Pages

Friday, September 28, 2012

တစ်ပတ်အတွင်း ငါးထောင်တန်ငွေဖြည့်ကဒ် ပစ္စည်းပြတ်သည်အထိရောင်းအားတက်

 
ကျပ်(၅၀၀၀)တန်ဖုန်းကြိုတင်ငွေဖြည့်ကဒ်စတင်ရောင်းချသည့် တစ်ပတ်အတွင်းမှာပင် ဈေးကွက်အတွင်း၌ ငါးထောင်တန်ငွေဖြည့်ကဒ်များမလုံလောက်မှုများဖြစ်ပေါ်ခဲ့ကြောင်းထုတ်လုပ်သည့် အေးရှမီဂါလင့်ခ်ကုမ္ပဏီ
က သိရသည်။
ကျွန်မတို့ဆီမှာဝယ်လို့မရတော့ဘူး၊ငါးထောင်တန်ငွေဖြည့်ကဒ်ပဲ၊၀ယ်ရင်မရောင်းတော့ဘူးတစ်သောင်းတန 
နဲ့ တွဲဝယ်မှ ရောင်းတာပါ အေးရှမီဂါလင့်ခ် ကုမ္ပဏီမှ အရောင်းဝန်ထမ်းက ပြောသည်။

 
ထိုကဲ့သို့တစ်သောင်းတန်ငွေဖြည့်ကဒ်များဖြင့်တွဲရောင်းရခြင်းမှာငါးထောင်တန်ငွေဖြည့်ကဒ်များ နည်းပါးနေ
ခြင်းကြောင့် ဖြစ်ကြောင်းကိုလည်း  အဆိုပါကုမ္ပဏီက သိရသည်။
 
ငါးထောင်တန်ဖုန်းငွေဖြည့်ကဒ်များအားတဆင့်ရောင်းချသောဆိုင်များတွင်ကျပ်ငွေနှစ်ရာ၊သုံးရာခန့် အမြတ်
ယူ ရောင်းချလျက်ရှိကြောင်းကိုလည်း သိရသည်။
 
 “အခုငါးထောင်တန်ငွေဖြည်ကဒ်တွေက ၀ယ်ရခက်နေတယ်၊ ဆိုင်မှာလည်း မလောက်ဘူး။ ကျွန်မတို့ ဝယ်တဲ့ဖုန်းကဒ်တွေမှာအမြတ်မပါတော့ပိုရောင်းရတာပါ။ဟုကမာရွတ်မြို့နယ်ရှိ ဖုန်းငွေဖြည့်ကဒ်ရောင်း
သော ဆိုင်တစ်ဆိုင်က ပြောသည်။
 
ငါးထောင်တန် ကြိုတင်ငွေဖြည့်ကဒ်များကို အရောင်(၃)ရောင်ဖြင့် ခွဲ့ခြားထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး GSM ကဒ်တွင်အစိမ်းရောင်၊450MHzတွင်ရွှေရောင်နှင့်800MHzတွင်ခဲရောင်တို့ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်
သည်။
 
ငါးထောင်တန်ဖုန်းငွေဖြည့်ကဒ်များကိုပင်ရင်းအရောင်းဆိုင်များမှကျပ်ငွေ၁သိန်းဖိုးဝယ်လျှင် (၂၀၀၀)အမြတ်
ပေးကာ ယခင်က အမြတ် ကျပ်(၃၅၀၀)ရာ ပေးရကြောင်းကိုလည်း အရောင်းဆိုင်များက သိရသည်။
 
၎င်းဖုန်းငွေဖြည်ကဒ်များမှာစက်တင်ဘာလ(၁၈)ရက်နေ့မှစတင်၍ရတနာပုံကုမ္ပဏီ၊အီလိုက်ကုမ္ပဏီ နှင့်အေး
ရှမီဂါ လင့်ခ်ကုမ္ပဏီတို့မှ ရောင်းချခဲ့ခြင်းဖြစ်သည်။
 
ကျွန်တော်ကတော့လကုန်ရက်ဆိုတော့ပိုက်ဆံလည်းမရှိဘူး။  ဆိုင်တွေကအဲ့လို ငါးထောင်တန်ငွေဖြည့်ကဒ် ၀ယ်ရခက်တယ် ပြောတော့ စိတ်တော့ပူမိတယ်ဟု ကမာရွတ်မြို့နယ်နေလူငယ်တစ်ဦးက ပြောသည်။
 
ယခင်တစ်သောင်းတန်ငွေဖြည့်ကဒ်များစပေါ်ခါစကလည်းတစ်သောင်းလျှင်တစ်သောင်းငါးရာကျပ်ဖြင့် ရောင်း
ချခဲ့သည်။
 
ယခုအချိန်တွင်မူတစ်သောင်းတန်ငွေဖြည့်ကဒ်များအား ကိုးထောင့်ရှစ်ရာကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း
ကို လည်း သိရသည်။
 
 
မြစ်မခ

0 comments:

Post a Comment