိ တာချီလိတ်မြို့ မြင်ကွင်း (ဓာတ်ပုံ – mark-prado.com)
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ် အခြေစိုက် ခြေမြန်တပ်ရင်း (၃၃၁) ၌  ပြီးခဲ့သည့် ကြာသပတေးနေ့ ညပိုင်းက တပ်ရင်းမှူးနှင့် ဌာနချုပ် တပ်ခွဲမှူးတို့ စကားများရာမှ ပစ်ခတ်မှု ဖြစ်ပွားပြီး တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဇေယျာဝင်း သေဆုံးသွားကြောင်း သတင်းရရှိသည်။

SSPP/SSA ထိန်းချုပ်နယ်မြေသို့ ဗမာ့တပ်မတော်တင့်ကားများပို့

SSPP/SSA ထိန်းချုပ်နယ်မြေသို့ ဗမာ့တပ်မတော်တင့်ကားများပို့

Friday, March 01, 2013 Posted by သျှမ်းသံတော်ဆင့်

တိုက်ခိုက်နေမှုများရပ်ဆိုင်းရန် ပြည်ပသို့ခရီးမထွက်မှီ သမ္မတက ညွှန်ကြားလိုက်သဖြင့် တိုက်ပွဲများ ခေတ္တငြိမ်  နေသော် လည်း သျှမ်းပြည်တိုးတက်ရေးပါတီ၏ ထိန်းချုပ်နယ်မြေသို့ မြန်မာ့တပ်မတော်က တင့်ကားများ ပို့ဆောင်နေကြောင်း သျှမ်းပြည်တပ်မတော် SSPP/SSA  သတင်းရပ်ကွက်ကဆိုပါသည်။

“ ကျနော်တို့နယ်ထဲဝင်လာပြီး ကျနော်တို့ကိုတိုက်ခိုက်နေတဲ့ ခလရ ၃၂၂ နဲ့ ၃၃ တပ်တွေ တပ်ဆုတ် သွားပြီလို့သတင်းတွေ ထွက်နေပေမယ့် လုံးဝလျော့သွားတာမရှိပါဘူး။ အရင်ကထက် တဆ တောင်ပို များလာသေးတယ်။ အခုထပ်ရောက်လာတဲ့ အထဲမှာ ထူးခြားတာက ပွိုင့် ၅ လက်နက်တပ်ဆင်ထားတဲ့ သံချပ်ကာကားနှစ်စီး၊ ၇၅ မမ တပ်ဆင်ထားတဲ့ တင့်ကား နှစ်စီးပါတယ်” ဟုရှေ့တန်းရောက် SSPP/SSA အရာရှိတဦးက ပြောပါသည်။

ဖေဖေါ်ဝါရီ ၂၇ - ၂၈ ရက်နေ့ က စကခ ၁၇ စကခမှူးကိုယ်တိုင်ဦးဆောင်ကာ လက်နက်ကြီးတပ်၊ အမြောက်တပ် တို့နှင့်အတူ မိုင်းရှူးမြို့၌ အားဖြည့်ထားကြောင်း လားရှိုး နှင့်  ကွန်ဟိန်းမှလာသော တပ်များ၌လည်း သံချပ်ကာကား ၂ စီး နှင့် တင့်ကား ၂ စီး ပါဝင်ကြောင်း ဒေသအတွင်းသွားလာသည့် ကားဆရာတဦးက ပြောပါသည်။

SSPP/SSA မှ  ၂၂ ရက်နေ့  သမ္မတကြီးထံ စာတင်ပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ ဖေဖေါ်ဝါရီလကုန်ပိုင်းအထိ  ရမခတိုင်း လက်အောက်ခံ လောက်ကိုင် ဒကစ အောက်မှ တပ်ရင်း ၆ ရင်းက တန့်ယန်းမြို့နယ်ပတ်ဝန်းကျင်နှင့် မိုင်းကောင်ဝ် မြို့ နယ်ကြားတို့တွေ အင်အားဖြည့်တင်းနေရာယူထားကြောင်း၊ ရပခ တိုင်းအောက်မှ စကခ ၁၇ လက်အောက်ခံ တပ်ရင်းများ နှင့် ရလခ တိုင်းအောက်မှ စကခ ၂ လက်အောက်ခံတပ်ရင်းများ စုစုပေါင်း ၁၀ ရင်း ကျော် ကြောင်း၊ သျှမ်းပြည်တပ်မတော် SSPP/SSA ဝမ့်ဟိုင်း ပတ်ပတ်လည်နေရာယူထားကြောင်း SSPP/SSA ဌာနချုပ်အရာ ရှိများကလည်း ပြောပါသည်။

“ ဒီနေ့လဲ မန္တလေး-လားရှိုးကားလမ်း မြောက်ဘက်ခြမ်းမှာ လဲ မြန်မာစစ်တပ်တွေ နေရာယူထားတာအများကြီးတွေ့ရတယ်။ ကျောက်မဲမြို့နယ် မိုင်းငေါ့ကနေ ယာဉ်တန်းရှည်ကြီးတက်လာတာ” ဟုလည်း လားရှိုးဒေသခံတဦးကပြောသည်။

သျှမ်းပြည်တပ်မတော် တပ်မဟာ ၃၆ တပ်ရင်း ၁၉၂ ထိန်းချုပ် လွယ်လန်းစခန်းအား ဖယ်ပေးရန်ပြည်ထောင် စုနေ့မတိုင် မှီက  အစိုးရတပ်မှ ညွှန်ကြား ရာ သျှမ်းပြည်တပ်မတော် ဘက် ငြင်းဆန် လိုက်သဖြင့် ဖေဖော်ဝါရီလအတွင်း မြန်မာ့တပ် မတော်မှ ၎င်းတို့အား ၇ ကြိမ် ထက်မနည်းတက်တိုက်ခဲ့သည်။ မိမိတို့ဘက်မှ ခံစစ်အနေဖြင့်သာ ခုခံကာကွယ်ရာ တိုက်ပွဲ အတွင်း မြန်မာ့တပ်မတော်ဘက်မှ ၃၀ ထက်မနည်း ကျဆုံးခဲ့ပြီး ဒဏ်ရာရမှုလည်း များပြားကြောင်း   သျှမ်းပြည်တပ်မ တော်ဌာနချုပ်ရှိ အရာရှိ တဦးကပြောပါသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် နေပြည်တော်အစိုးရ တို့သည် ၂၀၁၂ နှစ်ဆန်းပိုင်းက အပစ်ရပ်သဘောတူကာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ထားသည့်တပ်ဖွဲ့သည်။

Friday, March 01, 2013 

တိုက်ခိုက်နေမှုများရပ်ဆိုင်းရနပည်ပသို့ခရီးမထွက်မှီသမ္မတကညွှန်ကြားလိုက်သဖြင့် တိုက်ပွဲများ ခေတ္တငြိမ်
 နေသော် လည်း သျှမ်းပြည်တိုးတက်ရေးပါတီ၏ ထိန်းချုပ်နယ်မြေသို့ မြန်မာ့တပ်မတော်က တင့်ကားများ ပို့ဆောင်နေကြောင်း သျှမ်းပြည်တပ်မတော် SSPP/SSA သတင်းရပ်ကွက်ကဆိုပါသည်။

ယနေ့ကျရောက်သော တောင်သူလယ်သမားနေ့ အားဂုဏ်ပြုသော အားဖြင့် မြန်မာ့ရိုးရာ နွားကြိုးအကျော့ ပြိုင်ပွဲနှင့်လှည်းပြိုင်ပွဲကျ င်းပ

တောင်သူလယ်သမားနေ့ အားဂုဏ်ပြုသော အားဖြင့် မြန်မာ့ရိုးရာ နွားကြိုးအကျော့ ပြိုင်ပွဲနှင့်လှည်းပြိုင်ပွဲကျင်းပ
================================
ကိုသစ္စာ(မုံရွာ)
================================

တောင်သူလယ်သမားနေ့ အားဂုဏ်ပြုသော အားဖြင့် မြန်မာ့ရိုးရာ နွားကြိုးအကျော့ ပြိုင်ပွဲနှင့်လှည်းပြိုင်ပွဲကို မုံရွာမြို့နယ် ခတ္တကန်တောင်ရွာကွင်းတွင် မတ်လ (၂)ရက်နေ့မှ (၄)၇က်နေ့အထိ ကျင်းပပြုလုပ်သွား မည် ဖြစ်ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲကိုနံနက်(၈)နာရီခွဲတွင်စတင်ယှဉ်ပြိုင်ပြီးပြိုင်ပွဲတွင် နွား (၂၄)ကောင်ပါဝင်ယှဉ်ပြိုင်ကြပြီး
နွားအကျော့မောင်းနှင့် လှည်း အကျော့မောင်း အကြီးတန်း ၊အလတ်တန်း၊အငယ်တန်းခွဲခြား ယှဉ်ပြိုင်စေ
ပြီး ပြိုင်ပွဲ တစ်ခုလျှင် ၀င်ကြေး (၁၅၀၀၀)ကျပ်ဖြင့်ပါဝင် ယှဉ်ပြိုင်ရန်ဖြစ်ပြီး နောက်ဆု့းအဆင့်တွင် ပထမဆု၂၁)လက်မ တီဗွီတစ်လုးံ၊ ဒုတိယဆုကို အီးဗွီဒီ စက်တစ်လုးံ တတိယဆုကို အမှတ်တရဆုဖလားချီးမြှင့်မည်
ဖြစ်ကြောင်းသိရသည်။

"တပို့တွဲလပြည့်မဟာဗောဓိတစ်ထောင်ဘုရားပွဲမှာတော့အရင်ကကျင်းပခဲ့ဖူးတယ်၊လွန်ခဲ့တဲ့ (၂)နှစ်လောက်ကထိပေါ့ အဲဒီတုန်းကပြိုင်ပွဲဝင်နွားတွေပေလို့ရက်ရည်ဆက်တိုက်ကျင်းပရတာ အေ၇ွှးရကိုခက်တယ် ၊ခုနောက်ပိုင်းတောင်သူတွေ လက်ထဲမှာနွားကောင်းရှားလာတယ်၊ နွားကြိုးအကျော့မောင်းမှာ ဆိုလက်သပ်မွေးထားတဲ့နွားပိုတွေသာ ယှဉ်ပြိုင်နိုင်တာ ၊ငွေပိုငွေလျှံရှိတဲ့တောင်သူကြီးတွေမှနွားကိုလေ့ကျင့်ပြုစုပြီးမွေးနိုင်တာ အခုတောင်သူတွေ က အဆင်မပြေတော့ နွားပို မပြောနဲ့ခိုင်းနွားတောင် ရှားတော့ ပြိုင်ပွဲဝင်သူနည်းနည်းလာတယ်၊  အခုကတောင်သူ လယ်သမားနေ့အထိမ်း အမှတ်အဖြစ်ကျင်းပ တာ ဒါပထမဆုးံပဲ မြန်မာ့ရိုးရာ အစဉ်အလာကို ထိန်းသိမ်းဖို့နဲ့ နွားပညာ ရှင်များတွေ့ဆုံနိုင်ပြီး အသိပညာတွေဖလှယ်ဖို့မျိုးဆက်သစ်ကလေးတွေမြန်မာ့၇ိုးရာ ကို ခုံမင် တပ်မက်စေ ဖို့ရည်ရွယ်ပြီးကျင်းပ တာပါ" ဟုပွဲကျင်းပရေးတာဝန်ခံ တစ်ဦးကပြောသည်။

၎င်းပြိုင်ပွဲကို မုံရွာမြို့အနီး ဘုတလင်၊ အရာတော်၊ မြင်းမှု၊ ဆားလင်းကြီး၊စသောမြို့နယ်များရှိကျေးရွာ
များမှ နွားမောင်းပညာရှင်များ လာေ၇ာက်ပြိုင် ဆိုင်ကြကြောင်း သိရသည်။

တောင်သူလယ်သမားနေ့ အားဂုဏ်ပြုသော အားဖြင့် မြန်မာ့ရိုးရာ နွားကြိုးအကျော့ ပြိုင်ပွဲနှင့်လှည်းပြိုင်ပွဲကို မုံရွာမြို့နယ် ခတ္တကန်တောင်ရွာကွင်းတွင် မတ်လ (၂)ရက်နေ့မှ (၄)၇က်နေ့အထိ ကျင်းပပြုလုပ်သွား မည် ဖြစ်ကြောင်းသိရသည်။

မြို့တွင်း ခရီးသွားလုပ်ငန်း စတင်ဝန်ဆောင်မှုပေး