Pages

Friday, September 28, 2012

ဆက်သွယ်ရေးလုပ်ငန်း ကျေးလက်ဒေသအထိ ကွန်ရက်ဖြန့်ကျက်ဖို့လို အပ်နေ

စစ်ကိုင်းတိုင်းဒေသကြီးကောလင်းမြို့မှာဆက်သွယ်ရေးစာတိုက်တစ်ခု၊စာတိုက်ရှေ့ရှိစာတိုက်ပုံးတစ်လုံး၊မြန်
မာ့မီးရထားဆက်သွယ်ရေးစာတိုက်(ဘူတာ)နယ်မြေတွင်စာတိုက်တစ်ခု၊ည(၆)နာရီထိသိမ်းဆည်းသောစာ တိုက်ပုံးတစ်ပုံးသာရှိသည်။မြို့ဧရိယာရပ်ကွက်ကြီး ၁၁ ရပ်ကွက် ကျေးရွာအုပ်စု ၄၇အုပ် စု၊ကျေးရွာပေါင်း
၂၁၀တွင် လူဦး ရေ(၁၂၂၄၆၇)ဦးတွင် မြို့နေ ၉၁၉၄   ဦး ကျေးလက်(၁၁၃၂၇၃)ဦးရှိပါ သည်။မြို့လူဦးရေနှင့်
စာတိုက်ပုံး  ထားရှိနှုန်းက အချိုးမကျ၊လွန်စွာ နည်းလှသည်။
ကောလင်းဆက်သွယ်ရေး စာတိုက်၌ စခန်းမှူး ဆသရ(၃)-  ၁ဦး၊ဆသရ(၄)ဦး-၁ဥဦး၊ဆသရ(၅)-၄ဦးဖြင့်ဖွဲ့
စည်း၍ စာဝေ စာမှတ်ပုံတင်ခြင်းကို ဆောင် ရွက်လျက်ရှိပါသည်။စာဝေဌာန ရပ်ကွက်ကလည်း ဘောင်ကျဉ်း
 နေပါသည်။မြို့ပေါ်ရပ်ကွက်အား လုံး စည်ပင်နယ်နိမိတ်အားလုံးကိုစာဝေငှနိုင်အောင်ဝန်ထမ်းအင်အားဖြည့်
ပေးဖို့လိုနေသည်ဟု သိ ရသည်။

ယခု ၂၀၁၁-၂၀၁၂ခုနှစ်တွင်   ပြည်တွင်းပို့ခ ပြည်ပကျပ် ၅၀၀ထိ တိုးမြှင့်ကောက်ခံနေပါပြီ။အခွန် ထမ်းပြည်
သူများဖက်ကလည်း   စာမရေးချင်မရသဖြင့် စာတိုက်  (ဆသရ)ကို အပြေးအလွှားအား ကိုးကြရသည်။

ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ပါမှ ပြည်သူလူထု၏ စီ့း ပွားရေးလိုအင်ဆန်္ဒ ၀န်ဆောင်မှု များဖြည့်စွမ်း
နိုင်ပါမည်။

ဆက်သွယ်ရေး(ကြေးနန်း)  မှ ဖက်စ် FAX တစ်ရွက် (A4) ကို   နှစ်ရာကျပ်၊ (Legal )  တစ်စောင် ကို သုံးရာ
ကျပ်ဖြင့် သတင်းများ   ပေးပို့နေကြရာ တစ်ဖက်မှ လက်ခံ  သောဌာန သတင်းစာတိုက်၊ဂျာနယ်တိုက်၏လက်
ခံနိုင်မှု အခြေအနေအရ စောင့်ဆိုင်းနေ  ကြရသည်။

အချိန်နှင့်တစ်ပြေးညီ စာပို့ လုပ်ငန်း ဖက်စ် Fax ၏၀န်ဆောင် မှုလုပ်ငန်းများ ထက်မြတ်သွက် လက်စေရန် သတင်းမီဒီယာများ က လိုလာနေပြီး ဆက်သွယ်ရေး  လုပ်ငန်း ကျေးလက်ဒေသထိ ကွန်ယက်ဖြင့်ကျက်ဖို့လို
ပြီ ဒေသခံ  များက ပြောကြားသည်။

မင်းချိုဦး
Hot News Journal

0 comments:

Post a Comment