Pages

Friday, September 28, 2012

KIA မှ ဖားကန့် - မြစ်ကြီးနားလမ်း ပိတ်ထားမှုအား ဗမာစစ်ကြောင်းများ ရှင်းလင်းမည်

 
KIAအဖွဲ့သည်စက်တင်ဘာလ(၂၅)ရက်နေ့မှစတင်၍ဖားကန့်မြို့သို့သွားလာနိုင်သည့်အဓိကလမ်းဖြစ်သော
မိုးကောင်း - ဖားကန့်လမ်းရှိ ကားအသွားအလာကို ဖားကန့်နဲ့(၁၀)မိုင်ခန့်ဝေးတဲ့ နန့်တိန်တွင် ဖားကန့်မှ ဆင်း လာမည့် ကားများအား ပိတ်ထားကြောင်း သိရပါတယ်။ဖားကန့်မြို့ဟာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများလုပ်ကိုင်ရာ အဓိကမြို့တော်ဖြစ်ပြီး ပွင့်လင်းရာသီတွင် လူဦးရေ(၅) သိန်းခန့် နေထိုင်တဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။
စက်တင်ဘာလတွင်း၌ တိုက်ပွဲများပြင်းထင်လာခြင်းကြောင့် ကျောက်စိမ်းလုပ်ငန်းများရပ်ဆိုင်းပြီး နေရပ်
 ပြန်ကြသူများရှိရာယခုအခါတွင် မြို့ပေါ်၌ ဒေသခံများအပါအ၀င် မှော်လုပ်သားများနဲ့ လူဦးရေ သုံးသိန်းခန့် ရှိပါတယ်။ အများစုမှာ ဖားကန့်မှ ထွက်ခွာကြမဲ့သူများဖြစ်ရာ KIA ၏ လမ်းပိတ်ဆို့ထားမှုကြောင့် ဖားကန့်၊ လုံးခင်း၊ တမခန်းနဲ့ ကာမိုင်းတို့မှာ ပိတ်မိပြီး စာစရာမဲ့၊ နေစရာမဲ့ဖြင့် ဒုက္ခပင်လယ်ဝေလျက်ရှိပါတယ်။

ပိတ်မိနေတဲ့ခရီးခရီးသည်များတွင်မိုးညှင်းတက္ကသိုလ်မှစာမေးပွဲဖြေဆိုပြီးဖားကန့်သို့ပြန်လာမည့် ကျောင်းသား
များနဲ့ဖားကန့်မှမိုးညှင်းတက္ကသိုလ်သို့သွားရောက်စာမေးပွဲဖြေဆိုမည့်အဝေးသင် တက္ကသိုလ် ကျောင်းသား
များလည်းပါဝင်ပြီးစာမေးပွဲဖြေဆိုမည့်ကျောင်းသားများသည်စက်တက်ဘာလ(၂၉)ရက်နေ့နဲ့ (၃၀)ရက်နေ့
များမှာဖြေဆိုရမည်ဖြစ်ရာ KIA ရဲ့ လမ်းပိတ်ဆို့ထားခြင်းကြောင့် ကျောင်းသို့ မသွားရောက် နိုင်သည်အပေါ် များစွာစိုးရိမ်ပူပန်လျက်ရှိပြီး KIA အပေါ် မကျေ မနပ် ဖြစ်လျက်ရှိတယ်လို့လည်း သိရပါတယ်။

``ကျွန်တော်တို့ကခုလာမယ့်စနေ၊တနင်္ဂနွေမျာစာမေးပွဲကဖြေရတော့မှာ စာမေးပွဲတစ်နှစ် ဖြေဖို့ကုန်ကျစ
ရိတ်ကလွယ်တာမဟုတ်ဘူး၊ဒီကောင်တွေဒါတောင်မစဉ်းစားတက်ဘူးလားမသိဘူး၊ ကိုယ့်အမျိုးကိုယ့်သတ်
နေတဲ့ ကောင်တွေ´´ ဟု ကျောင်းသား တစ်ယောက်က ပြောကြားခဲ့ ပါတယ်။
 
အဆိုပါဖားကန့်မြို့နယ်တွင် ဗမာပြည်အရပ်ရပ်မှ လုပ်သားများစွာနှင့် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများ၊ ကုမ္ပဏီ ၀န်ထမ်းများ၊ ကျောက်အရောင်းအ၀ယ်လုပ်သူများ နဲ့ရေမဆေးကျောက် ရှာဖွေသူများမှာလည်း လမ်းပိတ်ဆို့ထားမှုကြောင့်ဖားကန့်တွင်သောင်တင်နေပြီးဝင်ငွေမရဘဲထွက်ငွေများဖြင့်သာကြုံနေရကြောင်း
သိရ ပါတယ်။

``တိုက်ပွဲတွေဖြစ်လို့အလုပ်တွေကရပ်လိုက်ရတော့ဝင်ငွေကမရှိတော့ဘူးပြန်မို့ကျွန်တော်လည်း လမ်းပိတ်
ထားတဲ့ပြန်မရဘူးရှိတဲ့ငွေကလည်းကုန်ပြီစားစရာလည်းမရှိတော့ဘူးဟု ကျောက်လုပ်သားတစ်ဦးမှ ပြော
ကြားခဲ့ပါတယ်။

ဖားကန့်မြို့တွင် သာမန်လုပ်သားတစ်ဦးအနေဖြင့် တစ်ရက်စာ နေထိုင်စားသောက်စရိတ်မှာ သုံးသောင်းနှင့် ငါးသောင်းကြားတွင်ရှိရာလမ်းပိတ်ထားသည့်ရက်ကြာလာသည်နှင့်အမျှလုပ်သားများအတွက် လွန်စွာဒုက္ခ
ရောက်ရကြောင်းသိရပါတယ်။

ဖားကန့်မြို့တွင်လမ်းပိတ်ထားမှုကြောင့်လူဦးရေနှင့်ညီမျှသည့်စာနပ်ရိက္ခာအ၀င်မရှိတော့သည့်အပြင်တည်ငြိမ်
မှုပျက်ပြားလာသောကြောင့်အစားအသောက်များဈေးအဆမတန်ကြီးကာ မြို့ခံများအပါအ၀င်မှော်လုပ်သား
များ၊ စစ်ရှောင် စခန်းများပါ KIA ၏ လမ်းပိတ်ဆို့ခြင်း၏ ဆိုးကျိုးများကို ခံစားနေကြရပါတယ်။
 
ထိုဒုက္ခများကိုပြေလည်သွားစေရန်မှာဖားကန့်-မိုးကောင်းလမ်းပြန်ဖွင့်ရေးမှာတစ်ခုတည်းသော နည်းလမ်း
ဖြစ်ပြီးတာဝန်ရှိသူများမှလမ်းပြန်ဖွင့်ရေးဆောင်ရွက်သွားသင့်ကြောင်းဒေသခံတစ်ဦးက သူ၏အမြင်ကို ပြော
ပြေပါတယ်။

ဖားကန့်ဒေသတွင် ရှိနေသော ဗမာစစ်ကြောင်းများမှလည်း လမ်းကြောင်း တစ်လျှောက် ပိတ်ဆို့ထားသော KIA တပ်များအား တိုက်ခိုက်ဖယ်ရှားရှင်းလင်းသွားရန် စီစဉ် လျက်ရှိကြောင်း သိရပါတယ်။
 
 “ကျွန်တော်တို့တပ်တွေနဲ့သွားရှင်းပါမယ်ဒီလိုပြည်သူတွေဒုက္ခရောက်အောင်လုပ်နေတာမျိုးကို လက်ခံလို့မ
ရပါဘူးKIAရဲ့ဒီလုပ်ရပ်ဟာတ်ာတော်အဓိပ္ပာယ်မဲ့ပြီးပြည်သူတွေရဲ့အကျိုးစီးပွားကို အများကြီးထိခိုက်စေပါ
တယ်ဒါကြောင့်လမ်းပိတ်ထားတာတွေကိုအမြန်ရှင်းလင်းသွားပါမယ်”ဟုအမည်မဖေါ်လိုသူ ဗမာအရာရှိတစ်
ဦးက ပြောပါတယ်။
 
 
ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment