Pages

Friday, September 28, 2012

စစ်တွေက အကျင့်ပျက် ဆက်သွယ်ရေးဝန်ထမ်းများ အင်တာနက်လျှောက်ခ ပိုတောင်းယူနေ

စစ်တွေမှာအင်တာနက်လိုင်းလျှောက်ရင်ငွ၁၂၀၀ကျပ်ပေးရပြီးတစ်ချို့ကို၁၃၀၀၀ ကျပ်တောင်ယူတယ်လို့သိရပါတယ်။ တကယ်တော့ နိုင်ငံတော်က သတ်မှတ်ထားတာကတော့ ၁၀၀၀၀ ကျပ်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ အကျင့်ပျက်ခြစားတဲ့ ၀န်ထမ်းတွေက နောက်နေ့ကျ ရင် လိုင်းပွင့်အောင်လုပ်ပေးမယ်ဆိုပြီးတာင်းယူထားတာပါ။ တစ်ချို့ကတော့ ဘာမှ မသိဘူး ပေးရမယ်ဆိုတာနဲ့ပေးလိုက်ရတာရှိပါတယ်။ 
ဒါပေမယ့် တစ်လ နှစ်လ ကြာအောင်အထိ လိုင်းမပွင့်တဲ့သူတွေလည်း ရှိနေ တယ်လို့သိရပါတယ်။ အဲဒါကို ဆက်သွယ်ရေးပြည်နယ်မန်နေဂျာဦးမျိုးသန့်ကတော့မသိချာဘူး။လို့ထင်ပါတယ်။တရားဝင်ပေးဆောင်ရတာက ၁၀၀၀၀ ကျပ်ဖြစ်ပါတယ်။ မယုံရင် ဦင်္းမျိုးသန့်ကို မေးကြည့်ပါ။ ဦးမျိုးသန့် (ပြည်နယ်မန်နေဂျာ)ရဲ့ဖုန်းနံပါတ်က 098500031 ဖြစ်ပါတယ်။ ဒါကြောင့် လာဒ်စားမှုတွေ၊ခြစားမှုတွေဖြစ်တဲ့ ၀န် ထမ်းတွေကို အချိန်နဲ့ တစ်ပြေးညီ အရေးယူဆောင်ရွက်ပေးနိုင်ဖို့အတွက် ဒီ ဆိုက် ကနေ တင်ပြခြင်းဖြစ်ပါတယ်။

၇ခိုင်မှာပြည်သူ့မီဒီယာတွေအများကြီးရှိတယ်ဆိုတာကိုဖော်ထုတ်ပြဖို့ အချိန် တန်ပြီလို့ပြောချင်ပါတယ်။
အင်တာနက်လိုင်းလျှောက်ဖို့ လာရောက်သူတွေကိုလည်း မတူသလိုမတန်သလို ဆက်ဆံခြင်းတွေရှိသလို အရေးမလုပ်တဲ့အတွက် ပြည် သူတွေက ဒေါသထွက်နေကြပါတယ်။ ဒါကြောင့် မကြာခင်မှာ ကြေးနန်းရုံး ရှေ့မှာ ဆန္ဒပြမှုတွေဖြစ်ပေါ်လာနိုင်တယ်လို့လည်း ပြည်သူတွေက ပြောဆို ကြ ပါသည်။

အစိုးရက တရားးဝင် ၁၀၀၀၀ ကျပ်ဖြင့်ချပေးထားသော အင်တာနက်လိုင်းများ ကို ၁၂၀၀၀ အထိ တိုးယူကာ လိမ်ညာနေခြင်းသည် လာဒ်စားခြင်းတစ်မျိုးဖြစ် ကြောင်းလည်း ဒေသခံများက ပြောဆိုကြပါသည်။ အရေးယူပေးမှုမရှိလျင် တစ်လ အတွင်း ဆန္ဒပြမှုတစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်းလည်း ဒေသခံများ ပြော ဆိုကြပါသည်။
 
Rakhine Straight Views

0 comments:

Post a Comment