Pages

Friday, September 28, 2012

လွှတ်တော်ကိုယ်စားလှယ်များပင် စစ်ဆေးမေးမြန်းမှုခံနေရသည့် ဧရာဝတီတိုင်း

 
ဧရာဝတီတိုင်းလွှတ်တော်အတွင်းအဆိုတင်သွင်းမေးမြန်းခဲ့သောလွှတ်တော်ကိုယ်စားလှယ်အချို့မှာစစ်ဆေး
မေးမြန်းမှုများနှင့်ကြုံတွေ့ ခဲ့ရသည်ဟု တိုင်းလွှတ်တော်ဥက္ကဌဦးဆန်းဆင့်က ဆိုသည်။စက်တင်ဘာလ(၂၄)
ရက်နေ့ ဧရာဝတီတိုင်းတိုင်း လွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပသော တိုင်းလွှတ်တော် အထူးကိစ္စ ရပ်များဆိုင်ရာအစည်းအဝေးတွင် တိုင်းလွှတ်တော်ဥက္ကဌက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ပြောဆိုရာတွင်ရဲတပ်ဖွဲ့ဝင်များအက်ဥပဒေပုဒ်မ(၃၅)ကိုပြဌာန်းချက်အတိုင်း အရေးယူဆောင်ရွက်ရန်
အဆိုကိုတင်သွင်းခဲ့သောမြောင်းမြမဲဆန္ဒနယ်(၁)ကိုယ်စားလှယ်ဦးပြုံးချို၏ ကိုယ်ရေးအချက်အလက်များကို
ဆွေးနွေးပြီးနံနက်(၂)နာရီခွဲတွင်မြောင်းမြပြည်ခိုင်ဖြိုးအတွင်းရေးမှူးအိမ်တွင် သွားရောက်မေးမြန်းစစ်ဆေး
ခြင်းခံခဲ့ရကြောင်း သိရှိရသည်။

အလားတူ လ၀က ၀န်ထမ်းအချို့မှ သန်ခေါင်စာရင်းတစ်စောင်အား ကျပ်(၅၀၀)(၁၀၀၀) တောင်းသည့် ကိစ္စကိုမေးခွန်းမေးမြန်းရန်ပြင်ဆင်ထားစဉ်ငပုတောကိုယ်စားလှယ်ဦးအေးကြည်ကိုလည်း စစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့ကဘာကြောင့် ထိုကဲ့သို့ မေးခွန်း မျိုးမေးမြန်းရသည်ဆိုသည်ကို ဖိအားပေး စစ်ဆေးခံခဲ့ရမှုများလည်း ရှိကြောင်း တိုင်းဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
 
ဧရာဝတီတိုင်းအတွင်းတွင်ထိုကဲ့သို့နောက်ယောင်ခံစစ်ဆေးမှုများအားသတင်းသမားများနှင့်လူ့အခွင့်အရေး
လှုပ်ရှားသူများလည်း ပြုလုပ်ခြင်းခံနေရကြောင်း သိရှိရသည်။
 
 ကျွန်တော်ဆို အိမ်မှာ မရှိတဲ့အချိန် မိသားစုဆီကို နယ်ထိန်းရဲတစ်ယောက်ကလာပြီးတော့ မှတ်ပုံတင် နံပါတ်တွေ သန်ခေါင်စာရင်းတွေ ယူသွားတာမျိုး လုပ်တဲ့အထိရှိတယ်ဟု ပြည်တွင်းပုံနှိပ်မီဒီယာတစ်ခုတွင် လုပ်ကိုင် နေသူ နယ်သတင်းထောက်တစ်ဦးက ပြောသည်။
 
ကျွန်တော်လည်းထစ်ခနဲရှိအိမ်နားကိုရဲတွေကင်းပုန်းချပြီးစောင်ခိုင်းတာမျိုးတွေခဏခဏကြုံရတယ်ဟုလူ့
အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက်(HRWDN)ခေါင်းဆောင်တစ်ဦးဖြစ်သည့်ကိုမြင့်နိုင်ကလည်း
 ပြောသည်။
 
ထိုကဲ့သို့ဖြစ်ရပ်များကိုဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌကမိမိကိုယ်တိုင်ကျုံပျော်၊ ကန်ကြီးဒေါင့်၊ ရေကြည်ခရီး
စဉ်များတွင်ရဲနယ်ထိန်းကမိမိ၏အပြန်တွင်ဒီပုဂ္ဂိုလ်ကြီးဘာလာလုပ်သလဲ၊ဘာပြောသွားသလဲဟုမေးမြန်း ခြင်း
များရှိနေသည်ဟူ၍လည်း ကြားရကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုထားသည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၃၅၃)မှာတော့မည်သူ့ကိုမှတည်ဆဲဥပဒေနှင့်အညီမှတစ်ပါးအသက်ကိုဖြစ်စေ
၊ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုကိုဖြစ်စေနစ်နာဆုံးရှုံးမှုမရှိစေရဆိုတာပါတဲ့အတွက်ဒီလုပ်ရပ်တွေဟာအခြေခံဥပ
ဒေနဲ့ငြိနေတယ်ဆိုတာလုပ်ဆောင်နေတဲ့အဖွဲ့အစည်းတွေအနေနဲ့သိထားသင့်ပါတယ်ဟု ဧရာဝတီတိုင်းဒေ
သကြီးလွှတ်တော် ဥက္ကဌဦးဆန်းဆင့် က ပြောကြားခဲ့သည်။
 
ဧရာဝတီတိုင်းလွှတ်တော်သည်တိုင်းဝန်ကြီးချုပ်ဦးသိန်းအောင်နှင့်ဝန်ကြီးဦးသန်းထွန်းတို့ကိုပြီးခဲ့တဲ့လအတွင်း
ကပြုလုပ်ခဲ့တဲ့အစည်းအဝေးတွင်စွပ်စွဲပြစ်တင်မှုလုပ်ခဲ့ပြီးလွှတ်တော်ကိုတောင်းပန်စေခဲ့သော်လည်း အဆိုပါ
(၄)ရက်ကြာပြုလုပ်ခဲ့တဲ့အစည်းအဝေးကိုတိုင်းဝန်ကြီးချုပ်ကတစ်ရက်မှ တက်ရောက်ခဲ့ခြင်းမရှိသည့်အတွက် ထိုကိစ္စကို မကြာမီကျင်းပမည့်လွှတ်တော်အစည်းအဝေး တွင်ပြုလုပ်စေရန် ဆုံးဖြတ်ထားကြောင်းကိုလည်း တိုင်းလွှတ်တော်မှ တာဝန်ရှိသူများထံက သိရှိရသည်။
 
 
မြစ်မခ

0 comments:

Post a Comment