Pages

Friday, September 28, 2012

အခွင့်အရေးအတွက် တန်းတူမျှော်လင့်ချက်ထားနေဦးမည့် အနွမ်းပန်းဘ၀များ

 
ဘတ်စ်ကားမှတ်တိုင်နားမှာ ထိုင်နေတဲ့ အမျိုးသမီး(၃)ယောက်။  ဘယ် ဘစ်ကားလာလာမလိုက်သွားပဲ ကျီး
ကန်းတောင်းေ မှာက်မျက်လုံးတွေနဲ့ မှတ်တိုင်မှာ ကျောက်ချ နေကြတယ်။အဲ့အထဲမှာ နှစ်ယောက်ကတော့
ဘောင်းဘီရှည်နဲ့တီရှပ်နဲ့တစ်ယောက်ကတော့အ၀ါရောင်ပေါ်မှာပန်းပွင်တွေပုံဖော်ထားတဲ့လုံချည်၊အဖြူရောင်
တီရှပ်နဲ့ပါ၊ သူတို့ရပ်နေတာ နေ့လည် ၁နာရီကတည်း ရပ်နေတာ အခုဆို (၃)နာရီကျော်လောက် ကြာပြီ။
ထမအ၀ါဝတ်ထားတဲ့အသက်(၄၀)အရွယ်ရှိအမျိုးသမီးသည်ဖခင်မဲ့ကလေးငယ်(၆)ဦးကိုတာဝန်ယူ ကျွေးမွေး
နေသည့်မိခင်တစ်ဦးဖြစ်သလိုလူကြီး၊လူငယ်၊လူလတ်နှင့်မရွေးဆက်ဆံနေရသည့်လိင်အလုပ် သမားတစ်ဦး
လည်း ဖြစ်သည်။
 
နောက်နေ့ ဘာစားကြမလဲ။ နောက်နေ့နောက်နေ့ တွေအတွက်  ဈေးဖိုးကို အလျင်မှီအောင်ရှာနိုင်ဖို့ ကျွန်မဒီအလုပ်ကို နေ့တိုင်းလုပ်ဖြစ်တယ်။ဟု အထက်ပါလိင်အလုပ်သမားမသန္တာက ပြောပါတယ်။မသန္တာ
မှာမိသားစုစားဝတ်နေရေးအတွက်နေ့တိုင်းအလုပ်ကိုရင်တထိတ်ထိတ်ဖြင့်ဘုရားတကာလုပ်နေရသည်ဟူ၍
လည်း ဆိုသည်။
 
သူတို့ရဲ့နေ့စဉ်လုပ်ငန်းခွင်ဖြစ်သောအင်းလျားကန်ဘောင်နားကပြည်လမ်းမကြီးအပေါ်တွင်ဝမ်းရေးအတွက်
 နေ့စဉ်လုပ်ငန်းခွင်ဆင်းနေရခြင်းဖြစ်သည်။ယင်လုပ်သားတွေကိုဖမ်းဆီးဖို့ရဲများကလည်း၎င်းတို့နှင့် ခပ်လှမ်း လှမ်းတွင် အရန်သင့် စောင့်နေကြသည်။
                
အလုပ်လုပ်၍ရသောပိုက်ဆံများကိုအလကားလိုချင်သည့်ဖမ်းဆီးရဲများကလိင်လုပ်သားဆီက အကြပ်ကိုင်
ငွေညစ်တောင်းနေတာကိုလည်းကျွန်တော်တို့မကြာခဏတွေ့ဖူးကြသည်။ တစ်ခါတစ်ရံ ပိုက်ဆံတစ်ခုတည်း ပင်မဟုတ် လိင်ပိုင်းဆိုင်ရာဖျော်ဖြေမှုကိုလည်း အနိုင်ကျင့်တောင်းယူလေ့ရှိကြောင်း လိင်လုပ်သားများထံက သိရသည်။
 
ထို့အပြင် သူတို့၏ ဧည့်သည်များကလည်း မကြာခဏဆိုသလိုပင် အမျိုးသား ၄၊ ၅ ဦးဖြင့် တပြိုင်တည်း လိင်ဆက်ဆံခံရသည့်အဖြစ်မျိုးလည်း ကြုံတွေ့နေရတက်သည်ဟု သိရသည်။
 
ယင်းသို့ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုမျိုးနှင့် တွေ့ကြုံလာသည့် အချိန်မျိုးတွေ အားကိုးရာမယ့် တိုင်ကြားမည့် ဌာနမည်ကာမရှိသဖြင့်သူတို့အတွက်ကာကွယ်ပေးနိုင်မည့်အခွင့်အရေးလေးတွေလိုချင်သည်ဟု မသန္တာက
ပြောသည်။
 
မိန်းမလိင်လုပ်သားတွေဟာ ရန်ကုန်မြို့ရဲ့အင်းလျားကန် ပြည်လမ်းမပေါ်မှာတင် အယောက်(၃၀)(၄၀) ခန့် ရှိနေပြီး၊ပန်းဆိုးတန်း၊လမ်းလေးလမ်းများနှင့် မင်္ဂလာဈေးနားတွေ သာမက တခြား KTV ၊ အနှိပ်ခန်းများတွင် အလုပ်လုပ်ကိုင်နေသည့်ပြည့်တန်ဆာလိင်လုပ်သားများသည်ရန်ကုန်မြို့တွင်းတွင်အယောက်(၃၀၀၀)ကျော်
ရှိသည်ဟူ၍လည်း သိရသည်။
 
ယင်းသို့ ရန်ကုန်မြို့တွင်းတွင် ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် လွတ်လပ်စွာ လုပ်ကိုင်ခွင့်ကို လိုလား လာကြသည်ကို မင်္ဂလာဈေးနီးရှိ မိန်းမလိင်လုပ်သား (၃၀)ကျော်၏ ခေါင်းဆောင်က ပြောသည်။
 
တခြားနိုင်ငံတွေမှာတရားဝင်လုပ်နေကြပေမဲ့ဒီမှာတော့တရားမ၀င်လုပ်ကိုင်နေရပါတယ်၊ဒါပေမဲ့သူတိုတွေ 
လည်းသိကြပါတယ်၊ရဲတွေကို ကျွန်မတို့ အလုပ်အတွက် တစ်နေ့ ပိုက်ဆံတစ်သိန်းလောက် ပေးနေရတယ်။ဟု ၎င်း ခေါင်းဆောင်ဖြစ်သူ သက်လက်ပိုင်း အရွယ်အမျိုးသားတစ်ယောက်က ပြောသည်။
 
နိုင်ငံတော်မှလည်းလိင်လုပ်သားများပပျောက်စေရန်အတွက်လွန်ခဲ့သော၁၉၄၉ ခုနှစ်က ပြည့်တန်ဆာ နှိပ်
ကွပ်ရေး အက်ဥပဒေကို ပြဌာန်းခဲ့ပါသည်။
 
ယခင်ကလိင်လုပ်သားများကိုတစ်နှစ်ထက်မပိုသည့်ထောင်ဒဏ်ချမှတ်နိုင်ခဲ့ပြီးယခုအချိန်တွင်မူ(၃) နှစ်ထက်
မပိုသည့်ထောင်ဒဏ်ချမှတ်ကြောင်း သိရသည်။
 
အချို့လိင်လုပ်သားများသည် ယင်းလုပ်ငန်းများ၌ မပျော်မွေ့သော်လည်း အိမ်ထောင်ဦးစီးကဲ့သို့ တာဝန်ယူ ထားရသဖြင့် မိသားစု စားဝတ်နေရေးလောက်ငှနိုင်ရန်လုပ်နေရခြင်းဖြစ်ကြောင်း သိရသည်။“ကျွန်မတို့ တစ်
ညကိုအနည်းဆုံးနှစ်ယောက်လောက်နဲ့အိပ်ရတယ်။နှစ်ယောက်ဆိုတော့ တစ်သောင်းကျော်တော့ ရတယ်။
ဟုမင်္ဂလာဈေးအနီးရှိလိင်လုပ်သားလုပ်ကိုင်နေသူမငယ်ကညည်းညူစွာပြောဆိုနေသည်။ သူမမှာ လေဖြတ်
နေသည့် မိခင်နှင့် ကလေးတစ် ယောက်အား ရှာဖွေကျွေးမွေးနေရသူ ဖြစ်သည်။
 
မြန်မာပြည်အနေဖြင့် မိန်းမလိင်လုပ်သားများအတွက် ပြဌာန်းထားသောအက်ဥပဒေအား ပြောင်းလဲရန်အ
တွက်လွှတ်တော်တွင်း၌မိန်းမအရေအတွက် အားနည်းနေသေးတာကြောင့် ဆွေးနွေးနိုင်ရန်မဖြစ်နိုင်သေး
ကြောင်းကို အင်ဂျန်းယန်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူကပြောသည်။
 
အဲ့ဥပဒေပြောင်းလဲဖို့ဆိုတာကတော့မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့အားလုံးအေးဆေးဖြစ်သွားရင်တော့ ဆွေးနွေး
နိုင်ပါလိမ့်မယ်ဟု ဒေါ်ဒွဲဘူကဆက်ပြောသည်။မြန်မာနိုင်ငံအနေဖြင့် မိန်းမလိင်လုပ်သားများအခွင့်အရေးအ
တွက်မူ ဘာသာရေးနှင့် ယဉ်ကျေးမှုများကြောင့်ဖြစ်နိုင်ရန် ခက်ခဲနိုင်ကြောင်းကိုလည်းကိုလည်း သိရသည်။
 
အိမ်နီးနားချင်းနိုင်ငံဖြစ်သောထိုင်းနိုင်ငံမူမိန်းမ၊ယောက်ျားလိင်လုပ်သားများအတွက်အခွင့်အရေးများပေးထား
ပြီးထိုအလုပ်ကိုလုပ်ကိုင်ကျသူများမှာလည်းမွန်မြတ်သောအလုပ်အဖြစ်ဂုဏ်ယူလျက်ရှိကြကြောင်းကိုလည်းသိ
ရသည်။
 
ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းမှလည်းလိင်လုပ်သားများအားကျန်းမာရေးစောင့်ရှောက်မှုအပြည့်
အ၀ပေးသင့်ကြောင်းထောက်ပြ ပြောဆိုသည်။
 
``သူတို့ကိုလိုင်စင်တွေချပေးလိုက်မယ်ဆိုရင်မြန်မာ့ယဉ်ကျေးမှုနဲ့ကိုက်ညီပါ့မလားဆိုတော့လူတွေကမြန်မာ
ယဉ်ကျးမှုမြန်မာ့ယဉ်ကျေးမှုနဲ့သာပြောနေကြတာလေ၊အခုဆိုရင် ယဉ်ကျေးမှုက ပေါင်းစုံဝင်လာနေကြတာ
အဘက်ဘက်ကစဉ်းစားပြီးတော့အကျိုးရှိမယ်ဆိုရင် လိုင်စင်တွေချပေးသင့်တယ်´´ဟု ဒေါ်ဖြူဖြူသင်းက
ဆက်လက်ပြောသည်။
 
မြန်မာလိင်လုပ်သားများကွန်ရက်ကဥက္ကဌဒေါ်နှင်းနှင်းယုလည်းမြန်မာနိုင်ငံရှိလိင်လုပ်သားများအားလူ့အခွင့်
အရေးများကိုတန်းတူ ရစေချင်ကြောင်းကိုလည်း ပြောခဲ့သည်။
 
“HumanRightတဲ့သူတို့လည်းရသင့်တာပေါ့လေပိုပြီးတော့ထူးခြားပြီးတော့တော့ မလိုချင်ပါဘူးအခုလက်ရှိ
ရှိနေတဲ့လူအခွင့်အရေးပါလို့ ပြောတဲ့ လူအခွင့်အရေးတွေနဲ့ တန်းတူရစေချင်တယ်။ဟု သူမက ဆိုသည်။
 
လိင်လုပ်သားများအားဖမ်းဆီးနိုင်သော ပုဒ်မ ၃(ခ) မှာ ဧည့်သည့်နှင့်တွဲလျက်တွေ့မှ ဖမ်းဆီးနိုင်သော်လည်း ၎င်းတို့ဧည့်သည်ရှာနေချိန်လမ်းသွားချိန်များတွင်လည်းဖမ်းဆီးမှုများရှိနေသောကြောင့်အဆိုပါ ဥပဒေများကို
ပြင်ဆင်လိုကြောင်း သိရသည်။
 
အင်းလျားကန်တ၀ိုက်မှလိင်လုပ်သားဒေါ်သန္တာကတော့သူမသည်အသက်အရွယ်ရလာပြီး အခြားအလုပ်များ မလုပ်နိုင်တော့သဖြင့်လိင်လုပ်သားအဖြစ်သာဆက်လုပ်မည်ဖြစ်ကြောင်း ပြောသည်။ကျွန်မကတော့ ဒီလော
ကထဲမှာဒီတိုင်းပဲရပ်တည်သွားရမှာပဲ၊ကျွန်မတို့အတွက်အခွင့်အရေးလေးတွေရလာရင်တော့ ၀မ်းသာမိမှာ
ပါ။ဟု သူမက ဆိုသည်။
 
ဆက်လက်၍ပြည်လမ်းကြီးရှိနေသမျှအနွမ်းပန်းဟုလူအများသတ်မှတ်ခံ အမျိုးသမီးလိင်လုပ်သားများအနေ
ဖြင့်လည်း ရှာဖွေစားသောက်နေကြဦးမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
 
 
မြစ်မခ 

0 comments:

Post a Comment