တွင် စက်တင်ဘာ ၂၁ ရက်နေ့က လူငယ်များစွာပါဝင်သည့် ပြည်တွင်းငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်ပွဲ ဖြစ်ပေါ်
ခဲ့သည်။ ယင်းဆန္ဒဖော်ထုတ်ပွဲအတွက် သက်ဆိုင်ရာ၏ ခွင့်ပြုချက်မရခဲ့ခြင်း ကြောင့် ပါဝင်ခဲ့သူကိုးဦးကို အမှုဖွင့်စစ်ဆေးအရေးယူမှုများလည်း ပြုလုပ်လျက်ရှိသည်။
ယင်းဆန္ဒထုတ်ဖော်ပွဲကို ကြည့်ခြင်းအားဖြင့် လူငယ်များကြားတွင် ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားအပေါ်ယုံ
ကြည်မှုများ မြင့်မားလျက်ရှိပြီး အစိုးရ၏ ငြိမ်းချမ်းရေးတည်ဆောက်ရေးဖြစ်စဉ်တွင် တစ်ထောင့်တစ်နေရာ ပါဝင် လိုကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်။
ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု လှိုင်း
ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုမှာ
နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ပထမဦးစားပေး တာဝန်တစ်ခုပင် ဖြစ်သည်။
သူသမ္မတအဖြစ် စတင် တာဝန်ယူပြီး အင်တိုက်အားတိုက် အကောင်အထည်ဖော်ခဲ့သည့်
ကိစ္စလည်းဖြစ်သလို ယခုအစိုးရသက်တမ်းအတွင်းမှာ အောင်မြင်စွာအကောင်အထည်
ဖော်နိုင်ဖို့ မျှော်လင့်လျက် ကြိုးစားလုပ်ဆောင်နေလေသည်။
ပြည်တွင်းငြိမ်းချမ်းရေးရှိမှသာ တစ်နိုင်ငံလုံး တစ်ပြေးညီ
ဖွံ့ဖြိုးတိုးတက်မှုမျိုးရရှိအောင် ဆောင်ရွက်နိုင်မှာ ဖြစ်သည်။
ငြိမ်းချမ်းရေးတည်ဆောက်ရေးဖြစ်စဉ်၏ Road map အတိုင်းဆိုလျှင် ယခုပထမအဆင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ ရလဒ်မှာ ကချင်ပြည်နယ်မှလွဲလျှင်
ကျန်လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်ဆဲရေးသဘောတူစာချုပ်များ
ချုပ်ဆောင်နိုင်အထိ အောင်မြင်ခဲ့ သည်။
အစိုးရနှင့်
လက်နက်ကိုင်အဖွဲ့အစည်းများ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးကိုလိုလားနေသည့်
အချိန်လည်းဖြစ်ရာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အ ပေါင်းလက္ခဏာဆောင်သည့်
အခင်းအကျင်းများ ဖြစ်ထွန်းလာလျက်ရှိလေသည်။ ယခုငြိမ်းချမ်းရေးလိုလားသည့်
လူငယ်များ ဆန္ဒဖော် ထုတ်လိုက်သည့် ပွဲမှာ
ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုလှိုင်းကြီး မြန်မာနိုင်ငံတွင်
စတင်ဖြစ်ထွန်းလာပြီဖြစ်ကြောင်း ဖော်ပြလိုက်သလိုပင်ဖြစ်သည်။
ပကတိအခြေအနေပေါ် ပညာရှင်၏ သုံးသပ်ချက်
ဟိုတလောက
လာရောက်ခဲ့သည့် ကမ္ဘာကျော် နိုင်ငံရေးဘောဂဗေဒပညာရှင် ဖူးကူးယားမား၏ အဆိုအရ
မြန်မာလူ့အဖွဲ့အစည်းသည် လူမှုနိုး ကြိုးမှု အတော်မြင့်သည့်
လူ့အဖွဲအစည်းဖြစ်သည်ဟု သုံးသပ်ခဲ့သည်။ နိုင်ငံ၏
လမ်းကြောင်းအချိုးအကွေ့တိုင်းမှာ ကျောင်းသားလှုပ်ရှားမှုများမှာ အတော် ပင်
နာမည်ကြီးခဲ့သည် မဟုတ်ပါလော။ လူမှုဗေဒပညာရှင်များအဆိုအရ လူမှုနိုးကြားမှု
(Social Mobilization) ကြောင့် လူမှုလှုပ်ရှားမှုများ (Social Movements)
ဖြစ်ပေါ်လာကာ လူ့အဖွဲ့အစည်းအတွင်း အပြောင်းအလဲများ ဖြစ်ပေါ်လာရသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ကျောင်း သားလှုပ်ရှားများမှာ
လူ့အဖွဲ့အစည်းအပြောင်းအလဲကို ဆောင်ကြဉ်းမည့် ရည်ရွယ်ချက်ဖြင့်
လုပ်ဆောင်ခဲ့ကြသည့် လှုပ်ရှားမှုများ ဖြစ်သည်။ သို့သော် ယင်း
လှုပ်ရှားမှုများမှာ ဆင်ခြေမှုအပေါ် အခြေခံခြင်းထက် စိတ်လှုပ်ရှားမှုများဖြင့်
ဆောင်ရွက်ခဲ့ကြသည်ဟု စာရေးသူသုံးသပ်မိပါသည်။
ထိုအတွက်ကြောင့် လှုမှု
လှုပ်ရှားမှုများမှာ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို အမြစ်မှစတင်၍
တော်လှန်ပြောင်းလဲလိုသည့် revolutionary social movement များသာ အဓိက ဖြစ်
ထွန်းခဲ့ပြီး လူ့အဖွဲ့အစည်းအတွင်းထိန်းချုပ်ထားသည့် အကန့်အသတ်ဘောင်များမှ
ပြုပြင်ပြောင်းလဲသွားသည့် reformative social movement မှာတော့ အတော်ကြီး
အားနည်းသည်ဟုဆို၍ ရနိုင်ပါသည်။
အဟောင်း၊ အသစ်နှင့် နည်းလမ်းနှစ်မျိုး
လူမှုလှုပ်ရှားမှုများတွင်
လူမှုလုပ်ရှားမှု ပုံစံအဟောင်းနှင့် လူမှုလှုပ်ရှားမှု ပုံစံအသစ်တို့အပြင်
အကြမ်းဖက်လှုပ်ရှားမှုနှင့် အကြမ်းမဖက်သည့် လှုပ် ရှားမှုဟူ၍
နည်းလမ်းနှစ်မျိုးလည်း ရှိသည်။ လူမှုလှုပ်ရှားမှုပုံစံအဟောင်းမှာ လွန်ခဲ့သည့်
၁၈ ရာစုနှင့် ၁၉ ရာစုလောက်တုန်းက လူ့အဖွဲ့အစည်းအတွင် ဖိနှိပ်ခံနှင့်
ဖိနှိပ်သူများကြား ဆက်ဆံရေးတင်းမာရာမှ ဖိနိုပ်ခံရသူများမှ
ဆောင်ရွက်ခဲ့ကြသည့် လှုပ်ရှားမှုမျိုး ဖြစ်သည်။
ယင်းလှုပ်ရှားမှုများမှာ
ရုပ်ပိုင်း ဆိုင်ရာ ကြွယ်ဝချမ်းသာမှု (materialism) ကိုသာ အဓိကထား
လှုပ်ရှားကြသည့် လက်ဝဲအယူအဆကဲသည့် လှုပ်ရှားမှုများသာ ဖြစ်သည်။ ၁၉၆၀ နောက်
ပိုင်းလောက်မှစတင်၍ အနောက်လူ့အဖွဲ့အစည်းအတွင်း ပေါ်ပေါက်လာခဲ့သည့်
လူမှုလှုပ်ရှားမှုများမှာ ရုပ်ပိုင်းလိုအပ်ချက်များထက်
ငြိမ်းချမ်းရေးလှုပ်ရှားမှု၊ အမျိုးသမီးလှုပ်ရှားမှု၊
သဘာဝပတ်ဝန်းကျင်လှုပ်ရှားမှု၊ ဂလိုဘယ်လိုက်ဇေးရှင်းဆန့်ကျင်ရေးလှုပ်ရှားမှု
အစရှိသည့် အကြောင်းအရာပေါ်၌သာ အလေးထား ဆောင်ရွက်ကြသည့် လူမှုလှုပ်ရှားမှု
ပုံစံအသစ်များသို့ ရွှေ့လျားလာခဲ့သည်။
ယင်းလှုမှုလှုပ်ရှားမှုဖြစ်စဉ်များကို
ဒီမိုကရက်တစ်ဘောင်မှကြည့်လျှင် ယခင် ကိုယ်စားပြုဒီမိုကရေစီ (representative
democracy) ထက် ကိုယ်တိုင်ကိုယ်ကျပါဝင်သည့် (participating democracy)
သို့ ပြောင်းလဲလာပြီဟု သုံးသပ်၍ ရနိုင်ပါသည်။
ဆင်ခြေမှုကို အခြေခံ၍သာ
မြန်မာနိုင်ငံတွင်
ထိုသို့ ကိုယ်တိုင်ကိုယ်ကျပါဝင်သည့် ဒီမိုကရေစီကျင့်သုံးမှုဖြစ်ဖို့
အချိန်အတော်ကြီး ယူရဦးမည်ဖြစ်သည်။ ဒီမိုကရေစီ သက်တမ်း နုနယ်သေးသည့်
ကာလအတွင်း ဆင်နွှဲလိုက်သည့် ဆန္ဒပြပွဲများမှာလည်း တစ်ပွဲပြီးတစ်ပွဲပင်
ဖြစ်သည်။
မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လူမှုနိုးကြားမှု အား ကောင်းသည့်အတွက်
လူမှုလှုပ်ရှားမှုများ ပေါ်ပေါက်လာမည်ဖြစ်သော်လည်း ယင်းလှုပ်ရှားမှုများမှာ
စိတ်လှုပ်ရှားခံစားမှုထက် ဆင်ခြေမှုအပေါ်၌သာ အဓိက တည်မှီနေသင့်ပါသည်။
ပြုလုပ်သွားခဲ့ပြီးသည့် ငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ လူမှုလှုပ်ရှားမှု
ပုံစံအသစ် (new social movement) ကို အကြမ်းမဖက် သည့်အသွင် (non-violence)
ပုံစံဖြင့် ဆောင်ရွက်သွားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်
ပြည်သူအများပါဝင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်မျိုး ပေါ်ပေါက်ဖို့
ပြည်သူတစ်ရပ်လုံး နိုးကြားမှုရှိရန် လိုပါသည်။
ထိုသို့
ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုကို ဆောင်ရွက်ကြရာတွင် အစိုးရရော၊
ပြည်သူများရော စိတ်လှုပ်ရှား မှုအခြေခံထက် ဆင်ခြေမှုအခြေခံဖြင့်
ဆောင်ရွက်ကြမှသာ လိုရာ ထာဝရငြိမ်းချမ်းရေးပန်းတိုင်ကို
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိမည်ဖြစ်ပါကြောင်း တိုက် တွန်းအပ်ပါသည်။
From-TranparencyMyanmarblog
0 comments:
Post a Comment