စက်တင်ဘာလ (၂၄) ရက်နေ့တွင် မြန်မာစစ်တပ်မှ တပ်ရင်း
(၂) ရင်း ချီတက်လာစဉ်၌ KIA တပ်မဟာ (၂)လက်အောက်ခံတပ်ရင်း(၆)ရင်းနှင့်တပ်ရင်း(၂၆)တို့တပ်စွဲထားသော နန့်မော်နားမှာရှိတဲ့ တောင်ကုန်း
တိုက်ပွဲဟာညနေ(၃)နာရီလောက်ကနေ ညနေ (၅) နာရီခွဲလောက်ထိ
အပြင်းအထန် တစ်ဘက်နဲ့တစ်ဘက် ပစ်ခတ်ခဲ့ကြပြီး လက်နက်ကြီးသံများဆူညံပြီး ညနေ (၆)နာရီလောက်တွင်
KIA တို့မှ ကောင်းဆန့်ဘက်သို့ ဆုတ်ခွာသွားကြောင်း သိရှိရပါတယ်။ အဲဒီတိုက်ပွဲမှာ
KIA က ဗိုလ်ကြီး ဘရန်နန် အပါအ၀င် အယောက် (၃၀) သေဆုံးပြီး (၄၀) လောက် ဒဏ်ရာရရှိသွားတယ်လို့
သိရသည်။
KIAမှဒဏ်ရာရသူများအားည(၁)နာရီလောက်တွင်ကား
(၄) စီးဖြင့် တင်ပြီးတော့ တပ်ရင်း (၆) သို့ ပို့ဆောင် ခဲ့ကြောင်းကားများဖြတ်သွားသည့်ဆိုင်တောင်ရွာသားတစ်ဦးမှပြောပါတယ်။သေသွားသောအလောင်း များ
အားလည်းမြေသယ်ယာဉ်နဲ့တင်ပြီးတော့
ဥရုချောင်းအားဖြတ်ကူးသွားတယ်ဟု ၎င်းရွာသားကပြောပါတယ်။
တိုက်ပွဲနှင့်ပတ်သက်၍နမ့်မော်ဒေသခံတစ်ဦးအားKDNမှဆက်သွယ်မေးမြန်းခဲ့ရာမှာ“ ဒီတိုက်ပွဲမှာ KIA တွေ အထိနာသွားတယ်။ အကျအဆုံးလည်းများလောက်တယ်
။ တိုက်ပွဲစဖြစ်ကတည်းက လက်နက်ကြီးသံတွေ ဆူညံနေပါတယ်။ညနေမှောင်လာတော့မှ အသံတွေရပ်သွားပြီး
နောက်နာရီဝက်လောက်ကြာတော့ ပေါက်
ကွဲသံတွေပြန်ကြားရပါတယ်။နောက်နေ့သိရတာကတော့KIAအယောက်
(၃၀) လောက်ကျသွားတယ်လို့
ကြားပါတယ်။စစ်တပ်ဘက်ကလည်းအကျအဆုံးရှိတယ်လို့ ပြောကြတယ်
” ဟု KDN သို့ပြောကြားခဲ့ပါသည်။
ဒါပေမယ့်KIAဘက်ကကျသွားတဲ့လူတွေကိုကြည့်မယ်ဆိုရင်အသက်မပြည်သေးတဲ့ကလေးတွေရယ် တစ်ရွာ
ဝင်တစ်ရွာထွက်နဲ့အတင်းအဓမ္မဖမ်းဆီးစုဆောင်းလာပြီးစစ်ပညာကောင်းကောင်းမသင်ရပဲရှေ့တန်း လိုက်
သွားရတဲ့သူတွေများတယ်လို့ရပါတယ်။ပြီးတော့တပ်ရင်း(၆)မှာရှိတဲ့လူတွေရဲ့တစ်ဝက်လောက်က ရှမ်းလူ
မျိုးတွေ ဖြစ်တဲ့အတွက် သေသွားတဲ့
ထဲမှာ ရှမ်းအများစုပါတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အောက်ခြေမှာတပ်သားတွေဒီလိုသေကြေနေကြပေမယ့်လည်းKIAခေါင်းဆောင်ပိုင်းကတော့ဒီအဖြစ်အပျက်
တွေကိုလျစ်လျူရှု့ပြီးအစိုးရရဲငြိမ်းချမ်းရေး
ကမ်းလှမ်းမှုကို ခုချိန်ထိ ခေါင်းမာစွာ ငြင်းဆန်နေတဲ့အပေါ် ကချင် လူထုမှလည်း မကျေမနပ်ဖြစ်နေကြပါတယ်။
ကချင်နေ့စဉ်သတင်း
0 comments:
Post a Comment