Pages

Sunday, September 30, 2012

ကျောအောင့်သည့် ဝေဒနာကြောင့် ဆေးဝါး ကုသမှု ခံယူလိုက် ရသည့် ရိန်း

 
ကိုရီးယားမင်းသားချောရိန်းသည်ကျောအောင့်ဝေဒနာကိုခံစားရသောကြောင့်စစ်မှုထမ်းနေရာမှဆေးရုံ၌ဆေး
ဝါးကုသ မှုခံယူလျက် ရှိကြောင်း သိရသည်။

ကမ္ဘာ့ပထမဆုံး ရွှေကွပ်ထားသည့် iPhone 5 ဟန်းဆက် စတာလင်ပေါင် ၂ဝဝဝဝ ကျော်ဖြင့် ဝယ်ယူနိုင်ပြီ


Appleကုမ္ပဏီမှယခုနှစ်စက်တင်ဘာ၁၂ရက်တွင်ထုတ်လုပ်ဖြန့်ချိသည့်iPhone5ဟန်းဆက်ကိုဗြိတိသျှကုမ္ပဏီ
တစ်ခုကအရည်အသွေး၁၈ကာရက်ရှိ ရွှေသားကွပ်၍လှပစွာ မွမ်းမံထုတ် လုပ်ခဲ့ကြောင်း သိရသည်။

အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ် (၂)မျိုး ရောင်းချမည်

(နေပြည်တော် စက်တင်ဘာ ၂၈)
ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနက၂ဝ၁၂ခုစ်အောက်တိုဘာလတွင်ကျင်းပမည့်ဒုတိယအကြိမ်အာဆီယံဆက်သွယ်
ရေးနှင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာအရာရှိကြီးများနှင့်ဆက်သွယ်ရေးဥပဒေပြုသူများကောင်စီတို့၏ ခေါင်းဆောင်များ
အလွတ်သဘောအစည်းအဝေးအထိမ်းအမှတ်အဖြစ်ထုတ်ဝေသော2ndTELSOM-ATRCLeadersRetreatအထိမ်းအမှတ်ငွေကျပ် (၅ဝဝတန်)အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ်(၂)မျိုးကိုအောက်တိုဘာ၁ရက်နံနက်၉နာရီခွဲမှစတင်၍တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်
/ မြို့နယ် ဆက်သွယ်ရေး စခန်း (စာတိုက်) များ၌ ရောင်းချမည် ဖြစ်သည်။

လားရှိုးမြို့တွင် မူးယစ်ဆေးဝါး ငွေကျပ်သိန်းပေါင်း ၃၅၂၀ တန်ဖိုး ဖမ်းဆီးရမိ

စက်တင်ဘာလ ၂၆ ရက်နေ့ ၁၁ နာရီအချိန် ဆင်ကျော့ ပြည်သူ့စစ်အဖွဲ့မှ စိုင်းပညာဦးစီး ၈ ဦးသည် မူးယစ်ဆေးဝါး သတင်းအရလားရှိုးမြို့ နယ်၊ နောင်မွန် ကျေးရွာအုပ်စု၊ ဟန်နားကျေးရွာရှိ ဗြုံးကျင်း အဟောင်းတွင် ကင်းပုန်းဝပ် စောင့်ဆိုင်းနေခဲ့ပါသည်။

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ရှားခဲအင်းကြီးပဋိပက္ခတွင် ဒဏ်ရာရသူ ၂ ဦး ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်း

သေနတ်ဒဏ်ရာ ရထားသူများကို ပုသိမ်ဆေးရုံကြီးမှ ရန်ကုန်ဆေးရုံးကြီးသို့ ပို့ဆောင်ရန် ရောက်ရှိလာသည့် လူနာတင်ယာဉ်နှင့် စောင့်ဆိုင်းနေသည့် ဆွေမျိုးများ (ဓာတ်ပုံ – သန့်စင်ငြိမ်းချမ်း / ဧရာဝတီ)
ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ရှားခဲအင်းကြီး၌ စက်တင်ဘာ ၂၇ ရက်နေ့ညက ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း ဒဏ်ရာရခဲ့သူ ၂ ဦးမှာအခြေအနေဆိုးရွားနေသဖြင့်ယမန်နေ့ နေ့လည်၃ နာရီ ၃၅ မိနစ်တွင်
ပုသိမ်ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်လိုက်ပြီ ဖြစ်သည်။

၂ဝ၁၄-၁၅ ပညာသင်နှစ်တွင် ၁၂ တန်းပညာရေး စနစ် စတင်မည်

 
၁၂ တန်း အခြေခံပညာရေးစနစ်အဖြစ် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် စတင်အကောင် အထည်ဖော် ကျင့်သုံးသွားရန်ရှိသည်ဟု ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအေးကြူထံမှသိရသည်။ပညာရေးဝန်ကြီးဌာနနှင့်ပညာ ရေးနှင့်ဆက်စပ်သော ဝန်ကြီး ဌာနတို့
မှပညာရှင်များအရပ်ဘက်ဆိုင်ရာပညာရှင်၁၅ဝတို့၏သဘောတူညီမှုနှင့်ထောက်ပြမှုတို့အရယခုအခြေခံပညာပညာ ရေးစနစ်ကို ပြုပြင်
ပြောင်းလဲသွားရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရှိရ သည်။

ဘင်္ဂလာဒေခ်ျ့တွင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် လူနေအိမ်များ လုယက် မီးရှို့ ဖျက်ဆီးခံရ

Buddhist temples, homes burned, looted in Ramu
 Photo: Bdnews24.com
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ခရိုင် ရာမူး (ပန်းဝါမြို့တွင်) ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများနှင့် လူနေအိမ်များ ယမန်နေ့ညကလုယက်မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု bdnews24.com တွင် ဖေါ်ပြသည်။ဗုဒ္ဓဘာ
သာဘုန်းတော်ကြီးကျောင်း(၆)ကျောင်းနှင့်လူနေအိမ်၂၀ခန့်မီးရှို့ဖျက်ဆီးခံရကာအိမ်ပေါင်း၁၀၀ကျော်လုယက်
 ဖျက်ဆီးခံခဲ့ရသည်။ အများစုမှာ ဘာရ၀ါ (မာရမာကြီး) လူမျိုးတို့၏ နေအိမ်များ ဖြစ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်ကြောင်း ဦးသိန်းစိန် ပြော ကြား

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်နိုင်တယ်လို့ သမ္မတ ဦးသိန်းစိန်က ဘီဘီစီ၏ Hardtalk အစီအစဉ်နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့က ပြောသွားပါတယ်။ 

ရခိုင်ပြည်နယ် ပဋိပက္ခ သတိရှိရှိကိုင်တွယ်ရန် ကုလအတွင်းရေးမှူးချုပ်ပြောကြား

 
မြန်မာနိုင်ငံရခိုင်ပြည်နယ်ကပဋိပက္ခဟာ  ပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တွေအပေါ် ထိခိုက်စေနိုင်တဲ့အပြင် တိုင်းပြည်နယ်နိမိတ် ကို ကျော်လွန်ပြီး တခြားနိုင်ငံတွေဆီအထိပါ သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် သတိရှိရှိနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောလိုက်ပါတယ်။

ဖားအံ ဆက်ဆံရေးရုံး ကိစ္စ၌ ကေအန်ယူ ဗဟိုနှင့် KNLA ပြသနာဖြစ်

စက်တင်ဘာ ဆွေးနွေးပွဲ အပြီး အမှတ်တရ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့KNLA)၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၏ ယနေ့ ဖွင့်လှစ် လိုက်သောကရင်ပြည်နယ်ဖားအံမြို့ပေါ်ကဆက်ဆံရေးရုံးကိစ္စကိုKNUဗဟိုအဆင့်ဆက်ဆံရေးရုံး မဟုတ်
ကြောင်း ကြေညာချက် တစောင် ထုတ်ပြန် ခဲ့ပါသည်။

Sony Ericsson Secret code

Sony Ericsson ဖုန်းပိုင်ရှင်များအတွက် Secret Code လေးတွေပါ

Sony Ericsson Secret Menu: -> * <- <- * <- *
(-> means press joystick, arrow keys or jogdial to the right and <- means left.)
You'll see phone model, software info, IMEI, configuration info, sim lock status, REAL time clock, total call time and text labels.
You can also test your phones services and hardware from this menu (main display, camera, LED/illumination, Flash LED, keyboard, earphone, speaker, microphone, radio and vibrator tests)

Saturday, September 29, 2012

HTC Secret Codes

HTC Mobile ဖုန်းပိုင်ရှင်သူငယ်ချင်းများအတွက် Secret Code လေးတွေပါး

Secret Code
hold 1 (dial voicemail)
*#06# (view IMEI)
*#*#8350#*#* (disable voice dialer logging)
*#*#8351#*#* (enable voice dialer logging)
*#*#4636#*#* (general information)
*#*#8255#*#* (gtalk service monitor)
*#*#225#*#* (calendar info)

လူသားက မွေးဖွားလိုက်တာ မြင်းလို သတ္တ၀ါ ဖြစ်နေ (သတင်း/ဓာတ်ပုံ)


လူက မွေးလာတဲ့ မြင်းသဏ္ဍန် ကလေးငယ်၊ ဓာတ်ပုံ- The Morningstarr

နိုက်ဂျီးရီးယားနိုင်ငံကအမျိုးသမီးတဦးဟာခရစ်ယာန်ဘုရားကျောင်းကိုအလည်လာစဉ်အခိုက် မြင်းတိရိစ္ဆာန်
နဲ့ အတော် တူတဲ့ သတ္တ၀ါ တကောင်ကို မွေးဖွားခဲ့ပါတယ်။  နိုက်ဂျီးရီးယား နိုင်ငံ အီဒိုအရပ်မှာကျင်းပတဲ့ စု
ဝးမှုမှာဧ၀ံဂေလိဂုဏ်းဝင်တဦးဆုတောင်းနေစဉ်မှာအမည်မဖော်ပြတဲ့အမျိုးသမီးကကိုယ်ဝန်ပျက်ကျတဲ့ သ
ဘော ဖြစ်ခဲ့ပါတယ်တဲ့။

ပြည့်တန်ဆာ လုပ်ငန်းများ တရားဝင် လုပ်ကိုင်ခွင့် ရရန် တောင်းဆိုသွားမည်

 
ပြည့်တန်ဆာလုပ်ငန်းများရားဝင်လုပ်ကိုင်ခွင့်မရသော မြန်မာနိုင်ငံတွင်  ပြည့်တန်ဆာ လုပ်ငန်း (လိင်လုပ်
ငန်း)များတရားဝင်လုပ်ကိုင်ခွင့်ရရန်လွှတ်တော်အမတ်များထံတင်ပြတာင်းဆိုသွား မည် ဖြစ်ကြောင်း မြန်မာ
နိုင်ငံပြည့်တန်ဆာများကွန်ရက်(SexWorkerInMyanmar Network) ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းယုက ပြောကြားသည်။

နွေရာသီ ရန်ကုန်မီးမပျက်ရန် ဂျပန်ကူမည်

ယခုနှစ်ကုန်မှစ ကြုံတွေ့ရတော့မည်မဟုတ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ အရာရှိတစ်ဦးကပြောသည်။ "ဂျပန်ကမီးစက်၁၃လုံးပေးသွားမယ်လို့သဘောတူထားပြီးဖြစ်တယ်။

မြောက်ကိုရီယားနဲ့ မြန်မာ ဆက်ဆံရေးအဆုံးသတ်ရန် ကန် အားထုတ်မှု ကန့်ကွက်ခံရ

 
ကွန်မြူနစ် မြောက်ကိုရီယားနိုင်ငံက အရှေ့တောင် အာရှ နိုင်ငံ တနိုင်ငံဖြစ် တဲ့ မြန်မာနဲ့ ဆက်ဆံရေးကို အဆုံးသတ်ရေး အမေရိကန် က မြန်မာ ကို တောင်းဆိုမှုကို ယမန်နေ့ သောကြာနေ့က ကန့်ကွက် လိုက်ပါ တယ်။ 

၅ ကျပ်၊ ၁၀ ကျပ်၊ ၂၀ ကျပ်တန် ငွေစက္ကူများ ပြန်ရုပ်သိမ်းမည်ဆိုသော ကောလာဟလအပေါ် ဗဟိုဘဏ်ရှင်း

ယခုရက်ပိုင်းကာလတွင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှထုတ်ဝေထားသောငွေစက္ကူများအနက် တန်ဖိုးငယ်
ငွေစက္ကူများဖြစ်သော၅ကျပ်၊၁၀ကျပ်၊၂၀ကျပ်တန်များအားပြန်လည် ရုပ်သိမ်းမည်ဟူသော ကောလာဟလ
များ ဖြစ်ပေါ်နေကြောင်း ကြားသိရပါသည်။

ဘွဲ့မရသော အာရှသား ခရီးသွားများ မလာရဟု UAE ကန့်သတ်

ဒူဘိုင်း၊ စက်တင်ဘာ ၂၅

နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ အမြောက်အမြား လာရောက် လည်ပတ်လေ့ ရှိသော အာရပ်စော်ဘွားများ နိုင်ငံ (UAE) သည် အာရှနိုင်ငံများမှ ကမ္ဘာလှည့် ခရီးသည်များကို ဘွဲ့ရမှ ၎င်းင်းတို့ နိုင်ငံသို့ လာရောက် လည်ပတ်ခွင့် ရမည်ဟု သတ်မှတ် လိုက်ကြောင်း တယ်လီဂရပ် သတင်းစာက ရေးသား ဖော်ပြထားသည်။

အငြင်းပွားကျွန်းစုပိုင်ဆိုင်ရေး တရုတ်နှင့်ဂျပန်တို့ကြား တင်းမာမှု ပိုမိုကြီးထွားလာ

ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အငြင်းပွားဖွယ် ကျွန်းစုများ ပိုင်ဆိုင်ရေးနှင့် ပတ်သက်၍ တရုတ်နှင့် ဂျပန်တို့ကြား တင်းမာမှုများ ပိုမိုကြီးထွားလာခဲ့သည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အရှေ့တရုတ်
ပင်လယ် အတွင်းရှိ ကျွန်းများကို ခိုးယူရန် ဂျပန်က ကြံစည်နေကြောင်း တိုက်ရိုက်စွပ်စွဲလိုက်သည်။ 

၆ နှစ်သမီး ပရိသတ်တစ်ဦး ကွယ်လွန်သွားခြင်းကြောင့် ဘီဘာ စိတ်ထိခိုက်


၎င်းကို နှစ်နှစ်ကာကာ ချစ်ခင်အားပေးပြီး ကင်ဆာရောဂါ ဖိစီးမှုကိုခံစားနေရရှာသည့်ပရိသတ် ကလေးငယ်
ကွယ်လွန်သွားခြင်းအတွက် ဂျက်စတင် ဘီဘာက အလွန်စိတ်ထိခိုက်မိကြောင်း ပြောကြားခဲ့သည်။ 

သမီးဖြစ်သူကို ဆွဲဆောင်နိုင်သူအား ဒေါ်လာ ၆၅ သန်း ဆုချီးမြှင့်မည်ဟု ဟောင်ကောင်သူဌေးကြီးကြေညာ


ဟောင်ကောင်မှ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးသည် ၎င်း၏ လိင်တူ စိတ်ဝင်စားသည့် သမီးဖြစ်သူအား ကျ
လောက်အောင် ဆွဲဆောင်နိုင်သည့် သတို့သားလောင်းကို ဒေါ်လာ (၆၅)သန်း ဆုချီးမြှင့်မည်ဟု အတည်ပြု
ကြေညာခဲ့သည်။ တစ်ကမ္ဘာလုံးမှ အမျိုးသားတိုင်း အခွင့်အရေးရှိမည့် ယင်းအစီအစဉ်အတွက် လျှောက်ထား
သူများကို လက်ခံသွားမည်ဟု စီဆီလ်ချာအိုက ဆိုသည်။

မြန်မာစစ်တပ် လက်နက် သင်္ဘော ၂ စီးအား KIA ပစ်ခတ်ဖျက်ဆီး


မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် ပြည်တွင်းစစ် ပိုမိုပြင်းထန်လာချိန် မြန်မာအစိုးရ၏ စစ်လက်
နက် တင် သဘောင်္ ၂ စီးအား KIA မှ အောက်တိုဘာ ၁၇ က ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း KIA သတင်းရပ်
ကွက်မှ သိရသည်။

၇ ရက်ကြာ ၀ူထောတိုက်ပွဲ တွင် မြန်မာအစိုးရစစ်သား ၃၀၀ ကျော်ကျ


ကချင်ပြည်နယ် အရှေ့ပိုင်း ၀ူထောဘွမ် (Wuhtau Bum) ၀န်းကျင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်
ရေးတပ်ဖွဲ့ (KIA) ကြား ၇ ရက်ဆက်တိုက်ပွဲဖြစ်ပွားရာ မြန်မာအစိုးရတပ်မှ၃၀၀ ကျော်ကျ၍ ၂၀၀ ကျော်ဒဏ်
ရာရရှိသည်ဟု ဒေသခံများနှင့် KIA အရာရှိများပြောသည်။

KIA မှ အစိုးရစစ်ရဟတ်ယာဉ် ၁ စင်း ပစ်ချ၊ ၃ စင်း ပျောက်ဆုံး


ကချင်ပြည်နယ်အရှေ့ဘက် ပန်ဝါတိုက်ပွဲတွင် မြန်မာအစိုးရတပ် စစ်ရဟတ်ယာဉ် ၁ စင်းကချင်လွတ်မြောက်
ရေးတပ်ဖွဲ့ (KIA)၏ ပစ်ချခံရပြီး အခြား ၃ စင်းလည်း အခြေစိုက်စခန်းသို့ ပြန်ရောက်လာခြင်း မရှိ ပျောက်ဆုံး
နေကြောင်း ခိုင်လုံသောသတင်းရပ်ကွက်များက ဆိုသည်။

ဖားကန့်တွင် ရခိုင်အမျိုးသားပါဝင်သော KIA စစ်သင်တန်းဆင်းပွဲ ပြုလုပ်


ကချင်ပြည်နယ် ဖားကန့်မြို့နယ် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) ထိန်းချုပ်နယ်မြေရှိ တပ်
စခန်း တစ်ခုတွင် ရခိုင်လူမျိုးပါဝင်သော အမှတ်စဉ်(၁၀) ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) စစ်သင်တန်း
ကျောင်းဆင်းပွဲကို စက်တင်ဘာ ၂၈ ယမန်နေ့က ပြုလုပ်ခဲ့ကြေ&#