Pages

Friday, September 28, 2012

တရုတ်နိုင်ငံလုပ် မီးပုံးဈေးကွက် ကောလင်းမှာနေရာယူပြီ

 
စစ်ကိုင်းတိုင်းဒေသကြီးကောလင်းမြို့တွင်သီတင်းကျွတ်နီးလာသည်နှင့်ပွဲတော်ကာလအတွင်ထွန်းညှိပူဇော်
ကြရန်ဈေးကွက်မှာမီးပုံးပျံ၊မီးပုံးများနေရာယူလာကြသည်။ယခင်ကနေအိမ်အဆောက်အဦများတွင်ဆီမီးများ
ရောင်စုံ လျှပ်စစ်မီးလုံးကလေး များ၊ ဆီမီးဖယောင်းတိုင်များဖြင့် သာ မီးပူဇော်ကြေ လ့ရှိသည်။ နှစ် စဉ် မြို့တွင်းလှည့်လည်ကြသော လက်ပန်ကွေ့၊ ခွင်တောင်း ဆီမီးပူဇော်အသင်း၊ ကောလင်းမြို့ ကျော်
ဇေယျာရပ်ကွက် ဆီမီးတစ် ထောင်အဖွဲ့နှင့် မြောက်အင်းရပ် ဥတ္တရာ ရာမ ပရိယတ်္တိစာသင် တိုက် မြို့နယ်
သံဃနာယက အဖွဲ့ ဒု-ဥက္ကဋ္ဌဆရာတော် ဦးကောသလ္လ (စူဠဂန္တ၀ါစက)၏ ၀င်္ကဘာ၊ ဆီမီး တစ်ထောင် လှည့်
လည်ပွဲများက နေရာယူထားကြသည်။

ယခုနှစ်ဆိုလျှင် နှီးဘုရား ပူဇော်ပွဲကို လေးကြိမ်မြောက် ကျင်းပပူဇော်ကြမည်ဖြစ်သည်။ နေရာတိုင်းမှာ မီးရှုး
မီးပန်းနှင့် ဗျောက်များကို ၀ယ်ယူရရှိနိုင်ပြီး ကောင်းကင်ကို မီးလောင်တိုက် သွင်းနေကြသလား ထင်ရအောင် မီးရှုးမီးပန်းရောင်တထိန်ထိန်၊ ဗျောက်သံတအုန်းအုန်းဖြင့်ပုံမှန်သွားလာရန်မှာမိန်းမပျိုလေးများ မဆိုထားနှင့်
ယောက်ျားများပင် ခက်ခဲလှသည်။

ယခုနှစ် ကောလင်းစည်ပင် ဈေး၏ မီးပုံးဈေးကွက်တွင် မီးပုံး အမျိုးအစားလေးဆယ်ခန့်၊ ဘက် ထရီအားသုံး ကလေးကစားသည့် ကား၊မီးထွန်းပစ္စည်းနှစ်ဆယ်ခန့် နေရာယူထားသည်။ ခြောက်မြှောင့်မီးပုံး၊ ဂျပန်ပုံစံစက္ကူ
မီးပုံးများက ဒီဇိုင်းလှလှကလေးတွေ ဖြစ်လာ ကြသည်။ ရန်ကုန်လုပ် ““မိုမိုကို”” မီးပုံးလှလှလေးတွေကလည်း တရုတ်မီးပုံနေရာကို ထိုးဖောက် ၀င်ရောက်လာကြသည်။

မီးပုံးအမျိုးအစား အရွယ်ကို လိုက်၍ ဈေးနှုန်းက ကျပ် ၄၀၀ မှ ကျပ် ၆၀၀၀ ထိ ရှိသည်။ ကလေးကစားရန် မီး
ပုံးလှလှ ကလေးတွေက ဈေးကွက်ပြန့်နေ သည်။ကနုတ်၊ ဘုံကျောင်း၊ ခြောက်မြှောင့်၊လှိုင်းတွန့်လို ဒီဇိုင်းဆန်း
လှလှ မီးပုံးကလေးများကို ယနေ့လူငယ်တွေ စိတ်ဝင်စားကြ သည်။

မယ်တော်မိနတ်သားကို ရည်စူး၍ တာဝတိံသာမှ ဆင်း သက်လာမည့် မြတ်ဗုဒ္ဓကို ရည်မှန်း ၍ ဆီမီးပုံးလှလှ
ကလေးများဖြင့် ကောလင်းမြို့ရှိ ထေရ၀ါဒ ယုဝ သမဂ္ဂီ လူငယ်ထုအင်အား ၃၀၀ ကျော်နှင့် ဒါနမောင်မယ် လူ
ငယ် အသင်းဝင်အင်အား ၂၅၀ ကျော် တို့က သောင်းသောင်းဖျဖျ ကြိုဆို ရင်း မြန်မာ့ရိုးရာ ၀ါကျွတ်ပွဲတော်ကို
ကြိုဆိုငံ့လင့်နေကြသည်။

စီးပွားရေးဈေးကွက် ထိုး ဖောက်မှုတွင် စံပြုနည်းယူထိုက် သော တရုတ်နိုင်ငံလုပ် မီးပုံဈေး ကွက်က ကော
လင်းတွင် နေရာ ယူနေပါပြီ။ ရိုးရာယဉ်ကျေးမှု ပီပီ သသဖြင့် ရိုးရာဟန်မပျက်ပူဇော် ဂါရ၀ပြုရမည့်အစား ပ
ကာသန စိတ်ဖြင့် ငွေကြေးဖြုန်းတီးနေကြ သောသူများမဖြစ်လေရအောင် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်
ကို မြန်မာဆန်ဆန် ကျင်းပသင့်ပါ ပြီ။


ဇင်မာသင်း
Hot News Journal

0 comments:

Post a Comment