Pages

Saturday, March 2, 2013

သမ္မတရုံးဝက်ဘ်ဆိုက် တိုက်ခိုက်ခံရမှု ရပ်တန့်အောင် အမြန်ဖြေရှင်းသင့်

သမ္မတရုံးဝက်ဘ်ဆိုက်ဟာ တစ်နိုင်ငံလုံး အတိုင်းအတာအရ အမြင့်ဆုံးဝက်ဘ်ဆိုက်လို့ ပြောလို့ရတဲ့အတွက် လက်ရှိ ဟက်ကာတွေရဲ့ ဒီဒီအိုအက်စ် (DDOS) နည်းနဲ့ တိုက်ခိုက်ခံရမှုတွေ ရပ်တန့်သွားအောင် အမြန်ဆုံး ဖြေရှင်းသင့်တယ်လို့ သိရတယ်။ Fairway web development မှ ပရောဂျက်မန်နေဂျာ ကိုအိမောင်က “ဒီမှာ ခံနေရတဲ့ တိုက်ခိုက်မှုတွေက ဘာမှခက်ခဲတဲ့ တိုက်ခိုက်မှု မဟုတ်ပါဘူး။ အပလီကေးရှင်း Layer လို့ခေါ်တဲ့ ဝက်ဘ်ဆိုက်ဆိုတဲ့ layer တစ်ခုကို ဦးတည် တိုက်ခိုက်ခံနေရတာပါ။ DDOS တွေ ခံနေရတာက အခြေခံ အဆောက်အအုံပိုင်း နက်ဝပ်အဆင့်မှာ ဖြေရှင်းရမယ့်ကိစ္စပါ။ နည်းပညာပိုင်း အားနည်းလို့ မဖြေရှင်းနိုင်တာလို့ ပြောလို့ရမယ်၊ ဖြေရှင်းရမယ့် နည်းလမ်းက မခက်ခဲတဲ့အတွက် အမြန်ဆုံး ဖြေရှင်းသင့်တယ်၊ ရှေ့ဆက်သွားနေရင် ဟက်ကာတွေကလဲ အတွေ့အကြုံ ပိုရလာမယ်၊ သူတို့အကြောင်း ပိုသိလာမယ်၊ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ ပြဿနာဖြစ်လာနိုင်တယ်” လို့ ပြောပါတယ်။ 
ဝက်ဘ်ဆိုက်ကို ရှင်းလင်းပြီးတဲ့အခါ အင်တာနက်လိုင်းနဲ့ DNS ဆာဗာတွေမှာ ရှိနေတဲ့ မဲလ်ဝဲလ်တွေကိုလည်း ရှင်းလင်းဖို့ လိုပါတယ်။ နက်ဝပ်ထဲမှာကို ရှိနေတဲ့အတွက် ဒါတွေကို အမြန်ဆုံး ရှင်းလင်းသင့်တယ်လို့ သိရတယ်။
 နိုင်ငံတကာမှာလည်း နာမည်ကြီး နည်းပညာကုမ္ပဏီတွေကို ဟက်ကာတွေကို နည်းမျိုးစုံနဲ့ တိုက်ခိုက်ဖို့ ကြိုးစားနေသလို ကာကွယ်တဲ့ သူတွေကလဲ နည်းမျိုးစုံနဲ့ ကာကွယ်နေကြပါတယ်။ သည်ရက်ပိုင်းမှာ ဖေ့ဘုတ်စ်၊ တွစ်တာတို့လို နာမည်ကြီး နည်းပညာကုမ္ပဏီတွေ ဟက်ခံရတဲ့ သတင်းတွေ တွေ့ရတယ်။ 
Fairway web development မှ ပရောဂျက်မန်နေဂျာ ကိုအိမောင်က “ဖေ့စ်ဘုတ်၊ တွစ်တာ၊ ဂူဂဲလ်စတဲ့ ဆော့ဖ်ဝဲ လုပ်ငန်းကြီးတွေက အားနည်းချက်တွေကို တစ်ချိန်လုံးကြည့်ပြီး ပြင်ဆင်နေတာ၊ ဒီမှာဖြစ်နေတဲ့ DDOS တိုက်ခိုက်မှုမျိုးဆို ဖေ့ဘုတ်စ်ကို သွားလုပ်ကြည့် လှုပ်တောင်လှုပ်မှာ မဟုတ်ဘူး” လို့ ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၁ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

RND: 2.3.2013
ခေတ်လူငယ်

0 comments:

Post a Comment